ပိတ်ဆို့အရေးယူမှု စာရင်းထပ်တိုးဦးတော့မယ်

Friday, April 1, 2011


အစိုးရသစ်ဟာ ထင်သာမြင်သာတဲ့ အပြောင်းအလဲတွေ မလုပ်မချင်း စစ်ဗိုလ်ချုပ်တွေနဲ့ စစ်ဗိုလ်ချွတ် အရပ်သားတွေအပေါ် ပိတ်ဆို့အရေးယူမှုတွေ လျှော့ပေါ့မှာ မဟုတ်ဘူးလို့ အမေရိကန် လွှတ်တော်က ဆိုပါတယ်။

ဝန်ကြီး ၊ ဒုဝန်ကြီး စာရင်းရှည်ကြီးတွေ၊ ပြည်နယ်ဝန်ကြီးချုပ် ဝန်ကလေး စာရင်းရှည်တွေ ကြည့်ပြီးတော့ အရေးယူ ပိတ်ဆို့ခံရသူတွေရဲ့ စာရင်းဟာလည်း ပိုပြီး ရှည်လာနိုင်တယ်လို့ မြင်ပါတယ်။

ဝန်ကြီးတွေ ဝန်ကလေးတွေ ဖြစ်လို့မှ မပျော်ရသေး၊ ပိတ်ဆို့ဒဏ်ခတ်မှု စာရင်းသစ်ထဲ ပါလာမှ ဟုတ်ပေ့ဖြစ်နေကြမယ်။

မိသားစု ဆွေမျိုးဉာတကာတွေ အနောက်နိုင်ငံပို့ထားမိတဲ့ ဝန်မင်း အသစ်များကတော့ ခုဆို မျက်ခုံးလှုပ်နေကြလောက်ပြီ ထင်ပါတယ်။

1 comments :

  1. Anonymous said... :

    သူတို.ပါးစပ်ကပြောတော့ ပြည်ပအားကိုးတဲ့..။ အနောက်နိုင်ငံသွားဖို.ငမ်းငမ်းတက် လုပ်နေကြတာ သူတို.၀န်ကြီး၊ အရာရှိသားသမီး၊ အမျိုးတွေ ချည်းပဲ..။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved