မန္တလေး ကျောက်ဝိုင်း ရန်ပွဲ ရဲ ၁၀၀ ကျော် ရောက်လာ
Monday, June 27, 2011
(ဧရာဝတီ မြန်မာပိုင်းတွင် သတင်းအပြည့်အစုံ ဖတ်ရန်)
မန္တလေးမှာ တရုတ်ပြည်ကလာတဲ့ ကျောက်ဝယ်သူတချို့ နဲ့ မန္တလေးကျောက်လောကသားတချို့ ဒီနေ့ ပဋိပက္ခဖြစ်ကြတယ်တဲ့။
Facebook မှာ တွေ့ရတဲ့ ဓာတ်ပုံတွေ အချက်အလက်တွေကို ကူးယူ ဖော်ပြလိုက်ပါတယ်။
(ပထမဆုံးပုံမှာ ရဲတွေကို အနီးကပ် ဓာတ်ပုံရိုက်နေသူတယောက်ကို တွေ့ရမယ်။ ဆိုင်ကယ်ဦးထုပ် အနီနဲ့။ လုံခြုံရေးအရ ဦးထုပ်ဆောင်းထားတာလို့ ယူဆရပါတယ်။ တခြားပုံတွေမှာလည်း တယ်လီဖုန်းနဲ့ ဓာတ်ပုံရိုက်မှတ်တမ်းတင်သူတွေကို တွေ့ရမှာပါ။ မီဒီယာကို ထိန်းဖို့ဆိုတာ မလွယ်တော့ပါ)။
မနက်ကိုးနာရီလောက်က စဖြစ်တယ်ပြောတယ်။ ကိုမော်ကြီးဆိုတဲ့ကျောက်သမားဆီက သိန်းလေးဆယ်နဲ့ဈေးဖြတ်ထားတဲ့ ကျောက်ကိုတရုတ်တွေ မယူလို့ စကားများပြီး တရုတ်တွေက ကိုမော်ကြီးကို ၀ိုင်းထိုးကြတယ်။
အဲဒီမှာ မြန်မာတွေအများကြီးဝိုင်းလာပြီး ထုကြနှက်ကြပေါ့။ နောက်တော့ ရဲတွေ ရောက်လာတယ်။ တရုတ်တွေရှိတဲ့ဆိုင်ကို မြန်မာတွေ အများကြီးဝိုင်း ထားတဲ့နေရာကို ငါးမြို့နယ်က ရဲတပ်ဖွဲ့အင်အား ၁၀၀ လောက်လာပြီးကာထားရတယ်။ အုပ်ချုပ်ရေးရုံးကနေ မြန်မာတွေ လူစုခွဲဖို့ မိုက်နဲ့ အဆက်မပြက် အော်နေတယ်။ မြန်မာတွေလည်း လူစုမခွဲပဲ များများလာတယ်။
နောက်ပိုင်းတရုတ်တွေကို ရဲကားနဲ့ ထုတ်သွားရတယ်။ အားလုံးပေါင်း တရုတ် ၆ ယောက်ကို လက်ထိပ်ခက်ပြီး ခေါ်သွားတယ်။ အထိုးခံရတဲ့ ကိုမော်ကြီးကိုတော့ ဆေးရုံပို့လိုက်ရတယ်လို့ သိရပါတယ်။
ဒီနေ့တော့ ကျောက်ဝိုင်းကို ပိတ်လိုက်ပြီး အပြင်ကလူတွေ အ၀င်မခံတော့ပါဘူး။
ပြဿနာတက်ခဲ့တဲ့ တရုတ်ဆိုင်
ပြဿနာတက်တဲ့ တရုတ်တွေ
ဝိုင်းအော်နေတဲ့ကြားကတရုတ်တွေကိုကားနဲ့ထုတ်သွားတယ်
တရုတ်ဆိုင်ကိုမြန်မာတွေအများကြီးဝိုင်းထားတယ်။ ၀ိုင်းဆဲကြတယ်
ရဲကအကာအကွယ်ပေးပြီး တရုတ်တွေကိုထုတ်သွားရတယ်
8 comments :
  1. Anonymous said... :
    အဖေကြီးရဲ့လူတွေနဲ့ဖြစ်တာတဲ့ဟေ့။ ပြည်တွင်းကတရုတ်တွေဆိုကိစ္စမရှိဘူး။
    အခုဟာကအကြွေးတွေလဲယူထားပြီးပြီ အဖေကြီးကျေးဇူးတွေကနဲတာမဟုတ်ဘူး။
    လုံးဝအထိအခိုက်မရှိစေနဲ့ အသက်နဲ့လဲပြီးကာကွယ်ကြ။
    ပုံ
    ကြောင်စိန်
  1. မောင်ဗမာ said... :
    ကျနော်ဟာ ဗမာလူမျိုးတစ်ယောက်ပါ။ အစိုးရအနေနဲ့ လူမျိုးရေး အဓိကရုဏ်းဘက်ကို ဦးတည်မသွားရအောင် အမြန်ဆုံးကိုင်တွယ်လုပ်ဆောင်သင့်ပါတယ်။ နစ်နာသွားတဲ့ ဗမာများအတွက် ကျေနပ်မှုရ အောင် လုပ်ပေးစေလိုတယ်။ လူမျိုးရေး အဓိကရုဏ်း ဖြစ်မှာ လုံးဝ မလိုလားပါ။
  1. Anonymous said... :
    ဟေးးးးးးးးး ၀လို့စလုပ်လူမျိုးတွေကို မီထိနဲ့ ၀တို့မှ လုတဲ့ အခွင့်အရေးရှိတယ် နင်လို့ ဖိမာတွေမှာ မရှိလည်
  1. Anonymous said... :
    ငါတိုတရုတ်တွေက မင်းတိုဗမာတွေကို ဂရုမစိုက်ဘူး ဆိုတာပြလိုက်တာဘဲ ။
  1. ရေခြားမြေခြားမဟုတ်ဘူး။ မြန်မာ့မြေပေါ်မှာတောင် အစော်ကားခံရတော့မှာလား......
  1. Anonymous said... :
    တရုတ်-ကုလား မေ သရဏံ ဂစ္ဆာမိ-ပါဘုရား
  1. Anonymous said... :
    RFA posted different story
    http://www.rfa.org/burmese/news/chinese_burmese_gem_trader_conflict-06272011113420.html
    it seems burmese guy's fault..
    but Irrawaddy's post seems chinese's fault...
    WTH...lolX
  1. Anonymous said... :
    အခုတစ်ေလာ ဗမာြပည်က အာဖရိကနုိင်ငံဘက်ကလုိမျုိး လုထုအုံြကွမယ့် ဘက်ကုိြဖစ်လာဖုိ့ ဂွင်ဖန်ေနသလုိြဖစ်လာေနတယ်။ အင်း...... ြဖစ်ရင်လဲ တကယ်ပဲ တူနီးရှား၊ အီဂျစ်တုိ့လုိ ပဲြွပတ်ယင်ေတာ့ အုိေကပါတယ်။ ဒါေပမယ့် လစ်ဗျား၊ ဆီးရိယား၊ ယီမင် တုိ့လုိ ေြမွမေသ မေသ ဒုတ်မကျုိး တဲွလုိ ေတာင်းေလာင်နဲ့ဆုိယင်ေတာ့ ေြမဇာပင်ကေတာ့ အြပစ်မဲ့ြပည်သူေတွအတါက် မေတွးဝံစရာပါပဲ။
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved