မစ်ရှဲယိုး မြန်မာပြည် မလာရ

Tuesday, June 28, 2011

(Photo - The Guardian)

ဒေါ်အောင်ဆန်းစုကြည်အဖြစ် The Lady ဇာတ်ကားမှာ သရုပ်ဆောင်ထားတဲ့ မစ်ရှဲယိုးကို မြန်မာအစိုးရက ရန်ကုန်လေဆိပ်မှာ ပြည်တွင်းအဝင်မခံဘဲ ပြန်နှင်ထုတ်လိုက်တယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။

“သူ မြန်မာပြည် ထပ်လာလို့ ရတော့မှာ မဟုတ်ဘူး။ ရန်ကုန် နိုင်ငံတကာ လေဆိပ်ကနေ ပထမဆုံး လေကြောင်းလိုင်းနဲ့ ပြန်ပို့လိုက်” လို့ AFP က အမည်မဖော်လိုသူ အရာရှိတဦးကို ကိုးကားပြီး ဖော်ပြပါတယ်။

ဧရာဝတီက ဒီသတင်းကို အတည်ပြုချက်ယူတဲ့အခါ NLD က ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ဒီသတင်းဟုတ်မှန်ကြောင်းနဲ့ ပြီးခဲ့ တပတ်လောက်က ဖြစ်ကြောင်း ပြောကြားပါတယ်။

3 comments :

  1. Thiri said... :

    ဟောင်ကောင်ဖွား မလေးရှားလူမျိုးဖြစ်နေလို့ပေါ့ကွယ်။ တရုတ်ပြည်ဖွား တရုတ်မလေးသာ ဖြစ်ကြည့်စမ်းပါကွယ် သူ့ဟာသူ ဘာဇာတ်လမ်းပဲ ရိုက်ရိုက် ပြည်ဝင်ခွင့်ကို အဆင်ပြေချောမွေ့စွာ ပေးမှာပေါ့ကွယ်။ ခုလို မလုပ်ဝံ့ပေါင်ကွယ်။

  1. Anonymous said... :

    ဒီမိုကရေစီအစိုးရတဲ့ကွ ၊ အရပ်သားအစိုးရတဲ့ကွ၊
    သန့်ရှင်းသောအစိုးရတဲ့ကွ၊ လူချင်းတူတာတောင်လက်မခံနိုင်ဘူး သဘောပေါက်
    စောင့်ကြည့်ချင်ပါသေးတယ်ဆိုတဲ့ ငပျင်းများ
    အလုပ်မလုပ်ပဲနဲ့ စောင့်ကြည့်တော်မူကြပါကုန်...

  1. Anonymous said... :

    တော်တော်ကိုရှက်စရာကောင်းတဲ့ အစိုးရပဲကွာ၊ အရှက်မရှိတဲ့အစိုးရ အုပ်ချူပ်နေတဲ့ နိုင်ငံ၊ ငါတို့ဘ၀တွေကတော့ကွာ၊ ဒါလားဒီမိုကရေစီအစိုးရ၊ အရူးတွေပဲ ယုံမှာ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved