လပြည့်ဝန်းသို့ တမ်းခြင်း ၈

Thursday, June 16, 2011


ဇော်ဝင်းထွဋ်၊ ခင်ဘုဏ်း တို့ရဲ့ ဂုဏ်ပြုသီဆိုမှု

ကိုနေ၀င်း ရေးတဲ့ သီချင်းတွေ အကုန်ကောင်းတယ်လို့ ဇော်ဝင်းထွဋ်က ပြောပါတယ်။
ဇော်ဝင်းထွဋ်က သူ ဘာကြောင့် အရမ်း ပျော်နေရတယ် ဆိုတဲ့အကြောင်း သီချင်းမဆိုခင် ရှင်းပြပါတယ်။


နောက်ခံသီဆိုပေးသူများ။
သူတို့ရဲ့ အားဖြည့်မှုကြောင့် သီချင်းတွေက ပိုပြီး ကောင်းနေပါတယ်။



ခွန်အားဖြည့်မိငယ်
ဇော်ဝင်းထွဋ်

ရော့်ခ်တစ္ဆေက ဒီသီချင်းကို သူ့စတိုင် သူ့ဟန် သူ့မာန်နဲ့ အားရပါးရဆိုပါတယ်။


ခွဲခွာခြင်းကိုနှစ်သိမ့်သောအပြုံး
ခင်ဘုဏ်း

"ချစ်စရာကောင်းတဲ့ သီချင်းလေး" လို့ ခင်ဘုဏ်းက ပြောပါတယ်။
ဟိုတုန်းကတော့ မွန်းအောင် ရဲ့ စီးရီး "၈/၈၂ အင်းလျား" မှာ ကြားခဲ့ရတဲ့သီချင်းပါ။
ခင်ဘုဏ်းပြောတာ ဟုတ်မဟုတ် နားဆင်ကြည့်ရှုပါအုံး။


ရင်ကိုအေးမြရစေသား
ခင်ဘုဏ်း

ဆိုတဲ့သူများရော၊ တီးခတ်သူများရော သီချင်းထဲမှာ နစ်မြှုပ်နေတာ တွေ့ကြရမှာပါ။
တချိန်က အမျိုးသား တေးသံရှင်တွေ ဆိုခဲ့တဲ့ သီချင်းကို ခင်ဘုဏ်းက သူ့ကိုယ်ပိုင်ဟန်နဲ့ ခံစားသီဆိုထားပါတယ်။

လပြည့်ဝန်းသို့ တမ်းခြင်း ၁
လပြည့်ဝန်းသို့ တမ်းခြင်း ၂
လပြည့်ဝန်းသို့ တမ်းခြင်း ၃


လပြည့်ဝန်းသို့ တမ်းခြင်း ၎
လပြည့်ဝန်းသို့ တမ်းခြင်း ၅

လပြည့်ဝန်းသို့ တမ်းခြင်း ၆

လပြည့်ဝန်းသို့ တမ်းခြင်း ၇

9 comments :

  1. Anonymous said... :

    ကိုညီထွဋ်...ခင်ဗျားကတော့ ပေါက်ကြောင်တွေရေလည် လုပ်ပြန်ပြီလား... အရင်ကလဲရော့စတီးဝပ်အသံအတိုင်း လုပ်လို့ကြောင်ပြီးပြီ...ဟော..နောက်မလေးရှားရောက်လို့ Awee နဲ့တွေ့ပြီးတော့လဲ Awee စတိုင်ဖမ်းလာတာ ဒီနေ့အထိပဲ.. အခုမှကိုယ်ပိုင်ဟန်နဲ့ တိုးကြီးသီချင်းကိုဖင်ပြဲအောင် အော်နေ.. ကျွန်တော်တို့ငယ်ငယ်က ခင်ဗျားရဲ့တကယ့်အမှန်အကန် အသံနဲ့စတိုင်ကိုပဲလွမ်းတယ်ဗျာ.. ခင်ဗျားရဲ့ပရိတ်သပ်တစ်ဦး...

  1. Anonymous said... :

    ဟုတ်ပ.. နှမြောလိုက်တာဗျာ.. မိငယ်ကို ဆံပင်မွှေးဆောင့်ဆွဲပြီး အတင်းကာရော ခွန်အားဖြည့်ခိုင်း နေသလိုဖြစ်နေပြီ .. ဘယ်လိုမှ မလိုက်ဖက်ဘူး ညီသစ်နဲ့က၊ ဂရုဏာအသံအအေးနဲ့ ဆိုရမယ့်သီချင်းဗျာ.. ပျက်ပါပြီ။ ညီထွဋ်လဲ သူ့လိုင်းနဲ့ သူကောင်းပါတယ်၊ အခုက ဘာမှ မဆိုင်ဘူးဖြစ်နေတယ်။

  1. Anonymous said... :

    I like none of Ko Nay Win's songs.

  1. စိုးကြီး မဂ်လာဒုံသား said... :

    ကိုညီထွဋ်ရဲ့ ဂန္တ၀င်စိမ်း၊ ဂန္တာရခရီးသည်ကစပြီး ဂျပ်ပစီမိုးတိမ်အပါအ၀င် သီချင်းအားလုံးကို အရူးအမူးဖြစ်ခဲ့သည်။ နောက်ပိုင်း သချင်းဆိုတာနဲ့ မတူပဲ အော်ကြီးဟစ်ကျယ် ရန်ဖြစ်နေသလိုမျိုးတွေတွေံ့လာရတော့ ကျနော် ရင်ထဲကသူထွက်သွားပါပြီ။rypers

  1. Anonymous said... :

    အရင်လူတွေဆိုတာကိုလုံးဝမမှီပါ.
    ကိုတိးုကြီးနှင့်ကိုမွန်းအောင်တို့ အစားရင်နာတယ်.ပေါက်ကရတွေ မလုက်ပါနဲ့ 

  1. သွားပါပြီ.. ဂီတမြင့်မှလူမျိုးမြင့်မယ်လားဘာလား တော့မသိဘူး..
    ကိုယ်မဆိုတက်လို့ သူတို့ကိုအားကိုးပြီး ပရိသတ်လုပ်နေတာ... အခုတော့လုပ်လိုက်ပုံကတော့... နားညီးတယ်ဗျို့ဘာတွေဆိုနေမှန်းကိုမသိဘူး...

  1. Anonymous said... :

    Ko Nyi Htut ရဲ့သီချင်းတွေကို ယခုထိစွဲလန်းကြိုက်နှစ်သက်နေတုန်းပါပဲ..ဒါပေမယ့် အခုသီဆိုပုံကတော့ တော်တော့်ကို စိတ်ပျက်စရာပါ..အဆိုတော် ခင်ဘုဏ်းကိုလဲ နည်းနည်းဝေဖန်ချင်ပါတယ်..တော်တော့်ကိုညံ့ပါတယ်..
    အဆိုတော်လို့တောင်မခေါ်ချင်ဘူး..အဆိုတော်ဆိုတဲ့ဘွဲ့ကိုယူထားပြီး ကီးဝင်အောာင်မဆိုနိုင်တာတော့ ရှက်ဖွယ်ပါပဲ။။ မြန်မာပြည်က ကာရာအိုကေဆိုင်တွေမှာ ဆိုနေတဲ့ ကောင်မလေးတွေထဲမှာ ခင်ဘုဏ်းလောက်ဆိုနိုင်တဲ့သူတွေမနည်းမနောကိုရှိနေတယ်...

  1. Anonymous said... :

    ဒီအစီအစဉ်ကိုတင်ပေးတဲ့ဧရာဝတီဘလော့နှင့်MRTV-4 တို့ကိုအထူးကျေးဇူးတင်ပါတယ်...

  1. da di da said... :

    It shows who the talent is and who is not.I always feel heaviness of mind wheneber i watch Z W HTUT's MTV.He looks like always making something whereas KO TOE GYEE or LAY PHYU or RINGO or others are singing like as it goes on as nature.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved