သာသာနဲ့ နာနာနှက်တဲ့ ဆရာ ချစ်ဦးညို

Monday, June 27, 2011

ရန်ကုန်မြို့ မြောက်ဥက္ကလာမှာ မကြာခင်က ကျင်းပခဲ့တဲ့ စာပေဟောပြောပွဲအတွင်း စာရေးဆရာ ချစ်ဦးညို ဟောပြောချက်ပါ။ ပညာသားပါပါလေး နာနာနှက်သွားတာကို ပရိသတ်ကလည်း ဒက်ကနဲ ဒက်ကနဲ သဘောပေါက်ကြလို့ တော်တော်မြိုင်တဲ့ ပွဲဖြစ်ပါတယ်။ အွန်လိုင်းမှာလည်း လူကြိုက်များကြတာမို့ ဒီကနေတဆင့် ရှဲပေးလိုက်ပါတယ်။


http://soundcloud.com/niknayman/chit-oo-nyo

Chit Oo Nyo by Niknayman

11 comments :

  1. Anonymous said... :

    သိပ်လဲမညွှန်းပါနဲ့ဗျာ။ ဧရာဝတီကမညွှန်းလဲ လူတွေသိပါတယ်။ ဘာလို့လဲဆိုတော့ ခင်ဗျားတို့ညွှန်းလိုက်မှ ပိုပြီးဟိုကလန့်သွားမှာစိုးလို့ပါ။

  1. Socretes said... :

    တန်ဖိုးရှိတယ်ဗျာ....မြန်မာတပြည်လုံး ဒီလိုဟောပြောပွဲတွေများများဖြစ်ရင်ကောင်းမှာပဲ။
    ပြည်တွင်းတင်မက၊ ပြည်ပ မှာရော၊ အစိုးရခေါင်းဆောင်တွေရော၊ အတိုက်အခံပုဂ္ဂိုလ်တွေရော၊ ဗမာတင်မက တိုင်းရင်းသားတွေရော ဒီလို ဟောပြောမှုမျိုးကို
    နားထောင်မိကြရင်ကောင်းမှာပဲ...။

  1. Anonymous said... :

    ဒီလိုဟောပြောပွဲ အသံဖိုင်တွေ များများတင်ပေးပါ။ ကျနော်တို့လို အဝေးရောက်နေသူများအတွက်ပါ။ မတင်ချင်လဲ လင့်လေးတွေ မျှဝေပေးပါ ကျေးဇူးတင်ပါတယ်။

  1. Ashin Vasava said... :

    it will be better if you mention how to listen after download this file.

    thank you

    Ashin Vasaava

  1. znlwin said... :

    The speaker targeted to all citizens whom we have to change our habits. Not only for a group of people. Irrawaddy, please don't get into misleading because of your topic.

  1. Anonymous said... :

    ခက်တာကစာရေးဆရာကမူးနေတာဗျ။စကားလုံးတွေတောင်လျှာလိပ်ပီးလုံးနေတယ်လေ။

  1. Anonymous said... :

    အော် လူပဲဗျာ.. အရက်သောက်တာပဲ.. အရက်သောက်တာမဆန်းပါဘူး..

    ဧရာဝတီရေ...သူပြောတဲ့စကားတွေက မကောင်းတာဘာတစ်ခုမှမပါဘူးလေ..သူဖြစ်စေချင်တာတွေပြောသွားတာ....နာနာ နှက်တာမဟုတ်ပါဘူး...စကားလုံးအသုံးအနှုန်းသတိထားပါ....

    ခင်ဗျားတို့ကြောင့်...လူတစ်ယောက် ဒုကမရောက်အောင်ပေါ့ဗျာ..

  1. Scalpal said... :

    We have to admire Saya for his courage to represent the heart of all people of different walks of life from Burma. He definately knows what he is doing and his future is blink and worst of all he may be landed in a dark and lonely room in the notorious Insein prinsin

  1. Anonymous said... :

    http://www.meepyatite.info/
    ဒီမှာ အများကြီးရှိပါတယ် .. facebook မှာလဲရှိပါတယ် ..တန်ဖိုးရှိတဲ့ စာပေးဟောပြောပွဲ အသံဖိုင်တွေပါ။ တန်ဖိုးရှိရှိနားထောင်မယ်လို့ ထင်ပါတယ်

  1. Anonymous said... :

    ဆရာရေ...ဒီ ကနေ ဦးခိုက်ပါတယ်..ပြည်သူ့ စာရေးဆရာ ဆိုတာ သူချစ်တဲ့ ပြည် သူတွေ ရဲ့ လူမူ့ ဘဝ ခံစားချက်တွေကို
    ထပ်တူခံစား ဖော် ထုပ်ပေးနိုင် စွမ်း ရှိသူတွေ ပါ.
    ဒါပေမယ့် ပြည် သူ့ ကို မငဲ့ ကွက် ဘဲ တကိုယ်ရည်ကောင်းစားရေးကို ဦးစားပေးပြီး မြေနိမ့် ရာ လှံစိုက်တတ်တဲ့  ပြည် သူ့ စာရေးဆရာ အမည် ခံ ဆရာနဲ့ တောင်နာမည် ရှေ့ တစ်လုံးတူ တဲ့ ဖားရေးဆရာ မျီုး ကိုတော့ မ( ချစ်နိုင်) ပါဘူး..

  1. ko aye said... :

    အဲလိုပြည်ပ မီဒီယာတွေက အရေမရ အဖတ်မရ ချွန်တွန်းတာကြောင့် ပြည်တွင်းက ဘာမှမဟုတ်တဲ့သူတွေ အဖမ်းခံရတာပဲ။ ချစ်ဦးညို သူ့ ဖာသာပြောတာ ဘာဖြစ်လဲ ။ ပြည်ပကနေပြီ လျှောက်မြှောက်ပေးမနေပါနဲ့ ။ နိုင်ငံအတွက် ပြည်သူအတွက် ဘာမှလဲ လုပ်တာမဟုတ်ပဲနဲ့ ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved