မီဒီယာကို ရိုတီနဲ့  တိုက်မည် ??

Wednesday, April 6, 2011

ဒီနေ့ သတင်းစာမှာ ပါလာတဲ့ ၀န်ကြီး ပြောစကားတချို့။

မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ အကြီးအကျယ် ဖြစ်နေပါပြီ။
ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်းက အခုတော့
ယဉ်ကျေးမှုဝန်ကြီးဌာနကိုလည်း တွဲကိုင်ရသတဲ့။
ဦးကျော်ဆန်း ပိုမို ယဉ်ကျေး၊ သိမ်မွေ့သွားပြီပေါ့။
မူဝါဒပိုင်းတော့ မပြောင်းဘူးလို့ ဆိုတယ်။



ရိုတီပလာတာတွေ ဆက်လုပ်မယ်လို့လည်း ပြောတယ်။ ရိုတီ လို့ ထင်တ
ပဲ။ အင်္ဂလိပ်လို ပြောသွားတော့ သိပ် မသေချာဘူး။
ရိုတီ ဆိုတာ စားလို့ သိပ်ကောင်းတာပေါ့။ သကြားနဲ့ စားမလား၊ ဆီးချိုသမားတွေတော့ ကြက်သားနဲ့ စားပေါ့။ အသားရှောင်ရင်လည်း အာလူးချက်ဟင်း ပဲဟင်းတို့နဲ့ စားလို့ ရတယ်။

ဦးကျော်ဆန်းက မီဒီယာကို မီဒီယာနဲ့ တန်ပြန် ဆော်ပလော်တီးမယ် လို့ အော်ချက်ထုတ်ခဲ့သူပေပဲ။
အခုတော့ ရိုတီ ဆိုတာပဲ ပြောနေတော့ ရိုတီနဲ့ တိုက်ဖို့ ပြင်နေပြီ ထင်ပါရဲ့။
ဒါဆိုရင် ကြိုဆိုပါတယ်လေ။

ကျနော့်ကိုလည်း ရိုတီတပွဲလောက် ပေးပါအုံးဗျာ။
း)
ဟင် - ရပါတယ်။ အလိုင်ကဒိုက်။ သကြားနဲ့လည်း ရတယ်၊ ချက်ဟင်းနဲ့လည်း ရတယ်။


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved