လပြည့်ဝန်းသို့ တမ်းခြင်း ၅

Thursday, June 9, 2011


ဒီတခါ တင်ပေးဖို့ အလှည့်ကျတာက ခင်မောင်တိုး သီဆိုမှုတွေ ဖြစ်ပါတယ်။



ဥပေက္ခာခြေရာ
ကိုနေ၀င်း ရေးတဲ့ထဲမှာ ဒီတပုဒ်ကို သူ အကြိုက်ဆုံး ဖြစ်တယ်လို့ ခင်မောင်တိုးက သီချင်း မစခင် ပြောသွားပါတယ်။ အချစ်သီချင်းပါ။
ယာဉ်အမှီရီရီပြုံးပြန်ပါ စီးရီးထဲမှာ ကိုနေ၀င်း ဆိုခဲ့ပါတယ်။





စိဉ္စမာဏဉာဏ်
သီချင်းခေါင်းစဉ်က ထူးခြားလွန်းပါတယ်။ အောင်ခြင်းရှစ်ပါးထဲက အမျိုးသမီးရဲ့ အမည်ပါ။ "ညင်သာစွာ ဖယ်ခွာတိမ်းရန်၊ ကြံဆောင်ကာ စိဉ္စမာဏဉာဏ်" တဲ့။ သံစဉ်က နားစွဲလွယ်ပေမယ့် စကားလုံးတွေကတော့ သိပ်မလွယ်ပါ။

မူရင်းအဆိုရှင်က မွန်းအောင် ဖြစ်ပါတယ်။
ခင်မောင်တိုးက သူ့ရဲ့ မဇ္ဈိမသံစဉ်လှိုင်းဂယက်များ စီးရီးထဲမှာလည်း ပြန်ထည့်ဆိုပါတယ်။



မလာမယ့်လမ်း
ကိုရဲလွင်နဲ့ တွဲပြီး ရေးထားတာလို့ သိရပါတယ်။ ခင်မောင်တိုးရဲ့ သည်းဦးသစ္စာ စီးရီးထဲက သီချင်းပါ။ အဲဒီတုန်းက တကိုယ်တော် ဆိုထားပေမယ့် ဒီတခါ စင်ပေါ်မှာတော့ အမျိုးသမီးအဆိုရှင် သျှီနဲ့ တွဲပြီး ဆိုထားပါတယ်။။


ဘလော်ဂါတယောက် ရေးထားတဲ့ ဒီစတိတ်ရှိုးအကြောင်း - http://aplar.blogspot.com/2011/02/blog-post_18.html

ဒီဘလော့မှာ တင်ခဲ့သမျှ ကိုနေ၀င်း အမှတ်တရ
လပြည့်ဝန်းသို့ တမ်းခြင်း ၁
လပြည့်ဝန်းသို့ တမ်းခြင်း ၂
လပြည့်ဝန်းသို့ တမ်းခြင်း ၃

လပြည့်ဝန်းသို့ တမ်းခြင်း ၎





0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved