တခုခုတော့ လွဲနေပြီ (၁)

Wednesday, June 29, 2011

ကျားပေါက်၊ ဇွန် ၂၉၊ ၂၀၁၁

ဒီကနေ့ မီဒီယာ သတင်းတွေထဲမှာ ကချင်လွတ်မြောက်ရေး တပ်မတော်နဲ့ အစိုးရအကြား တိုက်ပွဲသတင်း၊ ဒုက္ခသည်သတင်းတွေနဲ့ ပြည့်နှက်နေတာ တွေ့ရပါတယ်။ ဘာကြောင့် ကချင်တွေကို ဦးတည်နေတာလဲ၊ ဘာကြောင့်လဲ၊ ကချင်က မဟာဗျူဟာအရ အရေးပါနေသလား၊ နေပြည်တော်ကို တိုက်ရိုက် ခြိမ်းခြောက်နေသလား အစရှိတဲ့ မေးခွန်းတွေ ပေါ်လာပါတယ်။ ဦးသိန်းစိန် အစိုးရသစ် ပြည်တွင်းစစ်ကို ပြန်စနေတာ၊ ဗျူဟာမှူးတယောက် ကျတာ၊ အစိုးရဘက်က စစ်သား ဒါဇင်နဲ့ချီပြီး အသေအပျောက်စာရင်း အစရှိတာတွေကို ခြုံပြီး တခုခုတော့ လွဲနေပြီလို့ ဆိုနိုင်ပါတယ်။

ကချင်လူမျိုးတွေဟာ နိုင်ငံရေး အသိအမြင် ပိုကြွယ်ဝတယ်လို့ တိုင်းရင်းသားတိုင်းက အသိအမှတ်ပြုရတဲ့ လူမျိုးစုကြီး ဖြစ်ပါတယ်။ နိုင်ငံရေးကို ပါးနပ်မှု၊ စစ်ရေးကျွမ်းကျင်မှု၊ ဘာသာရေး ကိုင်းရှိုင်းမှု၊ စစ်ရေး ကျွမ်းကျင်မှု၊ ပြီးခဲ့တဲ့ နအဖ စစ်အစိုးရနဲ့ ပြေလည်အောင် ဆက်ဆံနိုင်တဲ့ သံတမန်ရေး ကျွမ်းကျင် သူများလည်း ဖြစ်ပါတယ်။

ကချင်လက်နက်ကိုင် အဖွဲ့အစည်းတွေထဲမှာပဲ ဦးဇခုမ်တိန့်ယိမ်းတို့လို လက်နက်နဲ့ ငြိမ်းချမ်းရေး ဒါမှမဟုတ် စစ်တပ်အပေါ် ယုံကြည်မှု အပြည့်အဝ မရသေးဘဲ အပစ်ရပ်ထားတဲ့ အနေအထားမျိုး တွေ့ရပါတယ်။


အမျိုးသားညီလာခံ အပြီး KIO ခေါင်းဆောင်များက ငြိမ်းချမ်းရေးပျက်ခဲ့ပြီလို့ မှတ်ချက်ပေးပါတယ်။ ထောက်လှမ်းရေး အကြီးအကဲနဲ့ ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ခင်ညွန့် ပြုတ်ကတည်းက တိုင်းရင်းသား ငြိမ်းအဖွဲ့များ အသင့်အနေအထားကို ပြန်ရောက်စေပါတယ်။

နအဖကို ပြန်ကြည့်မယ်ဆိုရင်လည်း ဗိုလ်ချုပ်ကျော်ဝင်း (ဖော်ကောင်) လို့ လူသိများပြီး ထောက်လှမ်းရေး နံပတ် ၂ က တိုင်းသားတွေကို ဘယ်လို အင်အားချိနဲ့အောင် လုပ်ရမလဲ၊ ဖွဲ့စည်းပုံထဲ ကျုံးသွင်းရမလဲဆိုတာကို တိုက်ရိုက်တာဝန်ခံ ဆောင်ရွက်ရသူ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ခင်ညွန့်ရဲ့ ဟန်ဆောင် လူစွမ်းကောင်း၊ ငြိမ်းချမ်းရေး သံတမန် မျက်နှာကို အိုးမဲသုတ်သူက ဗိုလ်ချုပ် ကျော်ဝင်းပဲ ဖြစ်ပါတယ်။

နအဖ ထောက်လှမ်းရေးများ ဘဝပြောင်းတဲ့ အချိန်မှာ ဗိုလ်ချုပ်ကျော်ဝင်း အနေနဲ့ သူ့ရဲ့ စုတုပြု စာတမ်းများကို တပ်ချုပ်ဆီ အရောက်ပို့ပေမယ့်လည်း၊ ဗိုလ်ချုပ်စိုးဝင်း၊ ဗိုလ်ချုပ် ရွှေမန်းနဲ့ ဗိုလ်ချုပ် တင်အောင်မြင့်ဦးတို့က သစ္စာဖောက်စာရင်းထဲမှာပဲ ထည့်ခဲ့တဲ့အတွက် ဗိုလ်ချုပ် ကျော်ဝင်းတယောက် သစ္စာဖောက် ဘဝက မတက်လာခဲ့ပါ။ ဒါနဲ့ပဲ ကင်မရာတကိုင်ကိုင်၊ အငယ်တယောက်လည်း ရပြီဆိုတော့ ဘဝမှာ အေးအေးလေးနေနိုင်ပြီလို့ ယူဆလို့ ရပါတယ်။

ရွေးကောက်ပွဲ နီးလာလေ တပ်ချုပ်အနေနဲ့ တိုင်းရင်းသား အပစ်ရပ် လက်နက်ကိုင်တွေအတွက် စိတ်ပူလေလို့ ဆိုပါတယ်။ ၂၀၀၄ ကနေ ၂၀၁၀ အတွင်း ငြိမ်းအဖွဲ့တွေကို ဘယ်လို ကိုင်တွယ်ရမယ်ဆိုတဲ့ ဗျူဟာ မထားခဲ့သလို ဘယ်သူမှ ဂရုမစိုက်တဲ့အတွက် ခြေလွန်လက်လွန် ဖြစ်ခဲ့တာတွေကို ကိုးကန့် အရေးအခင်းမှာ တွေ့ရပါတယ်။

တပ်ချုပ်အနေနဲ့ သူ့ရဲ့ မွေးစားသား ဦးဌေးဦးတို့က ကချင်အပေါ် တော်တော်ကို မျက်စိနောက်တယ်လို့ ဆိုပါတယ်။ KIO လူခွဲ ကစားနေတာ မင်းတို့ သတိမလွတ်စေနဲ့လို့ မကြားတကြား သတိပေးပါသတဲ့။ KIO လူဟောင်းများကလည်း KSPP ထောင်၊ မရတော့ တစည အလံငှား၊ ဆရာ တူးဂျာတောင် ပြည်ခိုင်ဖြိုးကနေ တရားဝင်နိုင်ငံရေးထဲ ဝင်ဖို့ ကြိုးစားလေလေ တပ်ချုပ် စိတ်ပူလေလေပါပဲ။

တပ်ချုပ် စိတ်ပူတာကို ၈ လုံးက ကောင်းကောင်း သိတယ်လို့ ဆိုပါတယ်။ ဝိုးတဝါး သမ္မတသစ် မျက်ဖြူဆိုက်လေလေ ဒုသမ္မတ ပြုံးနေလေလေလို့ ဆိုပါတယ်။

(ဆက်လက် ဖော်ပြပါမည်)

4 comments :

  1. Anonymous said... :

    ဘာမှ မလွဲဘူး။ မင်းတို့ ပဲ သောက်တလွဲဖြစ်နေတာ။ သူက သူအလုပ်သူလုပ်နေတာ။ ရန်သူကိုရန်သူလိုမြင်တာ။ တတ်နိုင်သမျှချေမှုန်းရေးပဲ။ မင်းတို့ သာထင်ရာမြင်ရာ လေဖန်းဒန်းစီးရေး။ စာနယ်ဇင်းလွပ်လပ်ခွင့်အော်ပြီး လက်သင့်ရာလိုင်းတင်။ ဝေစားမျှစား စခန်းသွားနေကြတာ။

  1. Anonymous said... :

    Anonymous ခင်ဗျားအိမ်မှာ ခင်ဗျားနဲ့ရန်ဖြစ်တတ်တဲ့ ခင်ဗျားညီ မူးပြီးရန်းတတ်တဲ့ ခင်းဗျား အကို ကို ခင်ဗျားက ရန်သူလို့မြင်ပါသလားခင်ဗျာ သူတို့ဟာ တမြေထဲမှာ အတူတူမွေးလာခဲ့ကြတာ ရန်သူလို့မြင်စရာ အကြောင်းမရှိပါဘူး တကယ်တမ်းညှိနိုင်းရမှာပါ မောင်ပိုင်စီးချင်တဲ့အကြင့်တွေကိုဖျောက်ပြီး ငြိမ်းချမ်းရေးကို ရှေးရှုပါ
    ပြည်သူတွေငွေနဲ့ သူများနိုင်ငံမှာနေပြီး ကိုယ့်တိုင်းသူပြည်သားတွေ သတ်ဖြတ်ချင်တဲ့စိတ်တွေ ရပ်တမ်းကရပ်ပါတော့ဗျာ

  1. Anonymous said... :

    Anonymous said...
    ဘာမှ မလွဲဘူး။ မင်းတို့ ပဲ သောက်တလွဲဖြစ်နေတာ။ သူက သူအလုပ်သူလုပ်နေတာ။ ရန်သူကိုရန်သူလိုမြင်တာ။ တတ်နိုင်သမျှချေမှုန်းရေးပဲ။ မင်းတို့ သာထင်ရာမြင်ရာ လေဖန်းဒန်းစီးရေး။ စာနယ်ဇင်းလွပ်လပ်ခွင့်အော်ပြီး လက်သင့်ရာလိုင်းတင်။ ဝေစားမျှစား စခန်းသွားနေကြတာ။

    ဒီကွန်မင့်ရေးတဲ့သူအသက်ဘယ်လောက်ရှိပြီလဲ သိချင်လိုက်တာ.. အတွေးအခေါ်အဆင့်မှာ ကလေးအဆင့်ကိုတောင်မမှီလို့ ...

  1. Anonymous said... :

    အပေါ်က သူ့အလုပ်သူလု့ပ်နေတာလို့ရေးတဲ့ သူ ရန်သူလို့ပြည်သူကိုမမြင်နဲ့ ပြည်သူက မင်းတို့ရန်သူမဟုတ်ဘူး မင်းတို့သာ ပြည်သူ့ရဲ့ရန်သူတွေ ဒုက်ခပေးပေါင်းလဲများပြီး နှစ်တွေလဲမနဲ့တော့ဘူး တိုင်းပြည်လဲ ဘယ်အဆင့်ရောက်နေသလဲ မင်းတို့ စစ်တပ်ဆိုတဲ့ကောင်တွေလုပ်လိုက်တာ1962 ကနေအခုထိပဲ သေချာလေ့လာကွ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved