ခိုးဝင်တဲ့ မြန်မာ ၆၁ ယောက် အဖမ်းခံရ

Friday, April 29, 2011

(ဓာတ်ပုံ - Manager Online)

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကနေ တဆင့် ဘန်ကောက်မြို့ကို အလုပ်သွားလုပ်ဖို့ ကြိုးစားနေကြတဲ့ အမျိုးသမီး၊ အမျိုးသား ၆၁ ယောက်ကို ထိုင်း အာဏာပိုင်တွေက မနေ့က ဖမ်းဆီး လိုက်တယ်လို့ ထိုင်းဘာသာနဲ့ ရေးသား ထားတဲ့ မန်နေဂျာ အွန်လိုင်း (Manager Online) အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အမျိုးသား ၅၆ ယောက်၊ အမျိုးသမီး ၅ ယောက်နဲ့ အတူ ဘန်ကောက်မြို့ကို ဦးတည် သွားဖို့ ကြိုစားနေတဲ့ အချိန်မှာ ထိုင်း အာဏာ ပိုင်တွေရဲ ဖမ်းဆီးမှုကို ခံလိုက်ရတာပါ။ အဖမ်းခံရတဲ့ သူတွေကတော့ မြန်မာနဲ့ ကရင်တိုင်းရင်းသားတွေ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာပြည်သားတွေကို ထိုင်း အာဏာပိုင်တွေက စစ်ဆေးတော့ တရားဝင် စာရွက်စာတမ်းတွေ မရှိတဲ့အတွက် အားလုံးကို မဲဆောက် မြို့မှာ ရှိတဲ့ လူဝင်မှု ကြီးကြပ်ရေး (လ၀က) အချုပ်က မြ၀တီမြို့ တဖက်ကမ်းသို့ ပို့ဆောင်သွားမယ်လို့ ဆိုပါတယ်။

ဒီလို အဖမ်းခံရတဲ့ အမျိုးသား၊ အမျိုးသမီးတွေက ကယ်ရီနဲ့ လာသလားဆိုတာကို မသိသေးဘူး၊ ဒါပေမယ့် ကယ်ရီနဲ့ လာတယ် ဆိုရင်တော့ အဖမ်းလည်း ခံရပြီး ပိုက်ဆံလည်း ရှုံးသွားနိုင်ပါတယ်။ ဘန်ကောက်ကို သွားဖို့ လူတယောက်ကို ကယ်ရီခ ဘတ်ငွေ အနည်းဆုံး (၁၆၀၀၀) လောက် ပေးရတယ်လို့ သိရပါတယ်။ တချို့ကယ်ရီတွေကတော့ အဖမ်းခံရတဲ့ လူတွေကို အကူအညီပေး တာ ရှိပါတယ်။ ကယ်ရီအားလုံးတော့ မဟုတ်ဘူး။

မြန်မာပြည် စစ်အစိုးရလက်အောက်မှာ စားဝတ်နေရေး ကျပ်တည်းနေတဲ့ အတွက် အိမ်နီးချင်းနိုင်ငံတွေကို နည်းမျိုးစုံနဲ့ ဝင်ရောက် လာတဲ့ မြန်မာနိုင်ငံသားတွေ ရှိနေဆဲပါပဲ။ အခက်အခဲ မျိုးစုံ တွေ့ရပေမယ့် အဆင်ပြေလိုပြေငြား စွန့်စားကြရပြီး အခုလို ဒုက္ခရောက် ကြရ၊ မျက်နှာငယ်ကြရတာလည်း ရှိပါတယ်။

သန်းထိုက်ဦး

9 comments :

  1. Anonymous said... :

    ဧရာဝတီ ရေး တစ်ခုလောက်မေးချင်းတယ်သတင်းထဲမှာ မြန်မာနင့် ကရင်တိုင်းရင်သားလို့ ရေးထားတာ တွေ့ပါတယ် ဗမာလူမျိုးကို မြန်မာလို့ဆိုလို့ပြီး ကရင်လူမျိုးတွေကို ကရင်တိုင်းရင်းသားလို့သုံးနှုန်းထားတာကိုတွေ့ရပါတယ်. မြန်မာပြည်မှာ တော်တော်များများ ဗမာလူမျိုးတွေက ကိုယ်ကိုယ် မြန်မာလို့ပြောပြီး အခြားလူမျိုးတွေကြတော့ တိုင်းရင်သားလို့သုံးနုန်းထားတာကိုတွေ့ရပါတယ်.ဗမာလူမျိုးကော တိုင်းရင်းသားဘဲမဟုတ်ဘူးလား.ကရင်လူမျိုးတွေက မြန်မာထဲမှာ မပါဘူးလား.ဒါမှမဟုတ် ဗမာလူမျိုးတွေက ကိုယ်ကိုယ် မဟာလူမျိုးကြီးဝါဒ စနစ်သုံးနေတာလား....အဲဒါကိုသုံးသပ်စဉ်းစားသင့်ပါတယ်.. အသုံးနုန်းကို စဉ်းစားသင့်ပါတယ်..တိုင်းရင်းသားလူမျိုးများ အကြောင်းကို မသိယင် ပြန်သင်လိုက်အုံး.. ကချင်.ကယာ. ကရင်.ချင်.မွန်. ဗမာ ရခိုင်.ရှမ်း

  1. Anonymous said... :

    ဆရာရေ..
    သေချာစဉ်းစားပီး ဖတ်ကြည့်ပါဦး.သတင်းရေးတဲ့အခါမှာ ပိုမိုတိကျအောင်
    ကရင် ဗမာခွဲပီး ရေးတာဟာ အပြစ်ပြောစရာမရှိပါဘူး..မြန်မာပြည်ထဲမှာက
    ဗမာလူမျိုးစုက များနေလို့ "ဗမာ"လို့ အထူးတလည် မသုံးနှုန်းတာဖြစ်ပါလိမ့်မယ်..အဲလိုသာ ပြောကြမယ်ဆိုရင် ဘန်ကောက်ရောက်နေတဲ့ကရင်လူမျိုးစုတွေကရော သူတို့ကိုယ်သူတို့ ငါတို့ဟာ မြန်မာလူမျိုးတွေပါလို့ ရဲရဲဝံ့ဝံ့ပြောတဲ့လူ ဘယ်နှစ်ယောက်ရှိသလဲ မေးကြည့်စေချင်ပါတယ်..ကျွန်တော်ကလည်း ဧရာဝတီသတင်းထောက်မဟုတ်ပါဘူး..အရှိကို အရှိတိုင်း ပြောပြတာပါ လွန်တာရှိ ၀န္ဒာမိပါဆရာရေ...လေးစားစွာဖြင့် ရွှေမြန်မာ

  1. Anonymous said... :

    ရေးတဲ့လူ က ကရင်စစ်စစ်ဗျ... ရေမရောဘူး။။

  1. Anonymous said... :

    ဗမာနဲ.မြန်မာ ကို အစိုးရ ကိုယ်တိုင် က ရှုပ် အောင် လုပ် ထား တာလည်း တွေ.ရတယ်။ လွတ်လပ်ရေးရစဉ်က ဗမာလူမျိုး ရာခိုင်နှုံးများ လို.သာ ဗမာစာကို ရုံးသုံး အဖြစ် လက်ခံ ခြင်းဖြစ်တယ်။ ဗမာ လည်းတိုင်းရင်းသား တစ်မျိုးပါ။
    ကချင်+ကယား+ကရင်+ချင်း+မွန်+ဗမာ+ရခိုင်+၊ရှမ်း = မြန်မာ
    ဗမာ = ၁၂.၅%မြန်မာ(ယခုမျက်မှောက်)

  1. Anonymous said... :

    ဟုတ်ပ ကရင်ကြီးရေးလို့သာတော်တော့တယ်အညာသားများရေးမိရင်ဒုက္ခမဟုတ်တဲ့နေရာမှာများစေ့စပ်ချက်ကတော့လွှတ်ကုန်ပါဘဲ၊စိုက်လိုက်မတ်တတ်ကိုစေ့စပ်နေလိုက်တာ။

  1. Anonymous said... :

    သူတို့ကို ဗမာလို့ မှားသုံးရင်စိတ်ဆိုးတဲ့တိုင်းရင်းသားက ရှိသေးတယ်ဗျ
    မြန်မာ ပြည်ကလား လို့မေးလို့တဲ့ မဟုတ်ဘူး ကျုပ်က ကရင် တဲ့
    ဆေးခြောက်မိပြီးဖမ်းတော့ ဗမာ ဖြစ်သွားတယ် ...။

  1. Anonymous said... :

    ဗမာနဲ.မြန်မာ ကို အစိုးရ ကိုယ်တိုင် က ရှုပ် အောင် လုပ် ထား တာလည်း တွေ.ရတယ်။ လွတ်လပ်ရေးရစဉ်က ဗမာလူမျိုး ရာခိုင်နှုံးများ လို.သာ ဗမာစာကို ရုံးသုံး အဖြစ် လက်ခံ ခြင်းဖြစ်တယ်။ ဗမာ လည်းတိုင်းရင်းသား တစ်မျိုးပါ။
    ကချင်+ကယား+ကရင်+ချင်း+မွန်+ဗမာ+ရခိုင်+၊ရှမ်း = မြန်မာ
    ဗမာ = ၁၂.၅%မြန်မာ(ယခုမျက်မှောက်)

  1. Anonymous said... :

    ဗမာဆိုတာ တိုင်းပြည်ဖြစ်တယ် မြန်မာဆိုတာလူမျိုးဖြစ်တယ် လွတ်လပ်ရေးရပြီးရော မရခင်ရောခေါ်ခဲ့တာ Burma ယခင်တကည်းက ဗမာလို့ပြောလိုက်ရင် နိုင်ငံနဲ့ယှဉ်ပြီးသိတယ် မြန်မာဆိုတာ မြန်တယ် မာတယ်ဆိုတဲ့ သဘောကိုဆောင်တဲ့ လူမျိုးဒါကြောင့် မြန်မာက လူမျိုး ဗမာက တိုင်းပြည် ။တိုင်းပြည်လွတ်လပ်ရင် အမှန်အတိုင်းပြန်ပြီး ပြောင်းခွင့်ရှိတယ် နေ၀င်းရှုပ်ခဲ့တဲ့ အရှုပ်တွေ
    အပေါ်က သူငယ်ချင်းပြောတယ်မှန်တယ် ဘယ်ကလာသလဲဆိုရင် ချင်းနိုင်ငံက လာတယ်တဲ့ အမေရိကန်အ၀င်က I 94 ဆိုတဲ့ ကဒ်မှာတော့ မြန်မာ သို့ မဟုတ် ဘာမားလို့ရေးထားတော့ လူဝင်မှုကလူတွေက မင်းတို့တိုင်းပြည်မရှိပါလား ဒီမှာ ဘားမားလို့ရေးထားတယ်ဆိုတော့ အဲ ဟို လို လို ဒီိလိုလိုဖြစ်ကုန်ရော ထိုင်းမှာလဲ ဒီလိုပဲ ဒီအတိုင်းနေရင်တော့ ကရင်ဆိုပြီး ထိုင်းနဲ့ပေါင်းပြီး ကရင်မဟုတ်သူတွေကိုရော ပြသနာရှာတယ် မူးယစ်ဆေးလဲမိရော ဖမ ဗမာဖြစ်သွားတယ် လက်တွေ့ လက်တွေ့ မရိုးသားမှုတွေ ကိုယ် ကိုတိုင်က ခံယူချက်ပြည့်ဝရင် မှားလဲ ဒါ မှန်လဲဒါ ဖြစ်ရမယ်

  1. Anonymous said... :

    ဗမာကို မြန်မာလို့ မသုံးနှုံးစေချင်ပါ။ အန်တီစုကိုယ်တိုင်လည်း သုံးနှုံးထားတာ တွေ့ရပါတယ်။ တိုင်းပြည်ကြီးကို မြန်မာပြည်လို့ ခေါ်တဲ့အတွက် တိုင်းပြည်အထဲမှာ နေတဲ့သူတွေကို မြန်မာပြည်သူပြည်သားတွေလို့ ခေါ်တယ်လို့ မှတ်ယူပါတယ်။ တခြား ညီအစ်ကိုမောင်နှမတွေ ပြောသလိုပဲ တိုင်းပြည်ကြီးထဲမှာက ဗမာတွေချည်း နေတာမဟုတ်ပါ။ ဗမာကိုလည်း မြန်မာ၊ ကရင်ကိုတော့ ကရင်ဆိုရင် ဒါဟာ သွေးတိုးပေးရာ ရောက်ပါတယ်။ ဗမာလူမျိုးကို ဗမာလို့ပဲ သုံးနှုံးစေချင်ပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved