
အင်္ဂလန်နိုင်ငံ ဘရိုက်တန်မြို့မှာ ဘရိုက်တန် အနုပညာ ပွဲတော်ကို မေလ ၇ ရက်နေ့က စတင်ဖွင့်လှစ်လိုက်ပါပြီ။ မေလ ၂၉ ရက်နေ့အထိ ကျင်းပမယ့် အဲဒီ ပွဲတော်အတွက် ဧည့်ဒါရိုက်တာ အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ခန့်အပ်ထားပါတယ်။
ဘရိုက်တန် အနုပညာပွဲတော်ကို နှစ်စဉ် မေလတိုင်း အင်္ဂလန်နိုင်ငံ ဘရိုက်တန်နဲ့ ဟို့ဗ် မြို့မှာ ၁၉၆၆ ခုနှစ်ကတည်းက ကျင်းပလာခဲ့တာပါ။ ကမ္ဘာတဝန်းက အနုပညာရှင်တွေ၊ အတတ်ပညာရှင်တွေ သောင်းနဲ့ချီ လာရောက်စုဝေးတဲ့ ပွဲတော်လည်း ဖြစ်ပါတယ်။
မြန်မာ့ဒီမိုကရေစီရေးအတွက် ယင်းအနုပညာပွဲတော်တွင် တခဲနက် ထောက်ခံကြောင်း သိရတဲ့အတွက် အံ့သြဝမ်းသာကြောင်း ဒေါ်အောင်ဆန်းစုကြည်က သတင်းစကား ပေးပို့ထားပါတယ်။

ဒီပွဲတော်ရဲ့ အဓိက မက်ဆေ့ခ်ျက ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ “သင်တို့ရဲ့ လွတ်လပ်မှုကို အသုံးပြုပြီး ကျွန်ုပ်တို့ရဲ့ လွပ်လတ်မှုအတွက် မြှင့်တင်ပေးပါ” (use your liberty to promote ours) ဖြစ်ပါတယ်။
ပွဲတော်ရက်တွေအတွင်း မေလ ၁၇ ရက်နေ့မှာ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်တဲ့ စကားရည်လုပွဲကို Burma Campaign UK က ကျင်းပဖို့ ရှိတယ်လို့လည်း RFA သတင်းမှာ ဖော်ပြထားပါတယ်။
0 comments :
Post a Comment