စာနယ်ဇင်း လွတ်လပ်ခွင့် တိုးတက်မှု ရှိ မရှိ ...

Saturday, May 14, 2011


ဦးသိန်းစိန်က မီဒီယာဟာ စတ္တုထ္ထမဏ္ဍိုင်လို့ ထည့်ပြောသွားတယ် ....၊ သတင်းဂျာနယ်တွေက လွဲရင် ကျန်အမျိုးအစား စာစောင်၊ စာပေတွေကို ဆင်ဆာ ကင်းလွတ်ခွင့်ပေးတော့မယ် ...၊ စိစစ်ရေးက မူဝါဒတွေ လျှော့လာတယ် ... ပုဆိုးလဲ အစိုးရပဲဖြစ်ဖြစ် စာနယ်ဇင်း လွတ်လပ်ခွင့် အထိုက်အလျောက် ရတော့မယ် ... စတဲ့ စတဲ့ မျှော်လင့်ချက်တွေဟာ အခု သစ္စာ သတင်း (True News) ဂျာနယ် ၂ ပတ် အပိတ်ခံလိုက်ရချိန်မှာတော့ ပလုံသွားပါပြီ။

မေလ ၃ ရက်က ထုတ်ဝေခဲ့တဲ့ သစ္စာသတင်းဂျာနယ်မှာ ကျပ် ၁၅ သိန်းတန် ဂျီအက်စ်အမ် ဖုန်းပိုင် ဆိုင်ထားသူတွေ ကျပ် တသိန်း ရှစ်သောင်း ထပ်မံပေးသွင်းရင် ငါးသိန်း တန် ဂျီအက်စ်အမ် ဖုန်း တလုံးရမယ်ဆိုပြီး မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးကို ကိုးကား ဖော်ပြခဲ့ပါတယ်။

သို့သော်လည်း တခုခုဆို ဘူးခံပြီး လွှဲချတတ်တဲ့ အရင် စစ်အစိုးရလက်ထက်က အကျင့်အတိုင်း မဟုတ်ပါဘူးဆိုပြီး စာပေကင်ပေတိုင်ကို ကန့်ကွက်စာပို့လို့ ကြားထဲက သစ္စာဂျာနယ် ခါးနာရတာ ဖြစ်ပါတယ်။

ဒါ့အပြင် ယူနီဖောင်းသာလဲပြီး လူပြောင်းလဲခြင်းမရှိဆိုတဲ့ အဓိပ္ပာယ်နဲ့ ရေးဆွဲထားတဲ့ ဆရာ အော်ပီကျုယ်ရဲ့ကာတွန်းနဲ့ နာရေး ကူညီမှုအသင်း ဘဏ္ဍာရေးမှူး ဒေါ်ရွှေဇီးကွက်ရဲ့ ကိုယ်တိုင်ရေးဆောင်းပါးတွေ ပါနေတာကြောင့်လည်း ဖြစ်နိုင်ကြောင်း ပြောဆိုနေကြပါတယ်။ ( သတင်း အပြည့်အစုံ ဖတ်ရန် )

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved