ရန်ကုန် ရွှေဂုံတိုင်က NLD ရုံးချုပ်မှာ ဒီနေ့ “လွတ်မြောက် နိုင်ငံရေးအကျဉ်းသားများ ကြိုဆိုနှုတ်ဆက်ပွဲနဲ့ ရွေးကောက်ပွဲဆိုင်ရာ စာတမ်းဖတ်ပွဲ ကျင်းပခဲ့ပါတယ်။
အဲဒီပွဲမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က “ပြည်သူတရပ်လုံး ဆန္ဒမဲပေးခဲ့ကြပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို မျက်ကွယ်ပြုခြင်းဟာ ပြည်သူ့ဆန္ဒကို ချေဖျက်တာ ဖြစ်ပြီး ဒီမိုကရေစီ မဆန်တဲ့ လုပ်ရပ်ဖြစ်တယ်၊ တိုင်းပြည်သမိုင်းအတွက် သိက္ခာကျစေတဲ့ လုပ်ရပ်တခုလည်း ဖြစ်တယ်” လို့ ပြောခဲ့ပါတယ်။

သတင်းအပြည့်အစုံကို ဧရာဝတီ ဝက်ဘ်ဆိုက်မှာ မကြာခင် ဖတ်ရပါမယ်။
0 comments :
Post a Comment