နံရံစာ

Tuesday, June 7, 2011


နံရံစာ ဆိုတာ နံရံမှာ ရေးတဲ့စာပေါ့။
ပုံမှာတော့ ခြံစည်းရိုး အုတ်နံရံမှာ ရေးထားတဲ့ စာကို တွေ့ရမှာပါ။
ဟုတ်ပါတယ်။ ဘန်ကောက်မြို့က မြန်မာသံရုံးပါ။

ပြည်ထောင်စု မြန်မာနိုင်ငံ သံရုံး
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ သံရုံး

ဘာကြောင့် ဒီလို ၂ မျိုး ရေးထားရတာလဲ။

နံရံစာ ထွန်းကားခဲ့တဲ့ ဘာခေတ် ညာခေတ် အလွမ်းပြေလား။
နိုင်ငံအမည် ထပ်ပြောင်းရင် အဟောင်းကို အရောင်တင်ပြီး သုံးဖို့လား။

ယတြာ ခြေတာလား။
ထွင်တာလား။

ဧရာဝတီဘလော့မှာ ပါချင်လို့လား။ (တင်ပေးလိုက်ပါပြီဗျာ)
နိုင်ငံရေးဦးတည်ချက် ၅ ရပ် ဆိုတာထဲမှာ ဒါမျိုးလုပ်ရမယ်လို့ ပါနေသလား။

ငွေ အကြေ မပေးသေးလို့ ဆိုင်းဘုတ်ကုမ္ပဏီက ပညာပြသွားတာလား။
အဆဲ ဆာတာလား။ (ရန်ကုန်မိုဖာက သိရင် လှမ်းဆဲမယ်လေ)

နိုင်ငံနာမည် နည်းနည်း ပြောင်းတာကို မကျေနပ်လို့ အဟောင်းကို မဖျက်တာလား။ (ဒါဆို နိုင်ငံတော် ပုန်ကန်မှုပဲ။ မဲဆောက်ကို ဆင်းတော့ ကိုယ့်လူတို့ရေ)
အထက်က ခွင့်ပြုချက် မရသေးလို့ မဖျက်တာလား။ (အင်း - မလုပ် မရှုပ် မပြုတ် တဲ့။ go ahead ရဲဘော်)

အုတ်နံရံကို အချပ်လိုက် ခွာပြီး ရှေးဟောင်းပစ္စည်း ဈေးကွက်မှာ ထုမလို့လား။ (စိတ်ကူး ကောင်းသားပဲ။ ဧရာဝတီ အယ်ဒီတာ ကိုဂေါ်ကြီး ဆိုတဲ့သူကို စပ်ကြည့်ပါ။ သူ ၀ယ်ဖို့ များတယ်။ အင်းဝခေတ်လက်ရာလို့တော့ ပြောဖို့ လိုမယ်)

နောက်တာပါဗျာ။ ဒီမေးခွန်းတွေကို မဖြေပါနဲ့း)

1 comments :

  1. home said... :

    ငါ့ဆရာတွေ ကြိုးစားပမ်းစား ရှာဖွေထားတဲ့ သတင်းတွေ ဒါအကုန်ပဲလားဟ :lol:

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved