ကာတွန်းဟန်လေး နဲ့  အိုင်ဒီယာ

Wednesday, June 29, 2011

ကာတွန်းဆိုတာ သူများရဲ့ ခံစားချက်ကို မျှဝေခံစားပြီး ဖော်ပြပေးတာ တဲ့။ ၂၀၀၉ အင်တာဗျူးတခုမှာ ကိုဟန်လေး ဖြေထားတာပါ။

အရင်တပတ် သောကြာနေ့ နေ့လယ်ပိုင်း မြန်မာပြည် မြို့ကြီးတွေမှာ ပေါက်ကွဲမှု ဖြစ်တော့ သတင်းထောက်တွေ ပြာပြာသလဲ သတင်းလိုက်ကြ မေးကြ ရေးကြပါတယ်။
ကာတွန်းဆရာလည်း ဒီသတင်းတွေနောက် လိုက်တာပါပဲ။ ပြီးတော့ အဲဒီသတင်းကို အခြေခံပြီး ကာတွန်း ဆွဲပါတယ်။
မှတ်တမ်းတင်ထားတဲ့ ပုံတချို့ကို ဖော်ပြပေးလိုက်ပါတယ်။ ကြည့်ပါအုံး။

ကာတွန်းအိုင်ဒီယာကို ခဲတံနဲ့ အရင် ပုံဖော်ပါတယ်။ ပြီးတော့ တက်လာတဲ့သတင်းတွေနဲ့ သူ့ကာတွန်းအိုင်ဒီယာကို ထပ်ပြီး တိုက်ကြည့်တာ တွေ့ရမှာပါ။
ပြီးတော့ Scanner ထဲ ထည့်ပြီး ပုံဖတ်ပါတယ်။ ကွန်ပျူတာထဲ ရောက်သွားတဲ့ပုံကြမ်းကို အရောင်ထည့်တာတွေလုပ်ပြီး ပုံချောဖြစ်အောင် ဆွဲလိုက်တော့ အဲဒီညနေအတွက် တင်မယ့် ကာတွန်း ထွက်လာပါတယ်။
အိုင်ဒီယာ ရပုံက အမြဲတမ်း ဒီပုံစံအတိုင်းတော့ မဟုတ်ပါ။
ဒါက အဲဒီနေ့မှာ မြင်ရတဲ့ ကျွန်ုပ်တို့၏ ကာတွန်းဆရာ အလုပ်လုပ်ပုံတွေပါ။





း)

1 comments :

  1. Socretes said... :

    စကားတစ်ခွန်းမှမပြောပဲ ကိုယ်ပြောလိုရာကို ကာတွန်းတကွက်တည်းနဲ့  ပြောနိုင်တဲ့ အရည်အချင်းကို အကြိုက်ဆုံးပဲ။ ဟိုက္ကူ ကဗျာလိုပေါ့။ ဖန်တီးနိုင်စွမ်းလည်းရှိမှ၊ အနုပညာလည်းမြောက်မှ။ အတွေးအားလည်းကောင်းမှ။ နောင်သမိုင်းမှာ
    အစိုးရအတိုက်အခံလုပ်သူတွေထဲ ကိုဟန်လေးတစ်ယောက်ကိုပဲ တန်ဖိုးအရှိဆုံးလို့  နာမည်တွင်ကျန်ခဲ့မယ်ထင်တယ်ဗျို့ ....။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved