ပေးစာ - အမှိုက်ရှင်းသူများကို အမှိုက်မရှုပ်ဖို့ တိုက်တွန်းခြင်း

Tuesday, June 28, 2011



သို့

ဧရာဝတီ

တာချီလိတ်မြို့ရဲ့ စွန့်ပစ်အမှိုက်သရိုက်ပေါင်းစုံကို ရှင်းလင်းပေးနေသူများအား မြို့သန့်ရှင်းရေးကို တာဝန်ယူနေသူများဖြစ်လို့ အထူးကျေးဇူးတင်ဖွယ်ရာ ပုဂ္ဂိုလ်များ ဖြစ်ပါတယ်။ အမှိုက်ကား လာပြီဆိုရင် ကားကိုအမီ အပြေးအလွှား အမှိုက်စွန့်ပစ်ရတဲ့ စားသောက်ဆိုင်က၀န်ထမ်းလေးများ၊ အိမ်ရှင်မများအတွက်တော့ အမှိုက်ကားဆိုတာကြီးများ တကယ့် ကျေးဇူးရှင် သန့်ရှင်းရေးလွန်း ပျံယာဉ်ကြီးများပါပဲ။

ဒါပေမယ့် အဲဒီအမှိုက်ကားများက စွန့်ပစ်လိုက်တဲ့ အမှိုက်တွေ့ရဲ့ အခြေအနေကတော့ ဓာတ်ပုံမှာ မြင်ရတဲ့အတိုင်းပါပဲ။ ကျေးလက် ဆက်သွယ်လမ်းတခုဖြစ်တဲ့ လွယ်စတုံရွာသွား ကားလမ်းဘေးမှာ ဖြစ်သလို စွန့်ပစ်ထားတဲ့ အမှိုက်များနဲ့ အနံ့ဆိုးများဟာ လမ်းတလျှောက် မွှေးပျံ့ ဝေေ၀ဆာနေတာကို မြင်တွေ့ရှုစားကြရမှာပါ၊ အဲဒီလမ်းတစ်လျှောက်မှာ စက်ရုံအချို့နဲ့ မြို့ကွက်သစ် ဖောက်လုပ်နေတာကြောင့် မြေသယ်ကားကြီးများ၊ ထော်လာဂျီများ၊ ယာဉ်ငယ်များနေ့စဉ် သွားလာမပြတ် လှုပ်ရှားသွားလာလျက်ရှိနေသလို ရွာငယ်များကိုဆက်သွယ်ထားတဲ့ လမ်းဖြစ်တာကြောင့်လည်း ဆိုင်ကယ်၊ ယာဉ်ငယ်များဦးဒဟို သွားလာလျက်ရှိနေပါတယ်။

အခုတော့ သန့်ရှင်းရေးကျေးဇူးရှင် မောင်မင်းကြီးသားများရဲ့ ပြီးပြီးရော ပစ်ထားတဲ့ အမှိုက်များကြောင့် လမ်းဧရိယာကိုပါ အမှိုက်များဖုံးပြီး ယာဉ်အန္တရာယ် စိုးရိမ်ရတဲ့နေရာတခု ဖြစ်နေပါပြီ။ မိုးတွင်းဆိုရင် လမ်းသွားလမ်း
လာများအတွက် အထူးစိုးရိမ်ဖွယ်ရာ နေရာတခုလို ဖြစ်နေတာကိုလည်း မြင်တွေ့ရမှာပါ။ ဒါကြောင့် တာဝန်ရှိသူများနဲ့ ကျေးဇူးရှင် အမှိုက်သန့်ရှင်းရေး တာဝန်ယူထားသူများကို ပြုပြင်ဆင်ခြင်နိုင်ဖို့ တင်ပြလိုက်ရကြောင်းပါ။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved