သမ္မတ အကြံပေးအဖွဲ့

Saturday, April 30, 2011

သမ္မတ ဦးသိန်းစိန်ကို နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာတို့အတွက် အကြံပေးအဖွဲ့ကို အဖွဲ့ဝင် ၉ ဦးနဲ့ ဖွဲ့စည်းလိုက်ပါတယ်။ စီးပွားရေး အကြံပေးအဖွဲ့တွင် ဒေါက်တာ ဦးမြင့်၊ ဦးဆက်အောင်၊ ဒေါက်တာ တင်လှဗိုလ်၊ နိုင်ငံရေး အကြံပေးအဖွဲ့တွင် ဦးကိုကိုလှိုင်၊ ဒေါက်တာ နေဇင်လတ်၊ ဦးရဲတင့်၊ ဥပဒေ အကြံပေးအဖွဲ့တွင် အငြိမ်းစား ရဲမှူးကြီး စစ်အေး၊ ဒေါ်ခင်မျိုးမြင့်၊ ဦးသန်းကျော် တို့ ဖြစ်ပါတယ်။

ဒေါက်တာ ဦးမြင့်


ရန်ကုန် တက္ကသိုလ်မှ BA (အင်္ဂလိပ်စာပေ၊ နိုင်ငံရေးသိပ္ပံနှင့် ဘောဂဗေဒ) ဘွဲ့ကို လည်းကောင်း၊ ကောနဲလ်တက္ကသိုလ်မှ MA (ဘောဂဗေဒ) ဘွဲ့ကို လည်းကောင်း၊ အမေရိကန် ပြည်ထောင်စု ဘာကလေရှိ ကာလီဖိုးနီးယား တက္ကသိုလ်မှ PhD (ဘောဂဗေဒ) ကို လည်းကောင်း အသီးသီး ရရှိခဲ့။

ရန်ကုန် စီးပွားရေး တက္ကသိုလ် သုတေသန လုပ်ငန်းဌာနတွင် လည်းကောင်း၊ ဘောဂဗေဒ ဌာနတွင် ကထိက အဖြစ် လည်းကောင်း၊ ရန်ကုန် ပညာရေး တက္ကသိုလ် ဘောဂဗေဒ ဌာနတွင် ကထိက၊ ဌာနမှူး အဖြစ် လည်းကောင်း၊ နိုင်ငံခြားရေး ဝန်ကြီး ဌာန စီးပွားရေး ဌာနခွဲတွင် ညွှန်ကြားရေးမှူး အဖြစ် လည်းကောင်း တာဝန်များ ထမ်းဆောင်ခဲ့။

ကုလသမဂ္ဂ အဖွဲ့ကြီးတွင် ဝန်ထမ်း အဖြစ် လည်းကောင်း၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အခြေစိုက်သည့် ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေး ကော်မရှင် (အာရှနှင့် ပစိဖိတ်ဒေသ) ၏ ဖွံ့ဖြိုးမှု အနည်းဆုံးသော နိုင်ငံများ၏ သုတေသနနှင့် ဖွံ့ဖြိုးရေး မူဝါဒများ လေ့လာဆန်းစစ်ရေး ဌာနခွဲမှူး အဖြစ် လည်းကောင်း၊ အထက်တန်း စီးပွားရေး ပညာရှင် အဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့။

စီးပွားရေး သုတေသန စာတမ်းများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ ဆွေးနွေးပွဲများနှင့် အလုပ်ရုံ ဆွေးနွေးပွဲများ အတွက် အထောက်အကူပြု စာတမ်းများ၊ အာရှနှင့် ပစိဖိတ်ဒေသ၏ စီးပွားရေးနှင့် လူမှုရေး စစ်တမ်း စာစောင်များ ပြုစု ရေးသားခဲ့။ ( ဒေါက်တာ ဦးမြင့်အကြောင်း အသေးစိတ်ဖတ်ရန် )


ဦးဆက်အောင် (ခ) ဝင်စတန် ဆက်အောင်

(ဓာတ်ပုံ - Eleven News)



ဦးဆက်အောင် ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြထားချက် (I am finalizing two research papers that should be completed by the end of January 2010. I still have to go through series and series of meetings. Burning the midnight oil seems to be not enough. I'm wondering which one should further be burnt.

I am a researcher cooperating with several international/regional academic and research institutes in conducting researches on transboundary issues and informal economy of the Greater Mekong Sub-region. I am currently writing papers for the University of Tokyo, Japan, Institute of Asian Studies of Chulalongkorn University, Bangkok, Thailand, and Research Institute on Contemporary South East Asia, France, and Institute for Security and Development Policy, Sweden.) ( ဦးဆက်အောင် အကြောင်း အသေးစိတ် ဖတ်ရန် )

ဒေါက်တာ တင်လှဗိုလ်
( မသိရသေး )

ကိုကိုလှိုင်


(ဓာတ်ပုံ - Flower News)

ဦးကိုကိုလှိုင်သည် ၁၉၉၁ ခုနှစ်မှ ၂ဝဝ၄ ခုနှစ်ထိ စစ်ဦးစီး(ပထမတန်း) သုတေသနအဖြစ် နိုင်ငံတာဝန်များ ထမ်းဆောင်ခဲ့ဖူးပြီး ၂ဝဝ၄ ခုနှစ်မှ ယနေ့အထိ အကြံပေးအရာရှိ အဖြစ် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၊ ပြန်ကြားရေး ဝန်ကြီးဌာနတွင် တာဝန် ထမ်းဆောင်။

ဒေါက်တာ နေဇင်လတ်


၁၉၈၀ ပြည့်နှစ်တွင် ဗိုလ်လောင်းသင်တန်း အပတ်စဉ် (၆၁) သို့ တက်ရောက်ခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် အမှတ် (၉၀၁) စစ်မြေပြင် အင်ဂျီနီယာ တပ်ခွဲ၌ တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၈၃ ခုနှစ်တွင် ကာကွယ်ရေး ဝန်ကြီးဌာန၊ စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး၌ တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ်တွင် အမှတ် (၉၅၅) စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းတွင် တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် ဗိုလ်ကြီးအဆင့်ဖြင့် တပ်မတော်မှ အငြိမ်းစားယူခဲ့သည်။ ( ဒေါက်တာ နေဇင်လတ်အကြောင်း အသေးစိတ် ဖတ်ရန်)

ဦးရဲတင့်

ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး

အငြိမ်းစား ရဲမှူးကြီး စစ်အေး

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ နိုင်ငံဖြတ်ကျော် မှုခင်းဌာန၊ ဌာနမှူး

ဒေါ်ခင်မျိုးမြင့်
( မသိရသေး )

ဦးသန်းကျော်
(မသိရသေး)

3 comments :

  1. Anonymous said... :

    ဘယ်သူတာဝန်ခံမှာလဲ
    တိုင်းရင်းသားအဖွဲ့တွေကို စစ်တိုက်မယ်လို့သိရပါတယ် အဲဒီဆုံးဖြတ်ချက် ဘယ်သူချတာလဲ ဘယ်သူတာဝန်ခံမှာလဲ ဒါဟာ

    တချိန်မှာ သမိုင်းတွင်မှာနော် ဦးနှောက်ရှိတဲ့သူ ဆုံးဖြတ်တာလား အမျှော်အမြင်ရှိတဲ့သူ ဆုံးဖြတ်တာလား ဘယ်သူအကျိုးရှိဖို့

    ဆုံးဖြတ်တာလဲ အဲဒီလိုစစ်ပွဲတွေဖြစ်ရင် ဘယ်သူတွေအကျိုးရှိမှာလဲ ဘယ်သူတွေ အဆင်ပြေမှာလဲ အောက်ခြေက

    စစ်ဗိုလ်စစ်သားတွေကတော့ သေမယ် ခြေပြတ် လက်ပြတ် ဖြစ်မယ် မယားတွေမုဆိုးမဖြစ်မယ် သားသမီးတွေ အဖမဲ့ဖြစ်မယ်

    အဲဒီစစ်ပွဲတွေရဲ့ ကုန်ကျစရိတ်ကရော ဘယ်သူခံရတာလဲ ဘယ်သူ့အိတ်ထဲက ပိုက်ဆံတွေလဲ
    ငါတို့ ဗမာပြေကို လူလည်ကျနေတဲ့ စစ်ဗိုလ်ချုပ်အမည်ခံ ကိုယ်ကျိုးရှာ အာဏာရူး တွေကလက်တဆုပ်ထဲပါ

    လက်ချိုးရေကြည့်ရင် လူတစ်ရာမရှိပါဘူး အဲဒီလက်တဆုပ် ပြုသမျှနု ခိုင်းသမျှကျွန်ခံ နေရတာ နှစ်ပေါင်း ၆၀ကျော်ပြီ

    ငါတို့ဗမာတွေ အဲဒီလောက် ညံ့ရလား
    အာဏာရူးလက်တဆုပ် အရူးထ ခိုင်းတိုင်း အောက်ခြေက စစ်ဗိုလ်စစ်သားတွေ လိုက်လုပ်နေရမှာလား တကယ်တမ်း

    သေနတ်ကိုင်ပြီး မျက်နှာချင်းဆိုင် ဖြစ်နေကြတာဟာ တိုင်းရင်းသားတွေရဲ့ သားသမီးတွေပါ အမှန်တော့ မောင်နှမတွေပါ

    တကယ့်အရင်းအချာတွေပါ ဘယ်အာဏာရူးဗိုလ်ချုပ်က သူ့သားသမီးတွေကို စစ်သားလုပ်ခိုင်းတာကြားဖူးလဲ အောက်ခြေမှာ

    ဘာအလုပ်လုပ်ခိုင်းဖူးလဲ
    အာဏာရူးတွေ သားစဉ်မြေးဆက် ကောင်းစားဘို့ အတွက် စစ်တပ်ကြီးကို ကျွန်လိုခိုင်းနေကြတယ် တကယ်တော့ အဲဒီ

    စစ်တပ်ကြီးကို လစာပေး အစားအစာကျွေးနေတာ ပြည်သူတွေပါ ပြည်သူတွေရဲ့ အိတ်ကပ်ထဲကပိုက်ဆံတွေပါ တောထဲက

    ကျွန်းသစ်တွေ မြေအောက်ကရွှေတွေ ရေနံ သဘာဝဓါငွေ့တွေ အဲဒါတွေဟာ အမှန်တော့ ပြည်သူပြည်သားအားလုံးရဲ့

    ပိုင်ဆိုင်မှုတွေပါ အခုတော့ လက်တဆုပ် အာဏာရူးတွေရဲ့ အကောက်ကြံမှုကြောင့် အားလုံး ဒုက္ခ ရောက်နေကြရတယ်
    ထပ်ပြီး ဒုက္ခရောက်ဖို့လည်း မြင်နေပါတယ် မင်းရော ငါရော မင်းမိသားစုရော ငါ့မိသားစုပါ ပါတယ် အားလုံး ဘယ်သူမှ

    မလွတ်ပါဘူး အနာဂါတ် မျိုးဆက်သစ် ရင်သွေးငယ် နီတာရဲလေးတွေအတွက် စဉ်းစားပေးကြပါအုံး
    ညီအစ်ကိုမောင်နှမ မျိုးချစ်စစ်သည် အပေါင်းတို့ သင်တို့သေနတ်ထဲက ကျည်ဆံတွေဟာ အားလုံးရဲ့ အနာဂါတ်ကို

    အလင်းရောင်ပးမယ့် တိုင်းကျိုးပြည်ပြု ကျည်ဆံများဖြစ်ပါစေ

  1. Anonymous said... :

    very good comment...you are right...

  1. Kyaw Thiha said... :

    ဒေါက်တာဦးမြင့်ရဲ့ဓါတ်ပုံ မှားဖေါ်ပြထားသလားလို့။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved