ဒီနေ့ ခေါင်းဆောင်၊ နောင် ခေါင်းဆောင်နဲ့ ကျွန်ုပ်တို့ရဲ့ ခေါင်းပြောင်

Tuesday, May 10, 2011




ဒီနေ့ တနေ့တည်းမှာ သဘောတရားခြင်း တူညီတဲ့ ဓာတ်ပုံ ၂ ပုံကို တပြိုင်နက် နီးပါး တွေ့လိုက်ရပါတယ်။ အဲဒါကတော့ အခု ယှဉ်တွဲ ပြထားတဲ့ ပုံတွေပါပဲ။ ကလေးတွေဟာ အနာဂတ်ရဲ့ ခေါင်းဆောင်တွေ ဖြစ်တယ်ဆိုတာကို သေသေချာချာ လက်ခံတဲ့ ဒီနေ့ ခေါင်းဆောင် တွေကတော့ ကလေးတွေကို တလေးတစား ဆက်ဆံနေကြတာ တွေ့ရမှာပါ။ လေးစားလောက်တဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန်သမ္မတ မစ္စတာ ဘားရက် အိုဘားမားတို့ပါ။ ဒီလို ဓာတ်ပုံတွေရိုက်ကြဖို့ သူတို့ ၂ ယောက် တိုင်ပင်ထားတာတော့ ဟုတ်ပုံမရဘူး။

မစ္စတာ အိုဘားမား ဆိုရင် ကလေးကို သူ့ရဲ့ ခေါင်း ကိုင်ခွင့်တောင် ပေးထားသေးရဲ့။ ကျွန်ုပ်တို့ရဲ့ သမ္မတကြီးဆိုရင်ကော အဲဒီလို ကလေးက ခေါင်းကို ကိုင်တာ ခွင့်ပြုပါ့မလားလို့ ကိုတာတေ ကြံကြံဖန်ဖန် စဉ်းစားကြည့်နေမိတော့တယ် .... :P

18 comments :

  1. Friendship said... :

    Now Mr.President of Burma who never think of it,he only allow to touch his head by first lady and Madam Kyaing Kyaing when it's come to get Dollar and Diamonds for them.

  1. Anonymous said... :

    အဘပြောင်ကြီးကလည်း သူ့ဟာလာကိုင်ပါတဲ့ ကိုင်လို့ရပါတယ်တဲ့ နဖူးကို။
    ဒါနဲ့ ဓာတ်ပုံက နေရာထားတာ မှားနေတယ်။ယောင်္ကျားဖြစ်တဲ့ အိုဘားမား ပုံကိုအပေါ်ကထားရမှာပါ။အခုတော့ အိုဘားမားက အောက်ကထားနေတော့ အိုဘားမားတွက် ဘုန်းနှိမ့်ပါတယ်။ကြည့်ရတာလည်း အမြင်မတော့လှပါဘူး။


    မောင်ကျောက်ခဲ

  1. Anonymous said... :

    အင်း .. စနစ်ချင်းက အရမ်းကွာနေတော့ ကျုပ်တို့နိုင်ငံက သမ္မတကတော့ အခုလို ကလေးကို ခေါင်းပေးကိုင်ခံလိမ့်မည်မထင်။ ဒါပေမယ့် ခု သမ္မတသစ် ပထမဆုံး ခရီးစဉ်မှာ အင်ဒိုနီးရှားနိုင်ငံက မြန်မာသံရုံးဝန်ထမ်း မိသားစုတွေကို ခါတိုင်းလို ထိုင်မရှိခိုးခိုင်းခဲ့ဘူးဆိုတာ သိရလို့ ဒါလေးကိုပဲ .. ဝမ်းမြောက် သာဓုခေါ်နေရသဗျာ။

  1. Anonymous said... :

    အမေရိကန်ရဲ့  အထောက်အပံ့တွေ မယူဘဲနဲ့  တရားဝင် ကိုယ်ပိုင် စီးပွားရေး လုပ်ပြီး ကိုယ်ချေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင် ကြိုးစား သင့်ပါတယ်။ လှူတာတွေ ကူညီတာတွေကတော့ ကောင်းပါတယ်။ ဒါပေမဲ့ လူထုရဲ့ အမြင်မှာ ဘာမှလဲ လုပ်တာမတွေ့  ဘဲနဲ့  ဘယ်က ပိုက်ဆံတွေ ရပြီး လှူနေရသလဲ ဆိုတဲ့အမြင်က ရင်ထဲမှာ ရှိကြတယ်။ ဒီလို လှူချင် တန်းချင် တဲ့စိတ်ရှိသူတွေက စီးပွားရေး ပိတ်ဆို့တဲ့ (လူထု ထမင်းအိုး ခွဲတဲ့) လုပ်ရပ် တစ်နည်း အားဖြင့် အမေရိကန်က ဖြစ်ချင်တဲ့ အတိုင်း လိုက်အော် ပေး လုပ်ပြပေး နေရတာ တွေ့ ရတော့ စိတ်မကောင်းမိပါ။ အဖြေကတော့ လူထု ထောက်ခံမူ လျှော့လာရခြင်း ပဲဖြစ်ပါတယ်လို့  စေတနာဖြင့် ပြောလိုပါတယ်။

  1. Anonymous said... :

    obama's photo should be on top instead of below Anti Su ...

  1. Unknown said... :

    နိုင်ငံခြားသားတွေ မြန်မာနိုင်ငံကိုချစ်တယ်ဆိုတာ ကျနော်တို့ နိုင်ငံသားတွေ လောက်တော့ မချစ်နိုင်ပါဘူး နေရတကာ သူများပြည်တွင်းရေးကို ၀င်ရောက်ဖတ်စွတ်တာတော့ အားမပေးနိုင်ပါဘူးဗျာ

  1. Anonymous said... :

    တတိယ‌မြောက်‌ကောမန့်ကိုဖတ်ပြီးဝမ်းသာသဗျာ...နို့မို့ဆို‌ရောက်‌လေရာ
    သံရုံးတိုင်းမှာဖင်ဗူး‌တောင်းထောင်ပြီးရှစ်ခိုး‌နေကြရတာကြည်ြ့ပီးမျက်စိ‌နောက်
    လွန်းလို့...မတန်မရာ....။

  1. Anonymous said... :

    ခုလို.ကြားသိရတာ..၀မ်းသာစရာပါ...
    ထိုင်ရှိုခိုးတဲ့အလေ့အထ..ကို..ဖျောက်ပေး...
    တယ်...ဆိုတော့..အခြားနိုင်ငံ.သံရုံးတွေလဲ...
    အဲဒီအလေ့..အထ...တဖြည်းဖြည်းပျောက်မယ်..
    ထင်ပါတယ်.... အလွန်အကျူးကြီး...
    တွေ..မပါတော့ဘူးပေါ့ဗျာ.....

  1. ဆခခ said... :

    ဟုတ်ပ..ကြားရတာဝမ်းသာတယ်ဗျာ ထိုင်ရှိုခိုးတဲ့ကိစ္စ..ဒါနဲ့ တို့သမ္မတက တော့ခပ် ပြောင်ပြောင်ပဲ ဟဲဟဲ..

  1. Anonymous said... :

    ဒေါ်စုကို ၀ိုင်းပြီးကန်တော့ကြတဲ့ ပုံတွေကိုလည်း မမြင်လိုပါ။သူ့ကိုရိုသေလို့ ကန်တော့ကြတယ်ဆိုရင်လည်း နိုင်ငံတော်အကြီးကဲတစ်ယောက်ကို သံရုံးဝန်ထမ်းတွေက လေးစားရိုသေလို့ ကန်တော့တာကို လက်ခံနိုင်ရမှာဖြစ်ပါတယ်။

    လက်ဖ၀ါးနှစ်ခုလုံးကိုကြည့်ပါ။ကိုယ့်ဘက်ကိုမကြည့်ပဲ သူများဘက်ကိုပဲကြည့်ပြောနေလို့ မဖြစ်ပါ။


    မောင်ကျောက်ခဲ

  1. Anonymous said... :

    အမေရိကန်ရဲ့အထောက်အပံ့.....ဆိုတဲ့ စတုတ္ထမြောက်ကော်မန့်ပေးသူ ကိုတခုပြောချင်ပါတယ်။NLD ကကူညီထောက်ပံ့ နေတာတွေကို ဘယ်ကငွေတွေလည်းဆိုတာကို သံသယ၀င်နေတာရယ် နောက်ပြီးတရားဝင် စီးပွားရေးလုပ်ပါလားဆိုတာ တွေနဲ့ ပတ်သတ်ပြီး ဒေါ်စု(အမေစု)ဟာ သူရသမျှ ဆုတွေနဲ့အတူရလာသမျှ ဒေါ်လာတွေကိုအများအတွက်အကျိုးရှိတဲ့ ခုလို ပညာသင်ထောက်ပံ့ သလိုမျိုး နေရာတွေမှာသုံးပါတယ်။နိုဘယ်ဆု ဆိုရင်ဒေါ်လာ ၂ သန်းရပါတယ်။မြန်မာငွေနဲ့တွက်ကြည့်ပါ။NLD အနေနဲ့ စီးပွားရေးလုပ်ဖို့ကျတော့ လူငယ်တွေအတွက် ပညာဗဟုသုတဖြစ်စေမဲ့ အခမဲ့ပညာသင်ကျောင်းလိုမျိုးတောင်လိုက်ပိတ်နေတဲ့ မင့်အမေ့လင်တွေက စီးပွားရေးဆို ပိုလို့တောင်ဝေလာဝေးပေါ့ကွာ။အင်တာနက်ပေါ် ကော်မန့်ပေးလောက်တဲ့အထိခေတ် ပညာတတ်လူငယ်တစ်ယောက်ဖြစ်ပြီးဒီလောက်တောင် အတွေးအခေါ် ခေါင်းပါးရလားကွာ...

  1. Anonymous said... :

    ဘာပဲပြောပြောဗျာ၊ပြည်သူတွေ ငတ်ပြတ်မွဲနေ၊ပညာမသင်နိုင်ဖြစ်နေရတာ အုပ်ချပ်သူတွေ အသုံးမကျလို့ဆိုတာ ဘာမှ ငြင်းချက်ထုတ်စရာ မလိုပါ ဘူး။ ကိုယ့်ပြည်သူတွေ ငတ်ပြတ် ပညာမဲ့နေတာကို မကြည့်ရက်နိုင်လို့ ကူညီပံ့ပိုး ပေးနေတဲ့ သူတွေကို ပြည်သူဆီက ဓားပြတိုက် ငွေညှစ် လုပ် စားနေတဲ့လူတွေက အိုးမလုံလို့ လူတကာ လက်ညှိုးထိုး စွပ်စွဲနေတာက တော့ လမင်းကို ခွေးဟောင် နေသလိုပါပဲ။ကိုယ့်ပြည်သူ ဆင်းရဲကြပ် တည်းနေတာကို ပစ်ထားရက်တဲ့ ယုတ်မာတာမျိုးကတော့ အညံ့ဆုံး ယုတ်မာမှုမျိုးပါပဲ။ တာဝန်အမဲ့ဆုံး အသိဉာဏ်ခေါင်းပါးဆုံးပဲ။ ဒါကြောင့်လဲ ဒီလို ပစ်ထားရက်တာပဲလေ...

  1. Anonymous said... :

    မင်းအဘတွေကနေရာတကာထိုင်ရှိုခိုးခံချင်နေတာ..ပြောလို့တောင်မဆုံးသေး..သတင်းစာမှာပါလာဘီ..မင်းအဘတွေဖိနပ်တွေစီးထိုင်နေတာ..အောက်ကလူတွေသနားစရာ..

    လဒူသိရိ၊ ဒုက္ခ သိရိ.. ဏေပြီဒေါ်
    ကြံ့ဖွတ်ကြောင်းသား

  1. Anonymous said... :

    ပြောလို့ဖြင့်..မဆုံးသေး..ထိုင်ရိုခိုးတဲ့ကိစ္စပါလာပြီ....
    အေးလေ...ဒီလိုပဲ..ဖြစ်မှာပေါ့.....

  1. Anonymous said... :

    အိုဘာမားပုံက အောက်ရောက်နေလို့ ဘုန်းနိမ့်မယ်ဆိုတာ
    ဘုန်းဆိုတာဘာကိုပြောတာဘာလဲ မိန်းမနဲ့  မိန်းမအသုံးအဆောင်တွေ
    ခေါင်းပေါ်ရောက်လို့ ဘုန်းနိမ့်မယ်ဆိုရင် ကန်ထရိုက်တိုက်တွေမှာနေသူတိုင်း
    တထပ်ထက်အမြင့်ရှိတဲ့ အဆောက်အဥိအောက်တွေ ၀င်ဘူးသူတိုင်း အပေါ်မှာ
    မိန်းမတွေအရှင်လတ်လတ်နဲ့ သူတို့ အသုံးအဆောင်တွေ ရှိနေတော့ ဘာဘုန်း
    မှရှိတော့မယ်မထင်ပါ။ ယောကျားတို့ ဘုန်း လက်ရုံး မိန်းမတို့ ဘုန်း ဆံထုံး ဆိုသလို ဘုန်းဆိုတာ ယောင်္ကျားတို့ ရဲ့ လက်ရုန်းရည် နှလုံးရည်ပါ။

  1. Anonymous said... :

    မြန်မာတွေကိုယ်လူမျိုးကိုဘယ်လိုချစ်သလဲတော့မသိပါ။ မြင်ရတာတော့ တယောက်နဲ့ တယောက် မုန်းနေသလိုပါဘဲ။ အစိုးရကပြည်သူကိုမုန်းတယ်။
    ပြည်သူအချင်းချင်း မုန်းတယ်။ ဒုက္ခပေးတယ်။ ရန်ဖြစ်တယ်။ ဒီပိုစ့်က ကွန်မင့်ရှင်တွေတောင် ရန်ဖြစ်နေတာပေါ်မှာကြည့်ပါ။

  1. Anonymous said... :

    ယနေ့ စစ်အာဏာရှင် စနစ် မှာတော့ ယောင်္ကျားတို့ ဘုန်း လက်ရုံး မိန်းမတို့ ဘုန်း ဆံထုံး ဆိုတာ ယောင်္ကျားတွေအတွက် ပုခုံးပေါ်က အပွင့်
    တွေကိုရည်ညွှန်းတာဖြစ်ပြီး မိန်းမတွေအတွက် ဆံထုံးပေါ်က စိန်ပွင့်များကို
    ရည်ညွှန်းတာဖြစ်ပါကြောင်း။

  1. Anonymous said... :

    မိမိကိုယ်တိုင်က ဘယ်အပေါက်ကထွက်လာသလဲ မစဉ်းစားတဲ့ ယောင်္ကျားတွေ
    ဘယ်အောက်ရောက်ရင် ဘုန်းနိမ့်မယ်ဘာညာ စသည်ဖြင့် ငယ်ငယ်ကတည်းက
    မိဘတွေကိုယ်တိုင်ကပြောခဲ့ကြတာ မိန်းမတွေကို အဆင့်နိမ့်အတန်းအစားတရပ်
    အဖြစ်ဖန်တီးခဲ့တာ ကုလားပြည်ကဆင်းသက်လာတဲ့ ဇာတ်ခွဲခြားဆက်ဆံတဲ့ ၀ါဒ
    တခုပါ။ တကယ်တော့ မိန်းမယောင်္ကျား အတူတူ လူဟာလူပါဘဲ။ တော်တဲ့သူ
    အရည်အချင်းရှိတဲ့သူက အထက်ရောက်မှာ အမှန်ပါဘဲ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved