အပြောင်းအလဲများ

Monday, April 25, 2011

စွမ်းအားရှင်များ၏ မြို့လည်ခေါင်မှ အမဲဖျက်ပွဲ

ပြည်သူ့ချဉ်ဖတ် လက်ကိုင်တုတ် အဖွဲ့တခုဖြစ်တဲ့ စွမ်းအားရှင်အဖွဲ့ကို “ပြည်သူ့ လုံခြုံရေးအဖွဲ့” ဆိုပြီး ပြန်လည် ပွဲထုတ်မယ်လို့ ဆိုပါတယ်။

ဘာကြောင့်လဲဆိုတော့ အတိုက်အခံ နိုင်ငံရေးသမားတွေကို နှိပ်ကွပ်ဖို့ လူထုအုံကြွမှုတွေကို နှိမ်နင်းရန်အတွက်ပင် ဖြစ်တယ်လို့ နေပြည်တော်က စရဖ အရာရှိကြီးတဦးက ပြောထားပါတယ်။

ဦးသိန်းစိန် အစိုးရသစ်အနေနဲ့ နိုင်ငံအတွင်း အပြောင်းအလဲတွေ လုပ်ရာမှာ ဝတ်စုံအပြောင်းအလဲ (စစ်ဝတ်စုံမှ တိုက်ပုံသို့)၊ နာမည်အပြောင်းအလဲ (အုပ်ချုပ်ရေးအဖွဲ့နာမည် အပြောင်းအလဲ၊ အသင်းအဖွဲ့ နာမည်အပြောင်းအလဲ) စတဲ့ အရေးကြီးသော အပြောင်းအလဲတွေ လူတွေမှအပ ကျန်တာတွေ ပြောင်းလဲအောင် ကြိုးစားပမ်းစား လုပ်ဆောင်နေတာ တွေ့ရပါတယ်။

(သတင်းအပြည့်အစုံကို ဒီနေရာမှာ ဖတ်ပါ)

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved