သမ္မတ နိုင်ငံရေး အကြံပေးရဲ့ မှတ်ချက်

Monday, May 16, 2011

... ကျွန်တော်တို့ အနေနဲ့ ဒီလိုပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ဆောင်ရွက်ရာမှာ သမ္မတကြီး မိန့်ကြားခဲ့တဲ့အတိုင်း ရှင်းလင်းမြင်သာမှု၊ ရိုးဖြောင့်မှန်ကန်မှုတို့နဲ့ အားလုံးပါဝင်နိုင်အောင် လက်ကမ်းဖိတ်ခေါ်လျက်ရှိပါတယ်။ ကျွန်တော်တို့ အကြံပေးအဖွဲ့ဆိုရင်လည်း မကြာခင်က အင်ဒိုနီးရှားမှာ အာဆီယံပြည်သူ့ဖိုရမ်ကို တက်ရောက်ခဲ့ပြီး နယ်စပ်ကလာတဲ့ သဘောထားဆန့်ကျင်သူ မြန်မာအုပ်စုတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ သူတို့ကို
မြန်မာနိုင်ငံမှာ အမှန်တကယ် ပြုပြင်ပြောင်းလဲမှုတွေ စတင်နေပြီဆိုတဲ့ သတင်းအချက်အလက်တွေကိုလည်း
ပေးခဲ့ပါတယ်။ ပြည်တွင်းမှာရှိတဲ့ သဘောထားဆန့် ကျင်သူတွေကိုတော့ အထူးပြောစရာမလိုတော့ပါဘူး ...

... နိုင်ငံရေးအကျဉ်းသားကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ တရားဝင်ရပ်တည်မှုအရ နိုင်ငံရေးအကျဉ်းသား ဆိုတာ မရှိပါဘူး။ အရေးပေါ်စီမံရေး အက်ဥပဒေဆိုတာက ကျွန်တော်တို့သာမက ဗြိတိသျှဥပဒေကို ဆက်ခံတဲ့ မလေးရှား၊ စင်ကာပူနိုင်ငံတို့မှာလည်း ရှိပြီးသားဖြစ်ပါတယ် ...

... လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စဟာ သမ္မတရဲ့ ဥပဒေလုပ်ပိုင်ခွင့် အာဏာအတွင်းမှာပဲ ရှိပါတယ်။ သင့်လျော်တယ်လို့ သမ္မတကြီးက ယူဆတဲ့အချိန်ကျရင် ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းဖွယ်ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကို စတင်ပြုလုပ်ကာစဖြစ်တဲ့အတွက် တည်ငြိမ်မှု အထူးလိုအပ်နေသေးတာကို လူကြီးမင်းတို့ အသိပဲဖြစ်ပါတယ်။ ...

... Friends of Myanmar ကိစ္စနှင့်ပတ်သက်ပြီး အနောက်နိုင်ငံကြီးတွေက Friends of Burma လို့  ဒီဆွေးနွေးပွဲကို အမည်တပ်ခေါ်ဝေါ်နေဆဲဖြစ်ပါတယ်။ ဆွေးနွေးပွဲဆိုတာ အပြန်အလှန် ယုံကြည်မှုရှိမှ အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။ နာမည် အခေါ်အဝေါ်လေးတခုကိုတောင် လိုက်လျောဖို့ ခက်နေတဲ့နိုင်ငံတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ မြန်မာအစိုးရဘက်က နှောင့်နှေးတွန့် ဆုတ်နေတာ မဆန်းလှပါဘူး။ ဒီကိစ္စက မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့သာ တိုက်ရိုက်သက်ဆိုင်ပေမယ့် ကျွန်တော့်အနေနဲ့  ပုဂ္ဂိုလ်တစ်ဦးချင်းရဲ့ ပုဂ္ဂလိကအမြင်နဲ့ တင်ပြရရင် အောင်မြင်တဲ့ တွေ့ဆုံဆွေးနွေးမှု ဖြစ်ပေါ်ရေးက နှစ်ဦးနှစ်ဘက် စိတ်အေးချမ်းသာ သက်တောင့်သက်သာ လက်ခံနိုင်မယ့် အခြေအနေ ပတ်ဝန်းကျင်တစ်ရပ်ကို ဖန်တီးပေးနိုင်ဖို့ အရေးကြီးမယ်ထင်ပါတယ် ...

ဦးကိုကိုလှိုင်
နိုင်ငံရေးအကြံပေးအဖွဲ့ ခေါင်းဆောင်

The Flower News, Vol 7, NO. 18, မေလ ၁၇ ရက်၊ ၂၀၁၁ မှ ကောက်နုတ်ဖော်ပြသည်။ ကုလ အထူးကိုယ်စားလှယ် ဗီဂျေ နမ်ဘီးယား သို့ ဦးကိုကိုလှိုင်၏ ပြောကြားချက်ဖြစ်ပါသည်။

15 comments :

  1. နေပြည်တော်လူကြီး said... :

    ဒီမောင်က နာဂစ်ဖြစ်ပြီးစကာလတုန်းက သတင်းစာတွေမှာ အောင်လှိုင်ဆိုတဲ့ကလောင်နာမည်နဲ့ နာဂစ်မုန်တိုင်းဒဏ်ခံရတဲ့ပြည်သူတွေကို နိုင်ငံခြားကအကူအညီယူစရာမလိုဖူး ငါးရှာစား၊ ဖားရှာစားပြီး အသက်ဆက်နေကြလို့ ဆောင်းပါးရေးတဲ့ပုဂ္ဂိုလ်လို့ သိရပါတယ်။

  1. မောင်မိုး ( မကွေး) said... :

    သမ္မတ နိုင်ငံရေး အကြံပေးသူက သမ္မတ အလိုကျ အကြံပေးတာလား????
    သို့တည်းမဟုတ် နိုင်ငံ့ ငြိမ်းချမ်း သာယာရေး ၊ ကောင်းစားရေး အတွက် သမ္မတကို အမှားနည်းနိုင်သမျှ နည်းအောင် ၊ ဖြောင့်မတ်မှန်ကန်စွာ နိုင်ငံတော်ကို ဦးဆောင်နိုင်အောင် အကြံပေးမှာလား၊????????
    နိုင်ငံ့ အရေး ကို ယုံကြည်ချက်နဲ့ လုပ်ဆောင်ရင်း အကျဉ်းကျခံနေရသူတွေကို နိုင်ငံရေးအကျဉ်းသားလို့  အများပြည်သူက လက်ခံထားတာကို အကြံပေးသူတစ်ယောက်အနေနဲ့ တရားဝင်ရပ်တည်မှုအရ နိုင်ငံရေး အကျဉ်းသားဆိုတာ မရှိပါဘူး ဆိုတဲ့ အမြင် ဟာ တော်တော်ဝမ်းနည်းစရာကောင်းတယ်။ ။ တရားမဝင် ဥပဒေမဲ့  အဓမ္မ အကျဉ်းချထားတာပဲ ဖြစ်တယ်လို့  ပဲ အကြံပေးသူ က မှန်မှန်ကန်ကန် သုံးသပ်ထားတယ်ဆိုရင်ဖြစ်ဖြစ် ၊ကိုယ်လို သလို ပုဒ်မအမျိုးမျိုး အသုံးပြုပြီး အကျဉ်းချထားလို့ ဖြစ်ဖြစ် ၊ ယခုလက်ရှိ အကျဉ်းထောင်အသီးသီးမှာ ယုံကြည်ချက်နဲ့ အကျဉ်းကျသူတွေ အမြန်လွတ်မြောက်စေလို တဲ့  အများပြည်သူဆန္ဒ ရဲ့  ဆန္ဒကို အမြန်အကောင်ထည်ဖို့  ဆောင်ရွက်သင့်ပါပြီ ။။။။။

  1. Anonymous said... :

    ဒါဆို သူတို့လဲ ဒေါ်အောင်ဆန်းစုကြည်ကို အပြည့်အစုံခေါ်လေ .. ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် NLD အတွင်းရေးမူး ဒေါ်အောင်ဆန်းစုကြည်လို့ ...

  1. မယ်ဗမာ said... :

    ဦးနှောက်မရှိတဲ့ ကောင်က ဦးနှောက်မရှိတဲ့ကောင်ကိုပဲ အကြံပေးခန့်လို့ ရကြမှာပေါ့။

  1. Anonymous said... :

    U ko ko Hlaing want to say, he didn't kill the people, only fire into head and heart.

  1. mya said... :

    ဦးကိုကိုလှိုင်ကနိုင်ငံရေးအကျဉ်းသား ဆို တဲ့ လူ ထက် Friends of Burma ၊နာမည် အခေါ်အဝေါ်က အေ၇းကြီး ပုံ ၇တယ်၊ ခင်ဗျား တိုကို လူလို့ပြောသင့်သလား။ခင်ဗျား တိုက ကိုယ့်လူမျိုးအတွက် ရိုးဖြောင့်မှန်ကန်မှု မရှို၊ နှိုင် ငံခြားသားက ကိုယ့်လူမျိုးအတွက် ပြောနေတာ
    ခင်ဗျား မို့ မရှုက်ဗျာ။

  1. Anonymous said... :

    မင်းတို့လို ပြည်သူတွေရဲ့ သဘောထား အစစ်အမှန်တွေကို မသိချင်ယောင် ဆောင်ပြီး ကောက်ကျစ်တဲ့ တစ်ဇောက်ကန်း အတ္တအမြင်တွေ စွဲကိုင်နေသ မျှ ကာလပတ်လုံး ဘယ်လိုမှ နှစ်ဦးနှစ်ဖက် ပြေလည်အောင် ဆွေးနွေးနိုင်မှာ မဟုတ်ဘူးဆိုတာ မှတ်ထား။

  1. Anonymous said... :

    ဘယ်လိုလူမျိုးက ဒီနေရာမျိုးရောက်လာတာလဲ.... အသေးစိတ်တဲ့ မပြောချင်တော့ဘူး နိုင်ငံရေး အကြံပေး ဆိုတဲ့ ရာထူးယူထားပြီး နိုင်ငံရေးအကျဉ်းသားမရှိဘူးတဲ့ ဒါဆို ခင်ဗျားက ဘာလုပ်နေတာလဲ နိုင်ငံရေးလုပ်နေတာမဟုတ်ဘူးပေါ့.. ဟာဟ
    "Friends of Myanmar ကိစ္စနှင့်ပတ်သက်ပြီး အနောက်နိုင်ငံကြီးတွေက Friends of Burma လို့  ဒီဆွေးနွေးပွဲကို အမည်တပ်ခေါ်ဝေါ်နေဆဲဖြစ်ပါတယ်။ ဆွေးနွေးပွဲဆိုတာ အပြန်အလှန် ယုံကြည်မှုရှိမှ အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။ နာမည် အခေါ်အဝေါ်လေးတခုကိုတောင် လိုက်လျောဖို့ ခက်နေတဲ့နိုင်ငံတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ မြန်မာအစိုးရဘက်က နှောင့်နှေးတွန့် ဆုတ်နေတာ မဆန်းလှပါဘူး။ " ဒီလိုပြောတော့ရီချင်တယ် ခင်ဗျားပြောသလိုဆို နာမည်လေးတစ်ခုနဲ့ တွယ်ကပ်နေတာ သူများမဟုတ်ဘူး ခင်ဗျားဖြစ်နေပြီ နာမည်ပေးတာက လူသိများတဲ့နာမည်ကို သူတို့က ပေးထားတာ ခင်ဗျားတို့က ဘယ်လောက်များ မြန်မာဆိုတာ တွင်ကျယ်အောင် လုပ်နိုင်လို့လဲ စလုံးလိုနိုင်ငံမျိုးမှာတောင် 50% အထက်က ဘားမားလို့ပြောမှ သိတာဗျ... နိုင်ငံရေးအကြံပေးကြီးရေ နိုင်ငံတကာကိုလဲ နဲနဲ နားစွင့်ထားပါအုံး... ခွိခွိ
    တို့နိုင်ငံကတော့ မြည်း တွေပဲ ခေါင်းဆောင်ဖြစ်နေပါလား....

  1. saw kt oo said... :

    singaporeမှာburmaဆိုတာကိုလူများစုကမသိတော့ပါဘူး။
    myanmarဆိုတာကိုဘဲစလုံးတွေသိကြပါတယ်။
    ဒီကရွှေတွေကလဲသူဒို့ကိုဘယ်ကလဲမေးရင်
    myanmarကလို့ဘဲအားလုံးကပြောပါတယ်။ဘယ်သူက
    မှburmaကလို့မပြောကြပါခင်ဗျား။

  1. Anonymous said... :

    နိုင်ငံရေးအကျဉ်းသားမရှိပါဘူးဆိုတဲ့ စစ်အစိုးရသုံးခဲ့တဲ့ ဗြောင်လိမ်ဗြောင်စား
    စကားကို သံယောင်ပြန်လိုက်တာက တော့ တော်တော် စိတ်ပျက်ဖို့ ကောင်းပါတယ်။
    မြန်မာလို့ ခေါ်သင့်တယ်ဆိုတဲ့ သူ့ရဲ့ပြောဆိုချက်ကတော့ မှန်ပါတယ်။ အနည်းဆုံး အရူးစိတ်ချမ်းသာ
    ရွာအေးဗျာ မြန်မာလို့ခေါ်စေချင်ရင် ခေါ်လိုက်ပေါ့ ဘာဖြစ်သွားမှာမို့လဲ။ Burma လိုခေါ်နေတာက မြန်မာ့ဒီမိုကရေစီရေးကို ဘာများ အထောက်အပံ့ ဖြစ်နေလို့လဲ။

  1. Anonymous said... :

    @saw kt oo,
    ကျုပ်တုန်းကလဲ စလုံးမှာ မြန်မာလို့ပြောတာပဲ ကျုပ်ပဲ စကားမပြီလို့လားမသိဘူး နားမလည်ကြပါဘူး ဘားမား လို့ပြန်ပြောမှပဲ သိပါတယ် တစ်ခါကားငှားတုန်းကဆို ကားသမားကိုယ်တိုင်က အော် ဘားမားပါ မြန်မာ မဟုတ်ပါဘူးလို့ ပြန်ပြောတာ ခံခဲ့ရတယ် လူတိုင်းတောမဟုတ်ပါဘူး များသောအားဖြင့် အသက်ကြီးတဲ့သူတွေပါ

  1. Unknown said... :

    အဲ့ဒီစကားလုံးတွေက မင်းနဲ့မတန်သေးဘူး ရွာအတွေးသာအေး

  1. Anonymous said... :

    U Ko ko Hlaing who did not know anything about politic, business and what happen in public of Burma.

  1. Anonymous said... :

    အမျိုးသားရင်ကြားစေ့ရေးဆိုတာ တပါးသော နိုင်ငံတစ်နိုင်ငံ သို့မဟုတ် နိုင်ငံအများနှင့် တွေ့ဆုံဆွေးနွေးရေးမဟုတ်ပါ။ ထိုသို့ဆွေးနွေးရန် သာမန်အားဖြင့်မလိုအပ်ပါ၊ ထိုသို့ဆွေးနွေးရုံဖြင့်လည်း အမျိုးသားရင်ကြားစေ့ရေးမရရှိနိုင်ပါ။
    အမျိုးသားရင်ကြားစေ့ရေးဆိုသည်မှာ နိုင်ငံအတွင်း နိုင်ငံသားအချင်းချင်းတွေ့ဆုံဆွေးနွေးရေး သို့မဟုတ် ပြည်တွင်း၌ ပြည်သူအချင်းချင်းတွေ့ဆုံဆွေးနွေးရေးသာဖြစ်ပါသည်။ ထိုသို့ဆွေးနွေးခြင်းဖြင့်သာလျှင် ခိုင်မြဲတည်တံ့သော အမျိုးသားရင်ကြားစေ့ရေး ဖြစ်ပေါ်ရရှိနိုင်ပါမည်။
    ကုလသမဂ္ဂအပါအဝင် တကမ္ဘာလုံးကအစဉ်တစိုက် တိုက်တွန်းနေကြ သည်မှာ အမျိုးသားရင်ကြားစေ့ရေးကို ဆောင်ရွက်ဘို့ ဖြစ်ပါသည်။ အခြားတပါးသော နိုင်ငံများနှင့်(ထိုကိစ္စအလို့ငှါ) တွေ့ဆုံဆွေးနွေးဘို့ မဟုတ်ပါ။
    တကမ္ဘာလုံး ဆိုရာ၌ Myanmar ဟုခေါ်ဝေါ်သုံးစွဲကြသူတွေရော၊ Burma ဟုဝေါ်သုံးစွဲကြသူတွေရော ပါဝင်ကြပါသည်။ Myanmar တဖြစ်လဲ Burma အစိုးရကသာလျှင် ယ္ခုအချိန်ထိတကမ္ဘာလုံး၏ တိုက်တွန်းမှုကို (ရှက်ဖွယ်လိလိ) မျက်နှာပြောင်တိုက်ဆန့်ကျင်လျှက်ရှိနေသည်မှာ ကမ္ဘာသိဖြစ်ပါသည်။
    သို့ပါလျက်“နာမည်အခေါ်အဝေါ်လေးတစ်ခုကိုတောင်လိုက်လျောဘို့ခက်ခဲနေတဲ့နိုင်ငံတွေနဲ့တွေ့ဆုံဆွေးနွေးဘို့ မြန်မာအစိုးရအနေနဲ့နှောင့်နှေးတွန့်ဆုတ်နေတာမဆန်းလှပါဘူး” ဟုငါ့စကားနွားရ ပြောသွားခြင်းမှာ ဆင်ခြင်တုံတရားကင်း၍ တာဝန်မဲ့ လွန်းပါသည်။ ရိုးသားဖြောင့်မှန်မှုကို သူတစ်ပါးထံမှရန်စွယ်ငေါငေါ အော်ကြီးဟစ်ကျယ် မတောင်းခံမီ မိမိဘာသာအရင်ကြိုးစား ကျင့်ကြံသင့်ပါသည်။ အထူးသဖြင့်နိုင်ငံတော်အကြံပေးပုဂ္ဂိုလ်များအတွက် အလိုအပ်ဆုံးစာရိတ္တတရား ဖြစ်ပါသည်။
    (ကဖိုးတေ)

  1. Anonymous said... :

    Irrawaddy,
    Make it transparent for the people.

    Who are President's advisers with their qualifications and experience.

    In computer there is a saying " garbage in and garbage out"
    We people want Quality Advice from Honest,Reliable and efficient Advisers.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved