မလေးရောက်မြန်မာပြည်သားတို့အတွက် သတင်းကောင်း

Tuesday, June 7, 2011

မလေးရှားက အိုဗာစတေးသမားတွေ၊ ခိုးဝင် နေထိုင်သူတွေ အကျုံးဝင်မယ် ထင်တယ် -

PHOTO: UTUSAN M'SIA


တရားမ၀င် နေထိုင်သူများကို မလေးရှားမှာ မဖမ်းဆီးတော့ဘဲ အလုပ်လုပ်ခွင့် ပေးလိမ့်မယ် ဆိုတဲ့ ခေါင်းစဉ်နဲ့ AFP သတင်းတပုဒ် မနေ့က ရက်စွဲနဲ့ ထွက်လာပါတယ်။


စိုက်ပျိုးရေးလုပ်ငန်း၊ ၀န်ဆောင်မှု လုပ်ငန်းတွေမှာ လူနည်းနေတဲ့အတွက် တရားမ၀င်နေတဲ့ နိုင်ငံခြားသား ၂ သန်း ၀န်းကျင်ထဲက တချို့ကို အလုပ်လုပ်ခွင့် ပေးမယ် တဲ့။ ပြည်တွင်းလုံခြုံရေးဝန်ကြီး Hishammuddin Hussein က ပြောတယ်လို့ ဆိုပါတယ်။
"သူတို့ကို နိုင်ငံသားဖြစ်ခွင့်ပြုဖို့ မဟုတ်ပါဘူး။ မလေးမှာ တရားဝင် နေထိုင် လုပ်ကိုင်ခွင့် ပေးဖို့ပါ" လို့ ၀န်ကြီးက ဆိုပါသတဲ့။
စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ စက်ရုံ အလုပ်ရုံတွေအပြင် အိမ်အကူ နဲ့ ကလေးထိန်းတဲ့ အလုပ်မျိုးတွေ အတွက် အရှေ့တောင်အာရှနိုင်ငံက အလုပ်သမားတွေကိုပဲ သုံးနေကြတယ်လို့ သတင်းက ဆိုတယ်။
အများစုက လုပ်ခ နည်းတယ်၊ ပြီးတော့ အင်ဒို အလုပ်သမားတွေဆို အလုပ်ချိန် များလွန်းတယ်လို့ ဆိုတယ်။
တရားဝင် အသိအမှတ် ပြုလိုက်ရင် အလုပ်ရကြမယ်၊ လူပွဲစားတွေ အမြတ်ထုတ်တာလည်း မခံရတော့ဘူးလို့ ၀န်ကြီးက ဆိုတယ်။
နိုင်ငံစုံက အလုပ်သမားတွေထဲကမှ ဘယ်သူတွေ အလုပ်လုပ်ခွင့် ရနိုင်တယ်၊ ဒီအစီအစဉ် ဘယ်တော့ အစပြုမယ် ဆိုတာကတော့ မသိရသေးပါဘူး တဲ့။

မူရင်း -



Malaysia to offer illegals amnesty to work

KUALA LUMPUR - MALAYSIA is to offer amnesty to some of its two million illegal immigrants in a plan to ease labour shortages in the plantation and service industries, a senior minister said on Monday.

'(It's) not legalising them to be citizens but legalising them to stay (and work in Malaysia) legally,' Hishammuddin Hussein, who is responsible for internal security, told reporters.

With one of Asia's largest populations of foreign labourers, Malaysia relies heavily on immigrants, especially from neighbouring Southeast Asian countries, to clean homes, care for children and work in construction, plantations and factories.

Many of the illegals are poorly paid Indonesians who work long hours in menial jobs shunned by locals.

Mr Hishammuddin said the scheme to legalise the workers would allow them to gain employment and not be exploited by human traffickers.

The minister did not specify who among Malaysia's illegal immigrant population would be offered the chance to stay, nor were the terms under which they would be granted asylum immediately clear. -- AFP

13 comments :

  1. Anonymous said... :

    တရားမ၀င်သွားရင်တော့ ဖြစ်လာတဲ့ပြသနာတွေကို မြန်မာပြည်က အစိုးရကလည်း ဖြေရှင်းပေးလို့မရဘူး။ထို့အတူ မလေးအစိုးရကလည်း အရေးယူမှာပဲ။ဒါကြောင့် မြန်မာပြည်သားတွေအနေနဲ့ သူများနိုင်ငံကို အချောင်စိတ်ဓာတ်နဲ့ ခိုးမ၀င်ကြပါနဲ့ တရားမ၀င်မသွားကြပါနဲ့။

    တရားဝင် သွားအလုပ်လုပ်။တရားဝင်လမ်းကြောင်းကနေပဲ သွားလာ လုပ်ကိုင်ကြပါ။မြန်မာပြည်သားတွေအတွက် သိက္ခာကျစေတဲ့လုပ်ရပ်တွေမလုပ်ပါနဲ့။ခိုးဝင်တယ်ဆိုတာ သူခိုးပဲ။ငါတို့မြန်မာနိုင်ငံသားတွေဟာ သူခိုးမဟုတ်ဘူး ခိုးချင်ခိုးဝှက်စိတ်ဓာတ်မရှိဘူး။တရားဝင်လမ်းကြောင် ဥပဒေအတွင်းကနေပါ။ကိုယ့်ကြောင့် တိုင်းပြည်နဲ့လူမျိုး ဂုဏ်သိက္ခာကို မကျဆင်းစေပါနဲ့။

    မောင်ပေါက်

  1. Anonymous said... :

    တရားဝင်သွားတဲ့သူတွေ ပြသနာဖြစ်လဲ ဘာမှ လုပ်မပေးပါ အခွန်ဆောင်ရတာပဲ ရှိတယ်....

  1. Anonymous said... :

    လေယဉ်ပျံကြီးစီးပြီးတော့လဲခံခံကြီးသွားချင်တာပေါ့..
    ကျုပ်မှာပိုက်ဆံမှမတက်နိုင်တာ..

  1. Anonymous said... :

    အစိုးရကလည်း သူခိုးပဲ ခိုးချင်ခိုးဝှက်စိတ်ဓာတ် ရှိဒါ ဆန်းသလား၊
    တရားဝင်သွားရင် အစိုးရ သက်ဆိုး ရှည်ကြအုံးမှာ မောင်ပေါက်
    ပြသနာရှာတဲ့ အစိုးရက ပြသနာတွေကို ဖြေရှင်းပေးမလို့လား မောင်ပေါက်

  1. Anonymous said... :

    မောင်ပေါက် ရေ ပေါက်နေလို့များ မင်းဒီစာ ကိုရေးတာလား။တရားဝင် သွားတဲ့ လူတွေ ဒုက္ခတွေ ကြုံလာတော့ မင်းတို့ အစိုးရ သံရုံးက ဘာအကူအညီ ပေးဘူးလို့လည်း ။မင်းမသိတာလား မသိချင်ယောင် ဆောင်နေတာလား။

  1. Anonymous said... :

    မောင်ပေါက် ဗဟုသုတ တော်တော်နဲပုံရတယ်။ ပြည်ပမှာရှိတဲ့မြန်မာသံရုံးမှန်သမျှဟာ အခွန်ကောက်ရုံသက်သက်ပဲထားတာ၊ ကူညီတယ်ဆို ဘာမှမရှိဘူး။ အိုဗာစတေးက နဲနဲ သိက္ခာပိုရှိသေးတယ်။ မလေးက မြန်မာသံရုံးကို ရောက်ဖူးတဲ့ နိုင်ငံခြားသားမှန်သမျှ မြန်မာနိုင်ငံကို အထင်သေးတယ်။ သံရုံးက အလှူခံမဏ္ဍာပ်လောက်ကို မသားနားလို။

  1. Anonymous said... :

    All of Myanmar Embassies in all other countries are same, nothing changed, they came out from same old school.

  1. Anonymous said... :

    မောင်ပေါက် ဘယ်နိုင်ငံကိုမှ မရောက်ဖူးတာ သေချာလောက်တယ်၊

  1. minmin said... :

    ငပေါက်က သူ့အကျိုးထိခိုက်သွားမှာ ပေါက်သွားလို့နေမယ်ထင်တယ်နော်း)

  1. Anonymous said... :

    ငပေါက်က သူ့အကျိုးစီးပွါးထိသွားတာနေမှာပေါ့
    ပေါက်ပေါက်ရှာရှာနော်

  1. Anonymous said... :

    လက်ရှိ ဒီသတင်း မထွက်လာခင်ကတည်းက မလေးရှားမှာ ပွဲစား လူလိမ်တွေ၊ အေးဂျန့်လိုလိုတွေက စိုက်ပျိုးရေး ပါမစ်လိုမျိုးနဲ့ တရားဝင်ဖြစ်အောင် လုပ်ပေးမယ် ရင်းဂစ် ၅၀၀၀ ထောင်လောက် ကျမယ်လို့ ပြောချင်သလိုပြောနေကြပါတယ်။ မြန်မာနိုင်ငံက တရားဝင်လာပြီး ဒီမှာ ကျောင်းလာလျှောက်ကျတဲ့ အခါမှာလည်း မြတ်သုခ စားသောက်ဆိုင် - ကွာလာလမ်ပူက လူလိမ်တွေက စရံ ၂၀၀၀ တောင်း၊ ၂လ ၃လထိ ကျောင်းက အသိအမှတ်မပြုသေးကြောင်း လိမ်လည်ပြောဆိုပြီး ၅၀၀ အိတ်ထဲထဲ့ကာ ၁၅၀၀ ပြန်ပေးတာက တမျိုး ဒုက္ခ အမျိုးမျိုးပါဘဲ။

  1. Anonymous said... :

    တရားမဝင်သွားရင်အစိုးရကဖြေရှင်းပေးလို့
    မရတာမှန်ပါသည်။ တရားဝင်သွားပါလျက် တခုခုဖြစ်လျင်သံရုံးကလက်ပိုက်ကြည့်နေတာလဲ မှန်ပါသည်။ သူတပါးနိုင်ငံရဲ့ ဥပဒေကို (တရားမဝင်ဝင်ရောက်ခြင်း၊ နေထိုင်ခြင်း တရားမဝင်အလုပ်လုပ်ခြင်း အပါအဝင်) လေးစားလိုက်နာသင့်တာလဲမှန်ပါသည်။
    သူခိုးအစိုးရဲ့တိုင်းပြည်ကလာတာမို့ခိုးချင်
    တာမဆန်းတာလဲ (ခိုးချင်သူတို့အတွက်) မှန်ပါသည်။ အိုဗာစတေးက နဲနဲပိုသိက္ခာရှိသေးတယ် ထင်သူတွေလဲ (အိုဗာစတေးချင်သူတို့အတွက်) မှန်ပါသည်။ မလေးက မြန်မာသံရုံးရောက်ဖူးတဲ့ နိုင်ငံခြားငံခြားသားတိုင်း မြန်မာနိုင်ငံကို အထင်သေးတယ်ဆိုတာလဲမှန်ပါလိမ့်မည်။
    အမှန်ကန်ဆုံးအချက်မှာ ယနေ့အနိုင်နိုင်ငံမှာ
    မြန်မာဆိုလျှင်(အစိုးရနှင့်နိုင်ငံကိုရော လူမျိုးကိုပါ) အထင်သေးကြပါသည်။ ဤသည်မှာအထက်က အချက်များနှင့်ကြောင်းကျိုးခိုင်မာစွာဆက်စပ်နေ သည်ဟုယုံကြည်ပါသည်။ သားစဉ်မြေးဆက် အထင်သေးခံရမည့်အရေးကိုတော့ တွေးဆဆင်ခြင် သင့်ကြပါသည်။

  1. ဆရာကြီးလေသံနဲ့ ငပေါက်
    တရားဝင်ပါမစ်ရှိတဲ့သူတွေ ကန့်ထည်းမှာ ဒုက္ခရောက်နေတာမြင်စေချင်တယ်.. သံရုံးကိုယ်စားလှယ်
    မစ္စတာ...ကလည်း ပိုက်ဆံတွေလိမ်သွားလို့ ဂေါက်
    သွားတဲ့သူတွေလည်းရှိတယ် မြန်မာလူမျိုးက ခိုးဝှက်စားတဲ့ အကျင့်မရှိဘူးလို့မင်းကပြောတယ် အခုတော့ သံရုံးကလူကိုတိုင်က ဗြောင်လိမ်သွားတာကွာ.
    ရဲတွေကမေးတယ် မင်းတို့မြန်မာတွေက ဒီလိုပဲလိမ်တတ်လားတဲ့... ငါကတော့ပြန်ဖြေလိုက်တယ်
    စစ်အစိုးရနဲ့ နီစပ်တဲ့သူတိုင်း ကောင်းကောင်းလိမ်တတ်
    တယ်လို့ အခုတော့ ကိုယ်စားလှယ်ပြောင်းသွားပါပီ....

    ပဒန်သေ့(စ်)ထွက် ဖိုးချစ်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved