လူကုန်ကူးခံရသူ မြန်မာ ၅၇ ဦးကို ကယ်တင်

Wednesday, June 15, 2011

ထိုင်းနိုင်ငံအလယ်ပိုင်း ဆူဖန်ဘူရီခရိုင်မှာ ထိုင်း လူကုန်ကူးမှုတိုက်ဖျက်ရေး (ဗဟို) ရဲတပ်ဖွဲ့နဲ့ မြန်မာ့အလုပ်သမားရေး ကူညီဆောင်ရွက်ပေးနေတဲ့ TACDB တို့ ပူးပေါင်းပြီး လူကုန်ကူးတဲ့ အဖွဲ့ကို ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ အဲသလို ဖမ်းဆီးရာမှာ ပိတ်လှောင်ခံထားရသူ မြန်မာ ၅၇ ဦးကို ယမန်နေ့နံနက်က ကယ်တင်လိုက်ကြောင်း သိရပါတယ်။ လူကုန်ကူးသူ မြန်မာနိုင်ငံသား ၃ ဦးနဲ့ ထိုင်းနိုင်ငံသား ၅ ဦး၊ မော်တော်ယာဉ် ၃ စီး၊ လူကုန်ကူးရာမှာ သုံးတဲ့ ငွေစာရင်း စာရွက်စာတမ်းများကိုပါ ဖမ်းဆီးရမိပါတယ်။ သတင်းအပြည့်အစုံ ဖတ်ရန်။ (ဓာတ်ပုံ - TACBD)









0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved