အကြမ်းဖက်တဲ့ နည်းနဲ့ အစိုးရ အပြောင်းအလဲလုပ်မလား

Tuesday, June 28, 2011

photo by reuters

"---အကြမ်းဖက်တဲ့ နည်းနဲ့ အစိုးရ အပြောင်းအလဲလုပ်တာ၊
အကြမ်းဖက်တဲ့ နည်းနဲ့ နိုင်ငံရဲ့ အာဏာကိုလွှဲယူတာ ---"

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက်ပါ။ အပြည့်အစုံကို
ဧရာဝတီ သတင်းထောက် လင်းသန့်က
http://www.irrawaddy.org/bur/index.php/news/6714-2011-06-28-10-23-09 မှာ ရေးသားထားပါတယ်။

2 comments :

  1. Anonymous said... :

    အကြမ်းမဖက်နည်းနဲ့နောက် နှစ်၆၀ ထပ်စောင့်ရမလား အန်တီစုရယ်။ အားလုံးသူလုပ်နိုင်တာ သူလုပ်ပါစေ။ လက်နက်ကိုင်တာ မကောင်းမှန်းသိပါတယ်။ ပြီးတော့ ကိုလုပ်တာပဲ ကောင်းတယ် ဆိုတာလဲမကောင်းဘူး။ အန်တီစု ရော ကမ္ဘာကျော်နေပေမယ့် ဘယ်နေ့လူ့အခွင့်ရေး၊ဒီမိုကရေစီထွန်းကားမယ် ပြောနိုင်လား။ ကျနော်ဒေါ်စုကို အမြဲထောက်ခံတဲ့သူတယောက်ပါ လက်နက်ကိုင်လဲ မဟုတ်ဘူး။ ကျနော်က တော့လုပ်နိုင်တာလုပ်တယ် အားပေးတယ် ။ ဘယ်သူဘာလုပ်လုပ်ပေါ့။ အဓိက က စစ်အာနာရှင် စနစ် ကို မကြိုက်လို့ လုပ်နေတာပဲ။ လက်နက်ကိုင် အဖွဲ့တွေလဲ ညံ့ခဲ့ပါ တယ်။ အထဲက NLDတို့လဲ ညံ့ခဲ့တာပဲ လေ။ ဒေါ်စုလွတ်မှ နဲနဲပြန်လှုပ်လာတာ။ နှစ်၆၀ ပြည်တွင်းစစ်နဲ့ ၈၈ အရေးခင်း ဘယ်ဟာလူပိုသေလဲ အဲဒါလဲမမေ့နဲ့။ ၈၈ကလဲ လူတွေဒီလောက် အသေခံရ တာတောင် ကြားဖြတ် အစိုးရဖွဲ့နိုင်လို့လား။ကျနော် သခင်ကိုယ်တော်မှိုင်းကို အပြည့်ဝ လေးစားသူတော့မဟုတ်ပါ သူဟြေတာ တခုတော့ သဘောကျတယ် (မောင်နု နိုင်ငံရေးလုပ်တယ်ဆိုတာ ပုတီးစိပ်တာမဟုတ်ဘူးတဲ့) ကျနော် ကျနော် မြင်ဖူးသမျှ နိုင်ငံရေးသမားမှာလဲ ဒေါ်စုကလွဲ ရင် ပရိယာယ်ကြွယ်တာကြီးပဲ။ ဗိုလ်ချုလ်လဲလုပ်ခဲ့တာပဲ ဂျပန်နဲ့ပေါင်း အင်္ဂလိပ် ကိုတိုက်၊အင်္ဂလိပ်ကိုပေါင်း ဂျပန် ကိုပြန်တိုက်။ အဓိက က ပြည်သူ့ အကျိုးစီးပွားပဲ။ ဒေါ်စု အနေနဲ့ အားမပေးတောင် ထုတ်ဖော် မဟြေ သင့်ဘူး။ အန်တီကတော့ ကမ္ဘာကျော် တော့ ဒီအချိန်မှာ ဘာပဲဟြေဟြေ သမိုင်းတွင်မှာပါ။ ပြီးတော့ လူတိုင်းကလဲ ဘုရားလောင်းလို သီးခံတဲ့ ပါရမီ ပါမလာဘူးဗျ။ ကျနော်လဲ နောက်နှစ်၆၀ မစောင့် နိုင်တော့တာအမှန်ပဲ၊၊ တိုင်းရင်းသား လက်နက်ကိုင် တွေကလဲ အန်တီစု ကို ထောက်ခံ နေကြမှာပါ။ ဘီဘီစီမှာ အန်တီဟြေ သွားတာ မြန်မာ မှာ အာရပ်ကမ္ဘာ လို လုပ်ရင် ပစ်မယ် ဆိုတော့ ကျနော် တို့ဘာ လုပ် သင့်လဲ
    ရေသောက်ပြီး ဗိုက်မှောက် အိပ် ဖို့တောင် နွေရာသီမှာ ကိုကျော်သူတို့ အဖွဲ့ လှူ မှသောက်ရတဲ့ ပြည်သူတွေကိုရော ဘယ် တော့ မှကယ်နိုင်မှာလဲ။ ခုကျနော်မြင်နေတာက နိုင်ငံရေးသမားတွေ ပရဟိတ သမားဖြစ်သွားတာလား ပရဟိတ ကပဲနိုင်ငံ ရေးလာပဲ။
    နောက်ဆုံးဟြေချင်တာက တော့ မြန်မာ့ နိုင်ငံရေးကို စိတ်မရှည်တာတော့အမှန်ပဲ။

    ကျနော့်အမြင်မှားရင်လဲ သဘောထားကွဲ နိုင်ပါတယ်
    တော်လှန်ရေးသမားအားလုံးကို စာနာလို့ရေးတာပါ။


    လူအေး

  1. Socretes said... :

    တဦးချင်းအနေနဲ့ ဒေါ်စုကို ခေါင်းဆောင်အဖြစ် မှတ်ယူမထားပေမယ့် ဒီကိစ္စမှာ ဒေါ်စုကို ရာနှုန်းပြည့် ထောက်ခံတယ်။ အာဏာကို လက်နက်နဲ့ အကြမ်းဖက်ယူတဲ့အစဉ်အလာကို ညဏ်ပညာရှိရှိ ဆွေးနွေးပြီး ရယူမယ်ဆိုတဲ့ အစဉ်အလာနဲ့ အစားထိုးချင်တဲ့ ဒေါ်စုရဲ့ 
    စကားကိုအပြည့်အ၀ထောက်ခံတယ်။ ဒါကသာလျှင် ပြည်သူလူထုအကျိုးကို အမှန်တကယ်မျှော်ကိုးတဲ့ မျက်စိတဆုံးအမြင်ဖြစ်တယ်။ ဗုဒ္ဓတရားတော်နဲ့ လည်းညီညွတ်တယ်။ လက်နက်နဲ့ တိုက်မှ ရမယ်ထင်တဲ့ မိုက်ဇတ်ရှည်သူများဟာ မျက်တောင်မွေးတဆုံးမြင်သူမျှသာဖြစ်တယ်။
    နှစ် ၆၀ ကျော်သော်ငြား ဗကပ၊ KNU၊ SSA စတဲ့ ဘယ်အဖွဲ့ တွေများ စစ်အာဏာရှင်ကို အားတချက်လျော့သွားအောင်လုပ်နိုင်ခဲ့လဲ။ သူတို့ သာပရုတ်လုံး လို လုံးပါးပါး ပြီး ဟိုကပ်၊ဒီမြှောင်ဖြစ်ကျန်ခဲ့တာ..လူတိုင်းသိနေတာပဲ။ တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်မှုနောက်ကျကျန်ခဲ့စေဖို့ 
    အဟန့် အတားပဲဖြစ်ခဲ့ကြတာ လယ်ပြင်ဆင်သွားသလို ထင်ရှားနေတာပဲ။ ဘုရားကျောင်းကန်တွေနဲ့ မြန်မာပြည်ကို ကဒါဖီ ရဲ့ စစ်တလင်းဖြစ်စေချင်သူဟာ
    မြန်မာပြည်ရဲ့ ရန်သူအစစ်ဖြစ်တယ်။ လက်နက်နဲ့ စသူ လက်နက်နဲ့ ဘ၀သိမ်းကြပေလိမ့်မယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved