ရယ်စရာ ပဟေဠိ အမှတ် ဝ၁၄ အဖြေများ

Tuesday, May 31, 2011


တရုတ်ြပည်ရောက် သမ္မတဦးသိန်းစိန်ကို ကြိုဆိုတဲ့ အခမ်းအနားမှာ ရိုက်ထားတဲ့ ဓာတ်ပုံ။

အဲဒီမှာ နိုင်ငံတော်သီချင်း ၂ ပုဒ် တီးတယ်၊ ဂုဏ်ပြုတပ်ဖွဲ့က အလေးပြုတယ်။

မေးခွန်း ၁ - ဟူဂျင်တောင်က တခုခု ပြောနေပေမယ့် ဦးသိန်းစိန် ငြိမ်သက်နေတာ ဘာကြောင့်လဲ။
သဲလွန်စ - သေပြီဆရာ။

အဖြေ - မြန်မာနိုင်ငံတော်သီချင်းတီးတဲ့အချိန်မှာ "xxx ဒါ ဒို့ပြည် ဒါ ဒို့မြေ ဒို့ပိုင်တဲ့မြေ xxx" ဆိုတဲ့ နေရာ ရောက်တော့ ဟူဂျင်တောင်က ပီပီသသ လိုက်ဆိုသတဲ့။ ဒါကြောင့် ဦးသိန်းစိန်က ကြက်သေ သေသွားပြီး မလှုပ်မရှား ဖြစ်သွားတယ်။ သီချင်း ၂ပုဒ်လည်း ပြီးရော ဟူဂျင်တောင်က go this way လို့ ပြောနေတဲ့ပုံပါ။

မေးခွန်း ၂ - သိပ်မကြာသေးပါဘူး၊ ကြံ့ခိုင်ရေးပါတီဝင်တွေက သူတို့အိမ်တွေက ဘုရားစင်မှာ အမြတ်တနိုး ရိုရိုသေသေ တင်ထားတာ တခုရှိတယ် တဲ့။ အဲဒါ ဘာပါလိမ့်။
သဲလွန်စ - ပလပ်စတစ်တောင် လောင်းထားသေး။

အဖြေ -
ကြိုတင်မဲတွေကို ဘုရားစင်မှာ တင်ထားတာပါ။ ၂၀၁၀ ရွေးကောက်ပွဲမှာ ကြိုတင်မဲ ဆိုတာတွေကြောင့် ကြံ့ခိုင်ရေးပါတီ ၀က်ဝက်ကွဲ၊ တောင်ပြိုကမ်းပြို နိုင်သွားတယ် မဟုတ်လား။

ဖြေကြ ဖတ်ကြ ဟားကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ စာဖတ်သူတို့ရဲ့ အဖြေတွေကို ဒီမှာ blogger.com/comment.g?blogID=4749642226130897912&postID=5059796421279392462 ကြည့်ပါ။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved