စာရေးဆရာကြီး နတ်နွယ် ကွယ်လွန် (၁၉၃၃-၂၀၁၁)

Wednesday, May 11, 2011

စာရေးဆရာကြီး နတ်နွယ်သည် ယနေနံနက် ၁၁ နာရီခန့်က မြောက်ဒဂုံ နေအိမ်၌ ကွယ်လွန်သွားသည်။ ကွယ်လွန်ချိန်တွင် အသက် ၇၈ နှစ် ရှိပြီဖြစ်သည်။ နာရေးကူညီမှုအသင်း (ရန်ကုန်) က ရုပ်ကလာပ်အား ရေဝေးသုဿန် အအေးခန်းသို့ နေ့လည် ၂ နာရီတွင် ပို့ဆောင်ပေးသည်။

ဆရာနတ်နွယ်သည် မတ်လကတည်းက အသည်းအသန်ဖြစ်သဖြင့် မြောက်ဥက္ကလာဆေးရုံကြီးသို့ တင်ခဲ့ရသေးသည်။

ဆရာနတ်နွယ်၏ ကလောင် အမည်ခွဲများမှာ မောင်မြင့်နောင်၊ ကလောင်သစ်၊ နီနီ၊ မောင်တင်အေး၊ မုလာဒင်၊ အေးနီ၊ မြင့်ကေသီ၊ လှမြင့်၊ ကျောက်တိုင်၊ မိုးဇော်ဟိန်း၊ ပျံလွှား၊ မှန်ပြောင်းသစ်၊ စိန်အိုးစည်၊ ဘွဲ့ဖြူ၊ ကောင်းမြတ်၊ ဇင်သောင်း၊ ရွှေစင်၊ မင်းရာကျော်၊ မလိခ (မင်းကျော်နှင့် တွဲလျက်) ကောလိယတို့ ဖြစ်သည်။

စာရေးဆရာ နတ်နွယ်သည် ငယ်စဉ်က မြစ်ကြီးနားမြို့ စောင်းဖန်း အထက်တန်းကျောင်း၊ မန္တလေးမြို့ ဗုဒ္ဓသာသနာ့ နုဂ္ဂဟ အထက်တန်း ကျောင်းနှင့် ရန်ကုန် တက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့သည်။

စုံထောက် မဂ္ဂဇင်း အယ်ဒီတာ၊ အယ်ဒီတာချုပ်၊ လျှို့ဝှက်သည်းဖို မဂ္ဂဇင်းတွင် တာဝန်ခံ အယ်ဒီတာ၊ အမျိုးသား သတင်းစာတွင် ဘာသာပြန် အယ်ဒီတာ၊ မိုးဝေ မဂ္ဂဇင်းတွင် အယ်ဒီတာချုပ်နှင့် နွယ်နီ မဂ္ဂဇင်း အယ်ဒီတာချုပ် အဖြစ် လုပ်ကိုင်ခဲ့သည်။

၁၉၅ဝ ပြည့်နှစ်၊ ဇွန်လ ၂၈ ရက်နေ့ထုတ် ဟံသာဝတီ သတင်းစာ မဂ္ဂဇင်း ကဏ္ဍတွင် ကျောင်းသူမ ကဗျာဖြင့် စာပေ လောကသို့ ရောက်ခဲ့သည်။ မဂ္ဂဇင်း၊ ဂျာနယ်များတွင် ဆောင်းပါး၊ ဝတ္ထု၊ ဝေဖန်စာနှင့် ဘာသာပြန်များ အမြောက်အမြား ရေးခဲ့ပြီး လုံးချင်း ဝတ္ထုနှင့် ဘာသာပြန် လုံးချင်း ဝတ္ထုများလည်း ၁ဝဝ ကျော် ရေးသား ခဲ့သည်။

မိုးဇော်ဟိန်း အမည်ဖြင့်လည်း ဘာသာပြန် လုံးချင်း ဝတ္ထုများ ရေးသားခဲ့သည်။ မင်းကျော်နှင့် တွဲပြီး မလိခ ကလောင် အမည်ဖြင့် မြန်မာ ဝတ္ထုအညွှန်းများ ရေးသားခဲ့သည်။

ရေးသား ပြုစု ထုတ်ဝေခဲ့သော စာအုပ်များမှာ -

# ကာရာမာဇော့ဗ် ညီအစ်ကိုများ (ပ+ဒု) - ၂၀၀၂ ခုနှစ်
# ကုဋေကုဋာ သိန်းသန်း တန်တော့တယ် - ၁၉၉၇ ခုနှစ်
# ကုသိုလ်တပဲ ငရဲတပိသာ - ၁၉၆၉ ခုနှစ်
# ကေသရာဇာ - ၁၉၇၄ ခုနှစ်
# ကမ္ဘာပတ်လည် ရက်ရှစ်ဆယ် - ၁၉၆ဝ ခုနှစ် (Round The World in Eighty Days)
# ကမ္ဘာမြေအနှံ့ - ၁၉၆၁ ခုနှစ်
# ကမ္ဘာရန် - ၁၉၆၈ ခုနှစ်
# ကမ္ဘာ့ ဝတ္ထုအညွှန်း - ၁၉၉၆ ခုနှစ်
# ကျွန်မအသက် သပြေခက် - ၁၉၇၄ ခုနှစ်
# ကျားမျက်လုံးနဲ့ ကြောင်မျက်နှာ - ၁၉၇၅ ခုနှစ်
# ကျော်ဇေယျနှင့် သံကွန်ချာ ခုနစ်ထပ် - ၁၉၇၅ ခုနှစ်
# ကျောက်ဘီလူး - ၁၉၆၄ ခုနှစ်
# ချစ်သူနှင့် တခဏ မုန်းသူနှင့် တဘဝ - ၁၉၇၃ ခုနှစ်
# ချစ်သူရှိသောမြို့ - ၁၉၆ဝ ပြည့်နှစ်
# ချစ်သောကြောင့် - ၁၉၅၆ ခုနှစ်
# ဂါမဏိ - ၁၉၇၈ ခုနှစ်



# ငြမ်း - ၁၉၇၈ ခုနှစ်
# ငွေလကိုမြင် ကြယ်စင်မဟုတ်ဘူး - ၁၉၇၈ ခုနှစ်
# စိတ်ထဲမှာ တကမ္ဘာ - ၁၉၇၄ ခုနှစ်
# စိန်ခေါ်ပွဲ - ၁၉၈၇ ခုနှစ်
# ဇော်မိုးဟိန်းနှင့် နန်းသက်မွန် ကျောက်ရုပ် - ၁၉၈၁ ခုနှစ်
# ဇော်မိုးဟိန်းနှင့် သိန်းလေးဆယ် မာယာ - ၁၉၈၂ ခုနှစ်
# ဇာတ်သမအလယ် - ၁၉၆၁ ခုနှစ်
# ညဈေးတန်းအစ - ၁၉၆၁ ခုနှစ်
# ညီအစ်မများနှင့် လူစိမ်းများ - ၁၉၈၂ ခုနှစ်
# တကွေ့တော့ တွေ့ကြဦးမယ် - ၁၉၆၆ ခုနှစ်
# တခိုင်နန်းမို့ လွမ်းလဲ့ရည် - ၁၉၇၈ ခုနှစ်
# တဆယ် (၁ဝ) (နတ်နွယ်၊ မိုးဝေ) - ၁၉၆၄ ခုနှစ်
# တနေ့မဟုတ် တနေ့ - ၁၉၆၅ ခုနှစ်
# တပင်ကို နှစ်ပင်ယှက်တယ် - ၁၉၇၄ ခုနှစ်
# တမင်သက်သက် - ၁၉၆၁ ခုနှစ်
# တဝဲလည်လည် - ၁၉၆၁ ခုနှစ်
# တက္ကသိုလ်နှင့် ပြင်ပကမ္ဘာ - ၁၉၆၇ ခုနှစ်
# တဖန်ပြန်၍ မနိုးသော ဝေဒနာ (Coma) - ၁၉၈၃ ခုနှစ်
# တယောက်က မာယာ - ၁၉၇၃ ခုနှစ် ၃၅။ တံခွန်တိုင် မောင်နှမများ - ၁၉၇၂ ခုနှစ်
# တိတ်တဆိတ် - ၁၉၆၁ ခုနှစ်
# တိမ်စွယ်မှာ ကွယ်သောနေ - ၁၉၈၁ ခုနှစ်
# ဒက်ဇယ်လာ (Dagqelers) - ၁၉၈၇ ခုနှစ်
# ဒဏ္ဍရီ - ၁၉၇၈ ခုနှစ်
# နေ့ကန့်လန့်ကာ လပဝါ - ၁၉၇၅ ခုနှစ်
# နောက်ဆုံးတနေ့ နောက်ဆုံးကမ္ဘာ - ၁၉၇၆ ခုနှစ်
# နန္ဒဝန်သို့အပြန် - ၁၉၇၂ ခုနှစ်
# နန်းစံပယ်နှင့် တယောက်ပြီး တယောက် - ၁၉၇၂ ခုနှစ်
# နန်းသက်မွန်နှင့် မျက်နှာစိမ်းများ - ၁၉၇၃ ခုနှစ်
# နွဲ့ဝါ - ၁၉၇၆ ခုနှစ်
# နှမထွေးမယ့်ကို လိုလျှင် - ၁၉၆၁ ခုနှစ်
# နှစ်ကြီးသမား - ၁၉၅၇ ခုနှစ်
# နွယ်နီနိုင်ငံတကာ အဘိဓာန် - ၁၉၉၄ ခုနှစ်
# နွယ်နီအာရှ နှစ်ချုပ် (၁၉၉၄) - ၁၉၉၄ ခုနှစ်
# နွယ်နီအာရှ နှစ်ချုပ် (၁၉၉၅) - ၁၉၉၅ ခုနှစ်
# ပေါက်ပင်ကစိမ်း ကျေးကစိမ်း - ၁၉၇၉ ခုနှစ်
# ပဉ္စမံအသည်း ပဉ္စလက် အပြုံး - ၁၉၇၉ ခုနှစ်
# ပုဏ္ဏက - ၁၉၈ဝ ပြည့်နှစ်
# ပြာပြာညိုရောင် မှိုင်းလဲ့လဲ့ - ၁၉၇၅ ခုနှစ်
# ဘဝဟူသည် (My Life) - ၁၉၉၁ ခုနှစ်
# ဘယ်ယိမ်းညာနွဲ့ ဘယ်ပြန်နွဲ့ - ၁၉၇၇ ခုနှစ်
# မကွယ်သောနေ့က ကြွေသောပန်း - ၁၉၈၄ ခုနှစ်
# မနေ့တနေ့က ရွာတဲ့မိုး
# မပြီးဆုံးသေးသောည - ၁၉၇၅ ခုနှစ်
# မသန္တာ မသိပါ - ၁၉၇၃ ခုနှစ်
# မီးခိုးမဆုံး မိုးမဆုံး - ၁၉၆၇ ခုနှစ်
# မိုးညဖြူဖြူ - ၁၉၆၂ ခုနှစ်
# မိုးထဲလေထဲ - ၁၉၅၄ ခုနှစ်
# မိုးဖြူစမဲ မိုးမည်းမရွာ - ၁၉၇၉ ခုနှစ်
# မိုးမှာစနေ လေမှာရာဟု - ၁၉၇၅ ခုနှစ်
# မောင်နှင့်သာအတူ - ၁၉၆၁ ခုနှစ်
# မောင်နှင့်သာအတူ ကမ္ဘာမြေအနှံ့ - ၁၉၇၃ ခုနှစ်
# မျက်ဝါးထင်ထင် - ၁၉၅၆ ခုနှစ်
# မုန်းပင်အောက်မှာ ချစ်သူရှာ - ၁၉၇၆ ခုနှစ်
# မျက်တောင်ကော့နဲ့ မျက်ထားညို - ၁၉၇၂ ခုနှစ်
# မျက်နှာမှာအပြုံး မျက်လုံးမှာဒေါသ - ၁၉၇၃ ခုနှစ်
# မြသဇင် - ၁၉၆၆ ခုနှစ်
# မြေအောက်သဇင် - ၁၉၅၉ ခုနှစ်
# မြန်မာပြည် မြောက်ပိုင်း (အတွဲ - ၁) - ၁၉၆၆ ခုနှစ်
# မြန်မာပြည် မြောက်ပိုင်း (အတွဲ - ၂) - ၁၉၆၇ ခုနှစ်
# မှုခင်းစုံထောက် ကိုယ်တွေ့မှတ်တမ်း (Diary) - ၁၉၆၂ ခုနှစ်
# ယုဇနမာလာ - ၁၉၈ဝ ပြည့်နှစ်
# ရတနာလိုဏ်ဂူ - ၁၉၆ဝ ပြည့်နှစ်
# ရာမည - ၁၉၇၈ ခုနှစ်
# ရောမကမိန်းမပျက် (Woman of Rome) - ၁၉၆၄ ခုနှစ်
# ရန်သူတရာ မိတ်ဆွေတယောက် - ၁၉၇၃ ခုနှစ်
# ရှက်စဖွယ် (Shame) - ၁၉၆၁ ခုနှစ်
# ရွှေနှင့်ယိုးမှား ပန်းစကား - ၁၉ရဝ ပြည့်နှစ်
# ရွှေဖလားနှင့် မိုးခါးရေ - ၁၉၆၁ ခုနှစ်
# လကွယ်နေ့ည - ၁၉၆၈ ခုနှစ်
# လေကစားကြွားတလူလူဝေ - ၁၉၇၇ ခုနှစ်
# လင်းအရုဏ်ဦး - ၁၉၈၅ ခုနှစ်
# ဝင်္ကပါ - ၁၉၆၃ ခုနှစ်
# သီတာခုနစ်တန် တောင်စဉ်ခုနစ်ထပ် - ၁၉၇၂ ခုနှစ်
# သစ်တုံးမှန်လျှင် ဆန်လိမ့်မည် - ၁၉၈၂ ခုနှစ်
# သည်ခေတ်နှင့် သည်မောင်နှမများ - ၁၉၇၂ ခုနှစ်
# သည်တောင်တန်းမှာ မောင်ထမ်းခေါ်ပါ့မယ် - ၁၉၈၃ ခုနှစ်
# သန္တာကျွန်း (Coral Island) - ၁၉၆ဝ ပြည့်နှစ်
# သိင်္ဂီတဝက် ရွှေတဝက် - ၁၉၇၄ ခုနှစ်
# သုံးနှစ်သုံးမိုး (Three Years) - ၁၉၉ဝ ပြည့်နှစ်
# အကွေ့တထောင်
# အချစ်လှေလောင်းနဲ့ ခေတ်ရေစီးကြောင်း ဆန်တက်မယ် (ပ-တွဲ) - ၁၉၈၉ ခုနှစ်
# အချစ်လှေလောင်းနဲ့ ခေတ်ရေစီးကြောင်း ဆန်တက်မယ် (ဒု-တွဲ) - ၁၉၈၉ ခုနှစ်
# အနီးအဝေး အနိမ့်အမြင့် - ၁၉၆၅ ခုနှစ်
# အနောက်မိုးကုပ် စက်ဝိုင်း - ၁၉၆ဝ ပြည့်နှစ်
# အပျံသင်စ - ၁၉၆ဝ ပြည့်နှစ်
# အပြာ - ၁၉၅၆ ခုနှစ်
# အပြာနှင့် အဝါ - ၁၉၇၁ ခုနှစ်
# အပြာ အဝါ - ၁၉၆၇ ခုနှစ်
# အပြင်မှာငွေလ ရင်ထဲမှာ နေဆယ်စင်း - ၁၉၈၃ ခုနှစ်
# အဖြူရောင် သစ္စာပန်းတပွင့် (ပထမတွဲ) - ၁၉၈၈ ခုနှစ်
# အဖြူရောင် သစ္စာပန်းတပွင့် (ဒုတိယတွဲ) - ၁၉၈၈ ခုနှစ်
# အများနှင့်တယောက် (Fever) - ၁၉၈၃ ခုနှစ်
# အဝါ - ၁၉၆ဝ ပြည့်နှစ်
# အရိပ်သုံးပါး နားမလည် -၁၉၈ဝ ပြည့်နှစ်
# အရုပ်နဂါး အရုပ်ကျား - ၁၉၇၄ ခုနှစ်
# အရှေ့စူးစူး အနောက်ယွန်းယွန်း - ၁၉၆၉ ခုနှစ်
# အရှေ့ မိုးကောင်းကင် အမှတ် (၁) - ၁၉၆၅ ခုနှစ် (Baltic Skies)
# အရှေ့ မိုးကောင်းကင် အမှတ် (၂) - ၁၉၆၅ ခုနှစ် (Baltic Skies)
# အလည်လာတဲ့ မိန်းကလေးရယ် - ၁၉၇၄ ခုနှစ်
# အလွမ်း၏ အလွမ်း - ၁၉၈၁ ခုနှစ်
# အဏ္ဏဝါပြင်မှာ ထင်သောလ - ၁၉၈၁ ခုနှစ်
# ဣန္ဒာနီလာ သန္တာပုလဲ - ၁၉၇၇ ခုနှစ်
# အုံးအုံးကျွက်ကျွက် - ၁၉၆၅ ခုနှစ်

ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာန (ရုံးချုပ်) စာတည်း အဖွဲ့က စုဆောင်း ပြုစုတဲ့ 'နှစ်ဆယ် ရာစု မြန်မာ စာရေး ဆရာ များနှင့် စာစု စာရင်း' စာအုပ် (ပညာရွှေတောင် စာအုပ်တိုက်)၂ဝဝ၃ ခုနှစ်၊ ဧပြီလ(ပထမ အကြိမ်) မှ။ (မြန်မာဝီကီပီဒီယားမှ တဆင့်ပြန်ကူးပါသည်။)

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved