ဘယ်သူတွေ မှားသလဲ

Tuesday, June 21, 2011

(အခု ဖော်ပြမယ့် လင့်ခ်တွေပါ အကြောင်းအရာကို ဧရာဝတီဘလော့ဂ်ကလည်း သတိထားမိနေပါတယ်။ အပြန်အလှန်ရေးသားကြတာတွေကိုလည်း စောင့်ကြည့် ဖတ်ရှုနေပါတယ်။ အခု စာဖတ်သူတယောက်က လင့်ခ်တွေ စုစည်းပြီး ပို့လာတဲ့အတွက် ဖော်ပြပေးလိုက်ပါတယ်။ ပေးပို့သူ “ခိုင်” ကို ကျေးဇူးတင်ပါတယ်)

ဧရာဝတီ

မင်္ဂလာပါ။

ကျွန်မ ဧရာဝတီ website ရဲ့ ပရိသတ်တယောက်ပါ။

ဧရာဝတီ website က အမှန်တရားတွေကို ပြည်သူတွေသိအောင် တင်ပေးနေတဲ့ website တခုဖြစ်မှန်းသိနေတဲ့အတွက်၊ ယုံကြည်တဲ့အတွက် အောက်က link တွေကို ပေးလိုက်ပါတယ်။ အမှန်တရားအတွက် တင်ပေးစေချင်ပါတယ်။ ကျွန်မဆရာဝန် မဟုတ်ပါ။ အမှန်တရားကိုမြတ်နိုးသူတယောက်ပါ။ ကျွန်မ သူငယ်ချင်းတယောက် ပေးတဲ့ အဲဒီ link တွေကို ဖတ်မိပြီး လူ့ပတ်ဝန်းကျင်မှာ ဆရာဝန်ဆိုတဲ့ အသိုင်းအဝိုင်းတခုကို သက်သက် ဂုဏ်သိက္ခာ ကျစေရန် ရည်ရွယ်ပြီး တမင်လုပ်တယ်လို့မြင်တဲ့အတွက် အမှန်တရား ကိုဖော်ပြပေးစေချင်တာ ပါ။

မြန်မာနိုင်ငံ ဆရာဝန်အသင်း(မန္တလေး) ကလည်း သဘောထားကြေညာချက်, နေ့စွဲ - ၆.၆. ၂၀၁၁ နဲ့ကန့်ကွက်ကြောင်းစာထုတ်ထားပြီးပါပြီ။ ကျေးဇူးတင်ပါတယ်။

ရွှင်လန်းချမ်းမြေ့ပါစေ။

ခိုင်


http://www.facebook.com/note.php?note_id=211543638883710



-----

40 comments :

  1. Anonymous said... :

    စိတ်တော့မရှိနဲ့ဗျာ၊ ဆရာဝန်တွေကလည်း ဆရာဝန်တွေပါ။ တစ်ခါတစ်လေမှာ ဆေးရုံမှာ လက်တည့် စမ်းမယ့် ဆရာဝန်ပေါက်စတွေနဲ့ မေးခွန်းပေါင်းများစွာ တစ်ယောက်ပြီး တစ်ယောက်မေးလေ့ရှိတဲ့ ဟောက်ကလေးတွေကို အချိန်များများတွေ့နေရတာကလွဲရင် ဆရာဝန်ကြီးတွေကို တွေ့ရဖို့ဆိုတာလဲခက်သားဗျ။ ကိုယ်တွေ့ပါ။ လူနာအတွက် ရင်ပူနေတဲ့ လူနာရှင်အတွက် အားကိုးအားထားလောက်စရာ ရပ်တည်မှုနဲ့ ၀န်ဆောင်ပေးမှုတွေတော့ လိုတာပေါ့နော်။ ဆရာဝန်တွေကိုချည်း အပြစ်ပြောနေတယ်လို့လည်းမထင်ပါနဲ့။ အပြင်မှာရှာစားနေရတယ်ဆိုတာကို သိထားပါတယ်။ ဒါပေမယ့်လည်း အရမ်းလောဘတက်သွားတဲ့အခါ ပြည့်သူ့ဆေးရုံရောက်လာတဲ့ လူနာတွေခမျာ သနားစရာပါ။ ဆရာဝန်တွေဘက်ကလည်း ဆင်ခြင်နိုင်ပါစေ။ သတင်းမှားတယ်ပဲထားပါတော့။ အမြင်မှားစရာ၊အထင်မှားစရာရှိသွားလို့ပဲ လက်ခံပေးလိုက်ပါ။ ရှုတ်ချတာတွေဘာတွေက အသုံးမ၀င်ပါဘူး။ ပြည်သူတွေအမြင်ပြောင်းအောင် လုပ်လိုက်ပါ ဆရာ သမားတို့။

  1. Anonymous said... :

    အဲဒါဆိုရင် ..
    မြန်မာနိုင်ငံရဲ့ ကျန်းမာရေးလိုအပ်ချက်ရှိတဲ့ အစွန်အဖျားဒေသတိုင်းမှာ ဆရာဝန်တွေအားလုံးက စေတနာအပြည့်နဲ့ ..ပြည်သူတွေကို ကုသပေးနေတယ်ပေါ့နော်..

    စရိတ်မျှပေးကျန်းမာရေးဆေးဆိုင်တွေကလည်း ပြည်သူတွေကို ဈေးနှုန်းချိုသာစွာနဲ့ ရောင်းချပေးနေတယ်ပေါ့နော်..

    တိုင်းပြည်တာဝန်ထမ်းဆောင်လို့ အားလပ်တဲ့အချိန်မှာ ကိုယ်ပိုင်ဝင်ငွေလေးကို ရိုးသားစွာနဲ့ရှာဖွေရင်း မြို့တိုင်းမြို့တိုင်းမှာ ဆေးကုမဏီတွေရဲ့ စပွန်ဆာတွေ၊ ကုမဏီအသစ် ဆေးအသစ်တွေရဲ့ စမ်းသပ် treatmentတွေနဲ့၊ ဆေးကုမဏီတွေကပေးတဲ့ အခွင့်အရေးတွေမယူပဲ ဆင်းရဲမွဲတေနေတဲ့ပြည်သူတွေကို ထိုက်သင့်တဲ့ ဆေးဖိုးဝါးခယူပြီး
    စေတနာ့ဝန်ထမ်းကုသနေကြတယ်ပေါ့နော်

    ပြည်သူပြည်သားတွေကလည်း ကိုယ့်ရဲ့ ကယ်တင်ရှင်တွေအဖြစ် ဆရာဝန်တွေကို မေတ္တာရောင်ပြန်ဟပ်ပြီး..ကျေနပ်စွာနဲ့ ခရမ်းမြို့က မြို့နယ်ဆရာဝန်ကြီးလို ..အလွန်လေးစားကြတယ်ပေါ့နော်..။

  1. Anonymous said... :

    ကောင်းတော့ ကောင်းတယ်။ ဒါပေမယ့် မျက်စိစပ်တယ်ဗျ။

  1. Anonymous said... :

    ဒီခေတ် ဆရာဝန် ဆိုတာ (အများစု) အသပြာ ဆရာတွေပါ။ ဝေဖန်တာ လည်း ဆတ်ဆတ်ထိ မခံနိုင် ။ ဆေးအပြင်းစားတွေ ထိုးပေးပြီး ဆေးလိုက်တယ် ဆိုတဲ့ နာမည် ဖန်တည်း .. Hippocratic oath ဆိုတာ ကော်ဖီမစ် အသစ် တမျိုး ရဲ့ နာမည် လို့ .. ထင်နေကြ။ လေးစားမှု မပေးနိုင်တော့ပါ။ တောင်းတဲ့ငွေ ကို ရအောင် ရှာပေး ရင် ပြီးတာပါဘဲ.. သေမင်း ရဲ့ အသက်ပွဲစားတွေ။ ခံခဲ့ရလို့ပါ။

  1. Anonymous said... :

    http://www.facebook.com/video/video.php?v=2078267991820&comments
    ဒီလင့်မှာရော ဘယ်သူတွေမှားသလဲ? ထူးအိမ်သင်ကို ဆော်ကားပြောဆိုတဲ့ ချီးထုတ် ငပွမျိုးဟန်ထွန်း(ခ)ကိုတိုး http://www.facebook.com/myohanhtun လား? ဒါမှမဟုတ် ထူးအိမ်သင်ကြိုက်တဲ့ ပရိသတ်တွေလား?

  1. Anonymous said... :

    ကျွန်တော်ကတော့ မြန်မာပြည်က ဆရာဝန်တွေအတွက် တာဝန်ယူမူ လိုမယ်ထင်တယ်။ တာဝန်ယူမူ မရှိတော့ ဆရာဝန်တွေက စမ်းတ၀ါးဝါးနဲ့ ကုသရင် သေသွားတဲ့ လူတွေလည်း မနည်းဘူး။ လူနာ မိသားစုတွေကလည်း တရားနဲ့ပဲ နှစ်သိမ့်လိုက်ရတယ်။ တကယ်တော့ ဆရာဝန် အမှားတွေ အများကြီးပါတယ်။ ပိုက်ဆံရှိတဲ့ သူတွေက နိုင်ငံခြားမှာ သွားကုနိုင်ဒါပေါ့၊ မရှိရင်တော့ .......
    မြန်မာပြည်က ဆရာဝန် နဲ့ အစိုးရမှာ လူသတ် လက်မှတ်ရှိတယ်။

  1. Anonymous said... :

    ဟားးးးးးးးးးးးးးးးးးးအဲဒီလိုပဲ ရယ်တော့မယ်ဗျာ...
    မြန်မာပြည်ကဆရာဝန်တွေကို....အမ ခိုင် ရယ်..
    အဲလောက်ထိလည်း ဆတ်ဆတ်ထိမခံဖြစ်မနေပါနဲ့ဗျာ...အမျိုးတွေထဲမှာ ဆရာဝန်ရှိတယ်နဲ့တူတယ်...ဟဲဟဲ ကဲ စိတ်ကိုလျှော့...ခင်ဗျားမိသားစုလည်း ငွေကြေးပြည့်စုံရင် မြန်မာပြည်ကဆရာဝန်နဲ့ဆေးကုချင်မှာမဟုတ်ပါဘူး....

  1. Anonymous said... :

    ဆတ်ဆတ်ထိမခံဖြစ်မနေပါနဲ့ဗျာ....
    ခင်ဗျားမိသားစုလည်း တတ်နိုင်ရင် မြန်မာပြည်ကဆရာဝန်တွေနဲ့ ဆေးကုချင်မှာမဟုတ်ပါဘူး....

  1. Anonymous said... :

    {{{{http://www.facebook.com/video/video.php?v=2078267991820&comments
    ဒီလင့်မှာရော ဘယ်သူတွေမှားသလဲ? ထူးအိမ်သင်ကို ဆော်ကားပြောဆိုတဲ့ ချီးထုတ် ငပွမျိုးဟန်ထွန်း(ခ)ကိုတိုး http://www.facebook.com/myohanhtun လား? ဒါမှမဟုတ် ထူးအိမ်သင်ကြိုက်တဲ့ ပရိသတ်တွေလား?}}}}}}

    အဲဒီ ငပွတိုးကြီးဆိုတဲ့သူအကြောင်း ဒီမှာ လာမရေးနဲ့ဗျာ။ စာမျက်နှာ ညစ်ပတ်တယ်။ ရေးချင်ရင် ဟစ်တိုင်မှာသွားရေး။ အဲဒီကောင်လဲ ဟစ်တိုင်မှာ သူများမကောင်းကြောင်း သွားဖြဲနှဖြဲရေးတယ်။ အခုဝဋ္ဋ်လည်တာ။

  1. Anonymous said... :

    I strongly believe the main problem was based on the current and previous politics of our country. Medical doctors need to adapt the system, condition, context and circumstances. At the same time, patients (people) were also suffering from the non-democratic government's system. All the comments, critiques and advice should be in democratic way. Please do not insult each other.

  1. Anonymous said... :

်မြန်မာဆရာဝန်တွေကသူတို့ဂွင်ထဲရောက်ရင်ထည့်တော့တာပဲ ရိုးရိုးဖျားတာ သောက်ဆေးနဲ့ပျောက်တာကို injection လေးဘာလေးနဲ့ ဘာတွေနဲ့ထိုးပေးလိုက်လည်းမသိဘူး တင်ပါးတော့ တော်တော်နာတယ်. အဲဒါမှ ပျောက်တော့တာတာပဲ ပိုက်ဆံတွေ အီးဟီး သူများတွေဆီကဆရာဝန်တွေက တော်ရုံတန်ရုံဆေးမထိုးပေးဘူး ပြီးတော့ရှိသေးတယ်ဘောလုံးတို့ ၂ လုံးရှုံးထားရင် လာထားပဲ လူနာတွေဓားစာခံဖြစ်ကုန်ရော

  1. ဆရာချစ် said... :

    အညှီလုံးဝမရှိပဲနဲ့တော့ အလကားနေ ယင်မအုံပါဘူး မခိုင် ရယ် ၊မင်းသား မင်းသမီး အညှီအဟောက်သတင်းတောင် ဗျောင်ရေးလေ့မရှိတဲ့ မြန်မာ့စာနယ်ဇင်းလောကမှာ ဒီလောက်အုတ်အော်သောင်းတင်း ဖြစ်နေပြီဆိုရင်တော့ ဒီဆရာဝန်လောကထဲ တစ်ခုခုတော့ မှားနေပြီဆိုတာ ကလေးတောင်နားလည်နိုင်ပါတယ် ။ မခိုင်ရဲ့ဟင်းဖတ်က မျက်နာကြီးတဲ့ဒေါက်တာတွေဘက်ကိုပဲ သိသိသာသာမဲတင်းနေသလားလို့ ။

  1. Anonymous said... :

    ဆရာဝန်ဆိုတာ ကျန်းမာရေးဝန်ထမ်းတယောက်ပါ။ဒါပေမယ့် မိမိလုပ်ရပ်(ကုသမှု)ကို မိမိတာဝန်ယူ ရပါတယ်။ ဘယ်ဆရာဝန်မှ လူနာကို သေစေချင်တာမျိုး မရှိပါ။တခုတော့ရှိတယ် ဆုံးဖြတ်ချက် မှန်ကန်၊မြန်ဆန်နိုင်ဖို့ တော့လိုအပ်ပါတယ်။ကုသမှုပြည့် ဝတဲ့ ဆရာဝန်ကောင်း ဖြစ်နိုင်ကျပါစေ။
    အပြစ်တင်မှုတွေ မမြန်ကျပါနဲ့ ။

  1. ဦးအုန်း said... :

    ၁၉၉၉ စာရင်းဇယားတွေအရ အမေရိကန်ပြည်ထောင်စုလို အလွန်အကုန်အကျခံပြီး လေ့ကျင့်သင်ကြားပေးထားတဲ့ နိုင်ငံမှာတောင်မှ ဆရာဝန် သုံးသောင်း ( ၃၀၀၀၀ ) နီးပါးကို နှစ်စဉ်နှစ်တိုင်း အရေးယူ အပြစ်ပေးနေရပါတယ် ။ မြန်မာပြည်မှာဖြင့် ဆရာဝန်တွေကို ကိုယ့်လုပ်ရပ် ကိုယ်တာဝန်ယူတတ်ဖို့ စာနယ်ဇင်းတွေကနေတိုက်တွန်းတာ အခုမှ စလုံးရေစ တာတောင် ဘာမှသိပ်ဖျစ်ဖျစ်မမြည်ချင်တတ်သေးဘူး ၊ " သိပ်မဝေဖန်ကြပါနဲ့ဟဲ့ " ၊ " သိပ်အပြစ်တင်မစောကြပါနဲ့ဟဲ့ " ၊ " ဆရာဝန်တွေကိုမနာလိုလို့ သိက္ခာလိုက်ချနေပါတယ် " ၊ " လူမှာအပြစ်မရှိဘူး စနစ်မှာပဲအပြစ်ရှိတာ " စသည်စသည်ဖြင့် အသံစုံကြားနေရပါတယ် ။ မသိများမသိရင် မြန်မာပြည်မှာ ဆရာဝန်တွေခမျာ မတရားအနိုင်ကျင့်ခံနေရသယောင်ယောင်နဲ့ ။ မသိလို့များ တစ်ခုလောက် မေးလိုက်စမ်းပါရစေ ၊ နှစ်စဉ်နှစ်တိုင်း မြန်မာပြည်မှာတရားစွဲခံရတဲ့ ဆရာဝန်ဘယ်နှယောက်လောက်ရှိပြီး သူတို့ထဲက ဘယ်နှယောက်လောက်ကိုများ အရေးယူခဲ့ပါတယ်ဆိုတာလေးများ စာရင်းဇယားလေး ထုတ်ပြလိုက်ပါလား ။ ကြည့်ရသလောက်ကတော့ မြန်မာပြည်ကဆရာဝန်တွေအားလုံး ဖိတ်ဖိတ်တောက်အောင်တော်လွန်းလို့ထင်ပ တနှစ်တနှစ်အရေးယူခံရတဲ့ဆရာဝန်ဆိုတာ ခပ်ရှားရှားဆိုပဲ ။ အဖြစ်သင့်ဆုံးက အမေရိကန်ကလူတွေ မြန်မာပြည်မှာဆေးကျောင်း လာတက်ရမှာ ။ ဈေးလဲသက်သာ လူတော်တွေလဲမွေးထုတ်ပြီးသားဖြစ်သွားတာပေါ့ ။ ကိုးကား >> http://www.medicalmalpractice.com/National-Medical-Malpractice-Facts.cfm

  1. Nymo said... :

    ဘယ်သူမှားလဲ ဘယ်သူမှန်လဲ ဆိုတာကို ဝေဖန်ဖို့ အတွက် ခင်ဗျားတို့မှာ ဝေဖန်ပိုင်းခြားနိုင်တဲ့ . အသိပညာရှိလို့လား.. ရှင်းရှင်းပြောရရင် .. ဆေးပညာ အကြောင်းကို .. ထိုးထိုးထွင်းထွင်း.. သိလို့လား... မေးခွန်းပေါင်းများစွာကို တစ်ယောက်ပြီးတစ်ယောက်မေးလေ့ရှိတဲ့ .. ဆိုတာက.. အဲ့ဒီမေးခွန်းတွေက အရေမရ . အဖတ်မရတွေလား... ????

    ကျနော်တို့ နိုင်ငံမှာ အဓိက ပြသာနာ တက်တာက ခုလို ဦးခေါင်း ထိခိုက်မှုကြောင့်ပါ..

    အားလုံးကို အမြင်ကြည်လင်အောင် ရှင်းပြပါမယ်.. ပြီးမှ မှားတယ်ဆိုလဲ .. ရပါတယ်.. ဆုံးအောင်တော့ ဖတ်လိုက်ကြပါ..

    (၁) ဦးခေါင်းထိမိရင် .. ၂၄ နာရီအတွင်း စောင့်ကြည့်ရပါတယ်.. ဘာလို့လဲ ဆိုတော့ ခွဲလို့ရတဲ့ ကိစ္စ မပာုတ်ဘူး .. ဦးဏှောက်ဖြစ်နေလို့ပါ.. ဦးဏှောက်ကို surgery လုပ်ချင်တယ်ဆိုရင်တောင် Barr Hole ဆိုတဲ့ အပေါက်ကလေးပဲ ဖောက်ရပါတယ်..

    (၂) စောင့်ကြည့်နေစဉ်မှာ .. Mannitol ကို သွင်းပေးထားပါတယ်...

    (၃) မေးခွန်းတွေ မေးလေ့ရှိတယ်ဆိုတဲ့ ပောာက်စ်တွေ အမြဲ BP, Pulse, Temperature ဆိုတဲ့ ... vital sign တွေ check လုပ်ပေးပါတယ်..

    (၄) ၂၄ နာရီအတွင်း သတိရရင် လူနာ ကောင်းသွားပါပြီ...

    (၅) ကောင်းပြီ .. ဘယ်အချိန်ခွဲမလဲ ... စောစောက ပြောတဲ့ vital sign တွေ ကျလာရင် တော့ surgery လုပ်ပါမယ်...

    (၆) vital sign တွေ မကျဘဲနဲ့ surgery သွားလုပ်၇င် .. လူနာကို သတ်လိုက်တာနဲ့ တူတူပါပဲ ..

    လူနာရှင်တွေ ဘက်က ချက်ချင်းဆေးကု . .ခွဲစိတ်ပေးစေလိုကြတယ်.. ဒါပေမဲ့ အဲ့ဒါ လူနာကို သတ်နေတာနဲ့ တူတူပါပဲ .. အဲ့ဒီ သဘောထားကွဲလွဲမှုက .. အဓိက ပြသာနာ ကို ဖြစ်စေတာပဲ .....

    တကယ့် ပြသာနာ က ဘာလဲ ဆိုတာ .. သိကြပါလား..

    (၁) မြန်မာ ပြည်သူများ ကျန်းမာရေး အမြင် အရမ်း ခေါင်းပါးလွန်းသည်..

    (၂) အထက်တန်းအဆင့် ပညာရေး အရမ်း နိမ့်ကျသည်....

  1. Anonymous said... :

    ဒီက ပုဂ္ဂိုလ်တွေက ဆေးလောက ကို တော်တော် နှိမ်နေတဲ့ ပုံအရ.. ဆေးပညာ အကြောင်းတော်တော် နားလည်နေတဲ့ ပုံပဲနော်..

    ခေါင်းထိပြီးသတိလစ်နေတဲ့သူကို .. ချက်ချင်းခွဲစိတ်ကုသမှုခံယူစေချင်တာလား..

    အဲ့ဒါ ခင်ဗျားတို့ လူသတ်ချင်နေတာဗျ..

    ခေါင်းကို ထိရင် . ၂၄ နာရီအတွင်း .. mannyl ပေး vital sign ကို monitor လုပ်နေယုံကလွဲဘာမှ လုပ်လို့မရဘူး.. အဲ့ဒါကော သိရဲ့ လား...

    ကိုယ်မသိတာကို .. ဒီလောက်လဲ မစော်ကားပါနဲ့.. ဝေဖန်ချင်ရင်လည်း အရင် သိအောင် လေ့လာပါဦး

  1. Mrs. Bagel said... :

    ဆရာဝန်တွေ ဘက်က ကာကွယ်ပေးဖို့ လိုနေပါပြီ။ အလကားနီးပါးရလို့ တန်ဖိုးမထားတာ မဆန်းပါဘူး။ ရတဲ့ဘွဲ့နဲ့ မတန်တဲ့ ဖွတ်ကလိအသပြာနဲ့ ပေတေပြီး ကိုယ့်နိုင်ငံမှာကိုယ့်လူမျိုးအတွက် ရှိနေပေးတာပါ။ ဘယ်လိုပဲ ဝေဖန်ကဲ့ရဲ့ပါစေ စေတနာက ရောင်ပြန်ဟတ်ပါမယ်။ မြန်မာ ဆေးကျောင်းကနိုင်ငံတကာ အသိမှတ်ပြုထားတာပါ ၊ စာမေးပွဲဖြေရင် သွားလုပ်ချင်တဲ့ နိုင်ငံလုပ်လို့ရပါတယ်။ မလေးရှား အင်ဒီးယား ကဆေး ကျောင်းအချို့ကနေ ဘွဲ့ရပေမဲ့ အဲဒီနိုင်ငံကတောင် ဆရာဝန်လို့ အသိမှတ် မပြုလို့ ငွေကုန်ပြီး ဆရာဝန်မဖြစ်ပဲ ပြန်လာရတဲ့ မြန်မာပြည် က ကလေးတွေရှိသတဲ့။ ကဲ ကြိုက်သလိုသာထိုးနှက်ကကြတော့ အရပ်ကတို့ရေ။ ဆရာဝန်တွေ ခေတ်ထနေတာကိုးဗျ၊ မော်ဒယ် တွေတောင် သူတို့သတင်း မပါတော့လို့ စိတ်ညစ်ကုန်ရော့မယ်။ ကျန်းမာချမ်းသာ ပါစေကြောင်းပါ။

  1. ကဲ ကိုအုန်းနဲ့ ကျန်သော ပုဂ္ဂိုလ်များရေ။ တစ်ခါတည်းပဲ ကြေငြာမောင်းခတ်လိုက်မယ်နော်။ ကျွန်တော် ဆရာဝန် တစ်ယောက်ဗျ။

    ခင်ဗျားတို့ ပြောသလို အမေရိကားလို အလွန်အကုန်အကျခံ သင်ထားသော လို့ ဆိုတဲ့ အင်မတန်ချမ်းသာတဲ့ နိုင်ငံ မှာ ဆေးကုသစရိတ်တွေနဲ့ ဆရာဝန်တွေကို အစိုးရက ကျောထောက်နောက်ခံပေးထားတယ်လေ။(ကျောထောက်နောက်ခံ ပေးထားတာနော်..အားလုံးကို အကုန်ကျ ခံပေးထားတာလို့ဆိုလိုတာမဟုတ်ဘူး)။

    အဲဒီလိုနိုင်ငံမျိုး၊ အကောင်းဆုံး လေ့ကျင့်မှုတွေနဲ့ ပြီးပြည့်စုံပြီး ဆရာဝန်တိုင်း အိမ်ကောင်း၊ကားကောင်းနဲ့ သာသမီးပညာရေး ပူစရာမလိုတဲ့ နေရာမှာ အလုပ်ကိုပေါ့ပေါ့လျော့လျော့လုပ်နေတာ အပြစ်ပေးခံရ နည်းလားလို့ မေးချင်သဗျ။

    နောက်တစ်ချက် ထပ်ပြောလိုက်ဦးမယ်..ကျုပ်တို့ အစိုးရ ဆေးရုံမှာ လုပ်လာရတာ..စရိတ်မျှပေးကျန်းမာရေးဆိုပြီး အခန်းခတွေ ကိုတတ်နိုင်တဲ့လူတွေဆီကနေ ကျုပ်တို့ တစ်ပြားမှ မရဘဲ လိုက်ပြီးမျက်နှာငယ်အလှူခံရတယ်။

    ရတဲ့ငွေဘာလုပ်သလဲ သိလား...လမ်းဘေးမှာ မူးလဲနေတဲ့ သူဖုန်းစားလို လူမျိုးတွေကို ဆေးရုံကို လာပို့ရင် ဆေးတွေဝယ်သုံးပေးရတယ်။ သေခါနီးဖြစ်နေပြီ..ပိုက်ဆံက မရှိတော့ဘူး ကျုပ်တို့က အခန်းခအလှူငွေတွေ ကျုပ်တို့ စုဆောင်းထားကြတဲ့ အစိုးရကမပေးတဲ့ ECG နဲ့ သွေးကနေ သကြားဓါတ်ဖောက်စစ်တဲ့ ပိုက်ဆံတွေနဲ့ ကျုပ်တို့က ဆေးတွေဝယ်ခိုင်းရတယ်။

    ဆေးဆိုင်တွေဆိုလည်း ဈေးမှန်တဲ့ဆိုင်ကို ညွှန်ပေးရတယ်။ ကျုပ်တို့ ဆေးဂိုဒေါင်ထဲ ဆေးအပြည့်ရှိနေကြည့်ပါလား..ကျုပ်တို့က ပညာကို နှမြောပြီး လူတွေကို အသက်မကယ်ဘဲ နေမှာတဲ့လား။

    မန္တလေးမှာ ဗြဟ္မစိုရ် ရှိနေလို့ သက်သာတယ်။ တနင်္ဂနွေနေ့ဆိုရင် ဗြဟ္မစိုရ်က ကိုယ်စားလှယ်က ဆေးရုံတွေကို လိုက်ကြည့်ပြီး လိုနေတဲ့လူနာတွေကို စာရင်းနဲ့ ငွေထောက်ပံ့ပေးတယ်။ ကျုပ်တို့မှာ ကျုပ်တို့လူနာ တကယ် ငွေလိုတယ်ဆိုတာကို သိဖို့ အတွက် ကျကျနနကို ရှင်းပြရတယ်။ ကျုပ်တို့အကျိုးမပါဘဲ ဖားရတယ်။(ဗြဟ္မစိုရ်က ကိုယ်စားလှယ်က သဘောကောင်းရှာတယ်)။

    ဆေးရုံမှာအောက်ဆီဂျင်စက်တွေ အပြည့်အစုံမရှိဘူး။ မီးပျက်သွားရင် မီးစက်လည်မပေးနိုင်ဘူး။ အောက်ဆီဂျင်စက်တွေဆိုတာ တစ်ခါလှူထားရင် ကျုပ်တို့က အိမ်က ဘုရားစင်လို တစ်ရိုတစ်သေ သုံးကြရတာ။ ပျက်သွားမစိုးလို့ဗျ။

    ကဲ ခင်ဗျားတို့ မြန်မာပြည်ကို ဖျက်ဆီးနေတဲ့ နှစ်လုံး၊ သုံးလုံး၊ဘောလုံးပွဲတွေကျ မဝေဖန်။ ကျုပ်တို့လို တကယ်ရုန်းနေရတဲ့ လူတွေကို ဝေဖန်လှချည်လားဗျ။

    သိပ်အား၊သိပ်ချမ်းသာနေရင် လာလှူလှည့်ဗျာ။ ကျုပ်တို့ကလည်း အခုထိ အထူးကုဘွဲ့ကို ဖြေခွင့်မရသေးလို့ ပါချီပါချက် ဆေးခန်းနဲ့ ရုန်းကန်နေရတယ်။

    ကျုပ်တို့ဆရာဝန်အလုပ် မလုပ်တော့ရင် ကိုအုန်းနဲ့ အပေါင်းအသင်းများ ဆရာဝန်လုပ်ကြနော။

ှုံHIV,B,C စတာတွေနဲ့ အိုဂျီလိုနေရာမျိုး၊သားဖွားခန်းတွေမှာ အကာအကွယ်ပစ္စည်းမလုံလောက်ဘဲ ကျုပ်တို့ ရင်ဆိုင်နေရတာ...ခင်ဗျားတို့သိလား။

    လူနာတွေအဆင်ပြေသွားရင် ခံစား၇တဲ့ ပီတိကို ကျုပ်တို့ ချစ်မြတ်နိုးတယ်ဆိုတာကိုရော ခင်ဗျားတို့နားလည်လား။
    အရံမီးသတ် စိတ်ဓါတ်နဲ့ ဘေးကနေ သိပ်ဘုမပြောနဲ့ဗျာ။ စွမ်းရင် ဝင်လုပ်လှည့်။

    ကျူပ်တို့ကတော့ လူမိုက်ပဲ။ရှင်းရှင်းပဲ။ စကားသိပ်လိမ္မာပြီးလေပေါနေတဲ့ ပညာရှင်တွေမဟုတ်ဘူးဗျ။

    ကဲ ဧရာဝတီဘလော့ရေ ကျုပ်ကွန်မန့်ကို တင်ပေးမယ်လို့ မျှော်လင့်တယ်ဗျာ။ မတင်ဘူးဆိုရင်တော့ ဧရာဝတီလည်း ဘက်လိုက်တယ်လို့ မှတ်ချက်ချရမှာပဲဗျ။

  1. Mrs. Bagel said... :

    ဦး အုန်: ဦးနောက် ကို ရွှေချထားရမယ်။ ရွှေတော့ရွှေပဲ၊ ဒစ်စကို ရွှေ။အမေရိက လူဦးရေလည်းကြည့် ပါဦး။ case တွေလဲကြည့်ကြည့် ပါဦး။ cosmetic case တွေချည်းဘယ်လောက်ရှိသလဲလို့။ ကိုယ့်သားသမီးကို အရင် ဆေးကျောင်းအမှတ်မှီအောင် ကြိုးစားခိုင်းလိုက်ဦး။ clinical skill မှာ ကြိုက်တဲ့နေရာယှဉ်လို့ရတယ်၊
    မေးကြည့်ကြပါ။ နိုင်ငံခြားရောက် မြန်မာဆရာဝန်တွေ မျက်နှာငယ်ရလားလို့။ အဲဒီထဲက ဘယ်နှစ်ယောက်များ တရားအစွဲခံရဖူးလဲလို့။ ကိုယ့်ကိုယ်ကိုလဲ မေးကြည့်ပါဦး။သူများကို ကဲ့ရဲ့အပြစ်တင်တာကလွဲရင် ကိုယ့်နိုင်ငံအတွက် ဘာတွေများ ကောင်းတာလုပ်နေသလဲလို့။

  1. Mrs. Bagel said... :

    Annonymous တွေကိုလည်း ပြောရဦးမယ်။ အဲလောက်မှ ကြောက်တတ်နေလဲ လာပြီး ဆရာဝန်တွေကို ဩဝါဒချွေ မနေကြပါနဲ့။ ထမိန်ခြုံကြားထဲက လက်သီးလာပြနေကြတာ ရှက်ဖို့ကောင်းပါတယ်။

  1. ဦးအုန်း said... :

    ဟဲ့ ဟဲ့ လုပ်ကြပါဦး ။ လေသံတွေက မိုးတလုံး လေတလုံးနဲ့ အတော်ပဲ မောက်မာ ထောင်လွှားလှချည်လား nymo နဲ့ ကိုမောင်မောင်တို့ရယ် ။ တတ်ထားတဲ့ပညာလေးများနဲ့လိုက်အောင် အပြောအဆိုလေးများ ဆင်ချင်ကြစမ်းစေချင်တယ်ရို့ ။ မျက်လုံးလေးများကောင်းလို့ မြန်မာစာကိုများ ဖတ်တတ်မယ်ဆိုရင်ဖြင့် အပေါ်ကမှတ်ချက်တွေကိုလဲ လိုက်ပြန်ဖတ်ကြစေချင်တယ်လေ ။ကိုယ်တိုင်မမြင်ခဲ့ရတဲ့ ကိုခင်မောင်ချို တို့အကြောင်းကို ဘယ်သူတစ်ယောက်ကမှ အရေးအရာလုပ်ပြီးပြောနေခဲ့ကြတယ်လို့ ကျုပ်တော့ဖြင့် တယ်လဲမတွေ့ရပါလား ။ ဒါနဲ့များ နည်းပညာစကားလုံးတွေလှိုင်လှိုင်သုံးလို့ ဒီဖြစ်ရပ်ကိုအသဲအသန် ဖြေရှင်းနေကြတာ အသားလိုလို့ အရိုးတောင်းနေသလိုလိုပဲနော့ ။ ဒါပေဒိ စာရင်းဇယားတွေကပြောတဲ့စကားလုံးတွေဆိုတာ တတ်တိုင်းလျှောက်ပြောနေကြတာတွေထက် ပိုပြီးတိကျတယ်မဟုတ်လားဗျို့ ။ ပြည်သူ့ကျန်းမာရေး ပြဋ္ဌန်းစာအုပ်တစ်အုပ်လုံး စာရင်းဇယားတွေနဲ့ပဲ ပြည့်နေခဲ့တာ မှတ်မိကြမပေါ့ ။ ဆိုတော့ကာ ....မြန်မာပြည်ကဆရာဝန်တွေ နှစ်စဉ်အရေးယူခံရတဲ့ နှုံးထားတွေက အခြားပြည်ပနိုင်ငံကြီးတွေနဲ့ ကွာချင်တိုင်းကို လွှတ်ပြီးကွာဟနေတာ ကျုပ်တို့က ဆရာဝန်တွေမဟုတ်လို့ မဝေဖန်ရတော့ဘူးတဲ့လားဗျ ။ NYMO ဆိုတဲ့ပုဂ္ဂိုလ် ကလဲ ပြောပါသေးတယ် ၊ ဘာတဲ့ " ဘယ်သူမှားလဲ ဘယ်သူမှန်လဲ ဆိုတာကို ဝေဖန်ဖို့ အတွက် ခင်ဗျားတို့မှာ ဝေဖန်ပိုင်းခြားနိုင်တဲ့ . အသိပညာရှိလို့လား. " ဆိုပဲ ။ မပြုံးပဲ ဝါးလုံးကွဲအောင်သာရီချင်တာပ ။ ကဲ အရပ်က ဆိုချင်တာသာ ဆိုကြပေတော့ဗျိုး ။

  1. ဦးအုန်း said... :

    မြက်ကျီ ဆိုတဲ့ပုဂ္ဂိုလ်ကကျုပ်ခေါင်းကို ဒစ်စကိုရွှေချပေးမယ်ဆိုလို့ စိတ်ဝင်စားသဗျ ။ ဟုတ်ကဲ့ ခင်ဗျားပြောသလို ကျုပ်လဲလူဦးရေအချိုးလေးချကြည့်စမ်းမယ် ၊ လာလေ့ ။ USA ကသန်း သုံးရာ မှာ နှစ်စဉ် Medical-Malpractice အရေအတွက်က သုံးသောင်း ၊ တို့များမြန်မာပြည်က သန်းခြောက်ဆယ်ဆိုတော့ ငါးဆကွာပေတာပဲ ။ ဒါဆို ခြောက်ထောင်ပေါ့နော် ။ ထားပါလေ လူထု-ဆရာဝန် အချိုးအစား ကွာလွန်းလှတယ်ဆိုတော့ ၁၀ဆလျှော့ပေးလိုက်မယ် ခြောက်ရာပဲထားပါတော့ ( ကျေနပ်ကြလောက်မယ်ထင်ပ ) ။ ကဲ .. နှစ်စဉ်မြန်မာပြည်မယ် Medical-Malpractice ကြောင့်အရေးယူခံရတဲ့အမှု ခြောက်ရာရှိမရှိ ကျုပ်ခေါင်းကိုရွှေချပေးမယ်ဆိုတဲ့ မြက်ကျီ ဖြေကြည့်လိုက်စမ်းစေချင်ပ ။ မရှိဘူးဆိုရင်လဲ တို့မြန်မာဆရာဝန်တွေ ဖိတ်ဖိတ်တောက် တော်လွန်းလှသကွာလို့ ဘယ်သူကမှ မျက်နာပြောင်ပြောင်နဲ့ ထပြီးလက်ခမောင်း ခတ်မဲ့ပုံမပေါ်ဘူးနော့ ။ အဲ့ဒါဘာလို့များပါလီမ့် ။ ဒါလဲ သူတို့တွေပညာမတတ်ရှာလို့ ဂုဏ်ယူသင့်တာကို ဂုဏ်မယူတတ်ကြတာပဲနေမှာပါလေ ။ ဟဲ ဟဲ ။ တကယ်တမ်း အရေးယူခံရပြီဆိုရင်လဲ များသောအားဖြင့် Medical-Malpractice ကြောင့်မဟုတ်ပဲ အချင်းချင်း တို့လို့ ရှို့လို့ ပြုတ်ကြ ပြောင်းကြရတာတွေကပဲ အများဆုံးမဟုတ်လား ။ Cosmetic case မှာအမှားအယွင်းလုပ်မိတာတွေဟာ Medical-Malpractice စာရင်းထဲမှာ မထည့်တွက်သင့်သယောင်ယောင်နဲ့ ပြောတတ်တဲ့ မြက်ကျီကို ကျုပ်ကလဲ ဒစ်စကိုရွှေ တကိုယ်လုံးကိုချပေးလိုက်ချင်တယ်ဗျို့။ ကျုပ်ကပိုရက်ရောသပ ။ လက်ရှိဆေးကျောင်းသားလေးတစ်ယောက်ရဲ့ ကိုယ်တိုင်ရေး ဆေးကျောင်းသားဘဝအကြောင်း တစေ့တစောင်းကို ဘယ်သူနဲ့မဆို ယှဉ်နိုင်တယ်လို့ ( မြန်မာရုပ်ရှင် ဒါရိုက်တာကြီးတွေ လေသံဖမ်းပြီး ) ကြွေးကြော် မောက်မာနေကြတဲ့ အပေါ်ကဒေါက်တာတွေပါဖတ်ရအောင် တင်ပေးလိုက်တယ်နော့ ။ >>> https://www.facebook.com/notes/lin-aung-kyaw/%E1%80%86%E1%80%B6%E1%80%AF%E1%80%B8%E1%80%9B%E1%80%BD%E1%80%B6%E1%80%B3%E1%80%B8%E1%80%99%E1%80%BD%E1%80%B3%E1%80%99%E1%80%BA%E1%80%AC%E1%80%B8/1762716066934

  1. Koeko said... :

    ဆရာဝန် ပါ ဆိုတဲ့ ကိုမောင်မောင် .. လေးစားပါတယ် ခင်ဗျား ..

    ရတဲ့ဘွဲ့နဲ့ မတန်တဲ့ ဖွတ်ကလိအသပြာနဲ့ ပေတေပြီး ကိုယ့်နိုင်ငံမှာကိုယ့်လူမျိုးအတွက် ရှိနေပေးတာပါ။ ဆိုတဲ့ မြတ်ကြည် ... I think you have your conscience. ဟာသ ဘဲ

  1. ကိုအုန်းရေ

    ကျုပ်တို့ တောသားတွေက စကားကို ဘွင်းဘွင်းပဲ ပြောတတ်တယ်။ ထမင်းစားဖို့လည်း ကိုယ့်ဖာသာရှာစားရတယ်ဗျ။

    ဒီကြားထဲ အထက်ကလည်း ဖိထောင်းချင်ထောင်းသေးတယ်။ ခင်ဗျားပြောတဲ့ စံနစ်အပေါ်အပြစ်ပုံချတယ်ဆို တဲ့ကျုပ်တို့တစ်တွေပေါ့ဗျာ။

    ကျုပ်တို့က ညဆိုလည်း တစ်နာရီ နှစ်နာရီလာရင် ထရတာပဲလေ။ မထချင်တဲ့ကောင်တွေက မထဘူး။ မနေနိုင်တဲ့ဆရာဝန်က ထရတယ်လေ။ ကျုပ်တို့က စံနစ်ကို အားမရဘူးလို့ ပြောတယ်။ မလုပ်မနေရ လူနာအတွက် အဆင်သင့်ဖြစ်အောင် စံနစ်က ဖန်တီးပေးထားရင် ကျုပ်တို့က ဘာမှဝေဖန်စရာမလိုဘူးဗျာ။

    ရှင်းရှင်းပဲ ပြောမယ် ကျုပ်တို့ဆေးရုံမှာရှိတယ်။ ဆေးရုံမှာ ရှိလို့ ကျုပ်တို့ ထမင်းဝရင်၊ ကျုပ်သားသမီးကို ပညာရေးအဆင်ပြေအောင်လုပ်ပေးနိုင်ရင် ကျုပ်တို့ ဘာမှ စကားပိုမပြော၊ စောဒက မတက်ဘူးဗျ။ ဆေးခန်းလည်း မထိုင်ဘူးဗျ။ နားလည်လား။
    ထားရတဲ့ ကျူရှင်တောင် မကောင်းလို့ ကိုယ်တိုင်စာသင်နေရတယ်။

    ခင်ဗျားတို့မှာ အလုပ်ရှိတယ်ဆိုရင်၊ ရုံးအလုပ်လိုမျိုးသာဆိုရင် ကျုပ်တို့ဘဝကို ကိုယ်ချင်းစာကြည့်လေ။ ဆေးရုံမှာ အထက်က အဆင့်ဆင့်က ဖိထောင်းတာက တစ်မျိုး၊ ငွေမရှိတဲ့လူနာတွေကို ဖြစ်နိုင်သမျှ ကြံဖန်ပေးရတာတစ်မျိုး။ ရှိသေးတယ်..ဆေးဖိုးတတ်နိုင်ပြီး ဈေးကြီးဆေးတွေပိုနေလို့(ရောဂါပျောက်သွားလို့)လှူသွားတာမျိုးရှိရင် သိမ်းထားပြီးနောက်လူ လာရင် ငွေမရှိရင်သုံးပေးတယ်။ အဲ့လိုဆေးကို မလိုဘူးဆိုရင် ငွေလည်းမရှိရင်အဲ့ဒီဆေးကို ပြန်သွင်းခိုင်း၊ ကိုယ်တိုင်လက်မှတ်ထိုးပေးပြီး ဒီဆရာဝန်က လွှတ်လိုက်တာပါဟ ဆိုပြီး ဆေးဆိုင်ကို တစ်ခြားလိုတဲ့ဆေးနဲ့ ဈေးနဲ့တွက်ဆပြီး ပြန်လဲခိုင်းရတယ်။ ဘယ်လိုမှ မဖန်နိုင်တော့ရင် ကိုယ့်အိတ်ထဲက စိုက်ရတယ်။ မစိုက်နိုင်တော့ရင် မျက်နှာလွဲနေရတယ်။ ကျုပ်တို့ဘယ်လောက်ရင်နာရသလဲဆိုတာ ခင်ဗျားတို့နားလည်သလား။

    လူတစ်ယောက်ကို အကောင်းဆုံးလုပ်ပေးလိုက်ချင်ပေမယ့် ကိုယ်မတတ်နိုင်လို့၊ငွေမတတ်နိုင်လို့ လွှတ်ပေးလိုက်ရတယ်ဆိုရင် ဘယ်လောက်ခံစားရသလဲ ခင်ဗျားတို့ ခံစားဖူးသလား။ကျုပ်တို့က လူတွေဗျ။ လူတွေနော်။ ကျောက်ရုပ်တွေ၊ ငွေစုဗူးတွေမဟုတ်ဘူး။
ဲကျုပ်တို့မှာ အိမ်ပြန်ေ၇ာက်ရင် မောနေပြီ။ မနားနိုင်သေးဘူး ဆေးခန်းက ထိုင်ရဦးမယ်။ စေတနာနဲ့ ပြောလို့လည်းမရဘူး။ ကတ်စတမ်မာဆားဗစ် ဆိုတဲ့ ခေတ်မှာ ကျုပ်တို့က လူနာကို မျက်နှာချိုသွေးနေရတယ်လေ။

    လူနာက အားဆေးထိုးချင်တယ်။ ကျုပ်တို့က မလိုဘူးလို့ပြောရင် နောက်ဆေးခန်းကို သွားမယ်။ ဆေးမထိုးရင် ကျုပ်တို့ပိုက်ဆံမရဘူး။ ပိုက်ဆံယူရင် ကျုပ်တို့ရဲ့ သိက္ခာတရားနဲ့ ကျုပ်တို့ ပဋိပက္ခ ဖြစ်ရမယ်လေ။ ကျုပ်တို့ ဘယ်လောက် စိတ်မောရသလဲနားလည်လား။

    ခင်ဗျားတို့ ဘေးကနေ သိပ်ဘု မပြောနဲ့ဗျ။ ကိုယ်တိုင် ဆေးခန်းမှာ ဝင်လုပ်ကြည့်လိုက်ဦး။ ဆယ်ရေးတစ်ရေး ကိုးရေးတစ်ရာ ခင်ဗျားကသာ နိုင်ငံခြားက မဟာသမားတော်ကြိး ဆိုလည်း ကျုပ်တို့ကိုသွန်သင်လှည့်ဗျာ။

  1. ကဲ ကိုအုန်းရေ

    ထပ်ပြောလိုက်ဦးမယ်။
    ကျုပ်တို့က ကျုပ်တို့လူတွေ ကောင်းမကောင်းခင်ဗျားတို့ထက်ပိုသိတယ်ဗျ။

    မကောင်းတဲ့ လူတွေရှိလည်း ဒီလူတွေ မှအလုပ်မလုပ်ရင် ခင်ဗျားတစ်ယောက်တည်း သန်းခြောက်ဆယ် ကုမလား။ လုပ်လေ။ လာလေဗျာ။
    သိပ်ချမ်းသာနေရင် ဖောင်ဒေးရှင်းတွေထောင်လေ။ လာလေ။ ကျုပ်တို့အလကား လုပ်အားလာပေးမယ်။ ဒါမျိုးဆို သိပ်ကူချင်တာ။

    ပါးစပ်ပဲတော့မလာနဲ့ဗျ။ ခင်ဗျားပါးစပ်က အပုပ်ပဲချတတ်တယ်ဆိုရင်လည်း ခင်ဗျားဘာသာ သွားအော်နေဗျာ။ တတ်နိုင်တယ်ဆို ကျုပ်တို့ဆီမှာ လုပ်အားလာပေးလှည့်။ ကျုပ်တို့ ဆီမှာ ဘုန်းဘုန်းတွေက ကမကထ လုပ်ထားပေးလို့ ကျုပ်တို့လုပ်အားပေးနေကြတဲ့ ဆေးခန်းလေးတွေရှိတယ်။

    ကျုပ်တို့က ဆေးခန်းမှာ လာပြီး ဆေးပုံးလာကူသယ်ပေးတဲ့ ကလေးတစ်ယောက်ကို ခင်ဗျားတို့လို ဘေးသမား စကားတွေထက် ပိုတန်ဖိုးထားတယ်ဗျ။

  1. aung said... :

    နှစ်ဖက်ေ၇းသားထားသော မှတ်ချက်များကို ဖတ်ရသည်မှာ ရန်ပွဲအသွင်ဆောင်နေသဖြင့် များစွာဝမ်းနည်းဖွယ်ဖြစ်ရပေသည်။ ဤ ဘလော့တွင်ရေးသားကြသူများမှာ လက်ရှိ မြန်မာပြည်၏ ဆေးလောက တွင် ပေးလျှက်ရှိသော ကျန်းမာရေးစောင့်ရှောက်မှုအရည်အသွေးပိုင်းနှင့် ပတ်သက်၍ မကျေမနပ်ဖြစ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။

    ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းသည် လွယ်ကူသောအလုပ်မဟုတ်ပါ။ လုပ်သားနှင့် ပစ္စည်းအထောက်အပံ့ အချိုးညီစွာလိုအပ်ပါသည်။ မြန်မာပြည်တွင် ဆရာဝန်များ များပြားလာပြီ အရည်အသွေးနိမ့်လာပြီဟု ဝေဖန်ကြသော်ငြားလည်း လက်ရှိသန်းခြောက်ဆယ်သော လူများနှင့် ဆရာဝန်အချိုးအစားသည် များစွာ ကွာဟ နေပါသေး၏။ အရည်အချင်းညံ့ဖျင်းသော ဆရာဝန်တစ်ယောက်သည် ယုတ်စွအဆုံး ကျန်းမာရေးမှုးတစ်ဦး၊ ရမ်းကု တစ်ယောက်ထက်တော့ များစွာအသုံးဝင်ပါမည်။

    အဘယ်ကြောင့်ဆိုသော်
    (၁)ဆေးကျောင်းဝင်ရန် အခြေခံပညာအထက်တန်းကို အဆင့်မြင့်မြင့်အောင်ရန်လိုခြင်း။
    (၂)အင်္ဂလိပ်စာကို အခြေခံသော သင်ကြားမှုစံနစ်ဖြင့် မောင်းနှင်ခြင်းခံရသဖြင့် ဗဟုသုတကို လိုအပ်သောအခါ အချိန်အခါမရွေးရှာမှီးနိုင်ခြင်း။
    (၃)အချိန်ကြာမြင့်စွာ သင်ယူခဲ့ရသဖြင့် အခြေခံဆေးဗဟုသုတသည်ကျန်သော ဆေးဖက်ပညာသည်များထက် များစွာ သာလွန်နေခြင်း

    ထိုအချက်များကြောင့် ဆရာဝန်တွေ ညံ့ပင်ညံ့ပါစေ..နယ်ရောက်ရင် အပ်ပုန်းတွေကြောင့်ဒုက္ခရောက်နေရတဲ့ သူတွေအတွက် အများကြီးအားကိုးရာဖြစ်နိုင်သေးတယ်ဆိုတဲ့ အချက်ကိုလည်း တစ်ချက် ဖော်ပြလိုပါတယ်။

    အထက်ပါမှက်ချက်များအနက် အထူးအလေးအနက်ထားဖော်ပြထားတာကတော့ အပြစ်ပေးခြင်း ကိစ္စရပ်ပဲဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်သူကို အပြစ်ပေးတဲ့ကိစ္စရပ်ဟာ အလွန် တရားမျှတပြီး သင့်လျော်တဲ့ ကိစ္စရပ်ဖြစ်ပါတယ်။ ဒါပေမယ့် အဲ့လို ဖြစ်ဖို့အတွက် တရားဥပဒေစိုးမိုးမှု က ပထမအချက်အနေနဲ့လိုအပ်လှပါတယ်။ နစ်နာသွားသူအတွက် ထိုက်တန်တဲ့ပြန်လည်ပေးဆပ်မှု ကိုလိုချင်တယ်ဆိုရင် စကားဝိုင်းထဲ အရင်ဆုံးဝင်လာတာက ဥပဒေ ဆိုတာပဲဖြစ်ပါလိမ့်မယ်။ စာရွက်ပေါ်မှာပဲအသက်ဝင်နေတဲ့ ဥပဒေမျိုးရှိနေသရွေ့ အပြစ်ပေးခြင်းက ဘယ်တော့မှ ဖြစ်လာတာမဟုတ်ပါ။ ဒါက ယေဘုယျသဘောဖြစ်ပါတယ်။

    မြန်မာနိုင်ငံအတွက်ဆိုရင် ဆရာဝန်တွေကို အပြစ်ပေးခြင်းနဲ့ပတ်သက်ပြီး အထူးစဉ်းစားရမယ့်အချက်တွေရှိနေပါတယ်။ ဘာကြောင့်လဲဆို၇င် မြန်မာနိုင်ငံမှာ ဆေးကျောင်းသားတွေကို စဉ်ဆက်မပြတ် အရည်အချင်းမှီအောင် စာသင်ကြားပို့ချပေးနိုင်တဲ့ ဆရာဝန်ကြီးကောင်းတွေ တစ်နေ့တစ်ခြားလျော့နည်းလာနေလို့ပါပဲ။ အဲဒီလို ဆရာဝန်ကြီးတွေ စဉ်ဆက်မပြတ်ပေါ်ထွက်နေဖို့ အစိုး၇က အာရုံစိုက်မှု လျော့နည်းနေချိန်မှာ တော်ရုံတန်ရုံ အပြစ်ကို လျစ်လျူရှုထားလိုက်ခြင်းအားဖြင့် အဲဒီဆရာဝန်ကို ကာကွယ်တာထက် သူမရှိလို့ ဆုံးရှုံးသွားမယ့် ဆိုးကျိုးကို ရှောင်မယ်လို့ရည်ရွယ်ခဲ့ကြတယ်။ ပညာရှင်ရှားတာကိုး။

    အဲ့လိုအနေအထားမှာ ကျန်းမာရေးဝန်ထမ်းတွေကလည်း နည်းနေတဲ့အချိန်၊ နိုင်ငံရပ်ခြားကို အစုလိုက်အပြုံလိုက်ထွက်နေကြတဲ့အချိန်၊ အဲဒီခေတ်ကြပ်မှာ ရုန်းကန်လှုပ်ရှားနေရတဲ့ ဆရာဝန်တွေအတွက် အင်မတန်ကိုပဲ ခေါင်းကိုက်ရပါတယ်။ ဒါကြောင့်သူတို့ ကျန်းမာရေးမှုးတွေကို မွေးထုတ်ရပါတယ်။ လိုအပ်ရင် အပ်ပုန်းတွေကို ခေါ်ယူပြီး လေ့ကျင့်သင်ကြားပေးကြရပါတယ်။ အပ်ပုန်းတွေကိုတောင်ခေါ်ပြီး လေ့ကျင့်ပေးရလောက်အောင် ဆရာဝန်အင်အားနည်းနေချိန်မှာ နိုင်ငံတကာ အဆင့်မီဆရာဝန်ကြီးတစ်ယောက်ကို အပြစ်ပေးဖို့က နောက်ဆက်တွဲဆိုးကျိုးကို စဉ်းစားရင် ဆုံးဖြတ်သူအတွက် ခက်ခဲလှပါတယ်။ ဥပဒေကြောင်းအရ ပြစ်ဒဏ်သင့် ဖို့ထိုက်တန်ပေမယ့် နိုင်ငံအကျိုးအတွက် ရေရှည်ကိုကြည့်ရင် သူ့ပညာကို အစားထို့မယ့်သူမရှိသေးဘူးဆိုရင် လက်ေ၇ှာင်ရတတ်ပါတယ်။ဆင်ခြင်နိုင်ကြပါစေ။

  1. ဦးအုန်း said... :

    အပေါ်ကဒေါက်တာတွေအကုန်လုံး တစ်သံထဲထွက်တဲ့ဟာတစ်ခုရှိတယ် ။ အဲ့ဒါကတော့ " မကျေနပ်ရင် ခင်ဗျားကိုယ်တိုင်လာလုပ်ကြည့်လိုက်ပါလား " ဆိုတဲ့လေသံလေးပါ ။ ပြောကြပါတယ် " မကောင်းတဲ့ လူတွေရှိလည်း ဒီလူတွေ မှအလုပ်မလုပ်ရင် ခင်ဗျားတစ်ယောက်တည်း သန်းခြောက်ဆယ်ကို ကု မှာလား။ လုပ်လေ။ လာလေဗျာ "တဲ့၊ နောက်ရှိသေးတယ် " ကိုယ့်သားသမီးကို အရင် ဆေးကျောင်းအမှတ်မှီအောင် ကြိုးစားခိုင်းလိုက်ဦး " တဲ့ ။ ကျန်သေးတယ် " ကျုပ်တို့ဆရာဝန်အလုပ် မလုပ်တော့ရင် ကိုအုန်းနဲ့ အပေါင်းအသင်းများ ဆရာဝန်လုပ်ကြနော " တဲ့ ။ ဒေါက်တာတို့တွေ သိထားပြီးသားဖြစ်သင့်တာက ဆရာဝန်အလုပ်တစ်ခုထဲ အလွှာပေါင်းဆုံက လူပေါင်းသောင်းခြောက်ထောင်နဲ့ ဆက်ဆံနေရတာမဟုတ်ဘူးဆိုတာဘဲ။ ဒီလိုအခက်အခဲမျိုးက ခင်ဗျားတို့လုပ်ငန်းခွင်မှာဘဲ ကြုံရတယ်ထင်ရင် ပတ်ဝန်းကျင်လေ့လာသမူ ကုန်းကောက်စရာ မရှိလောက်အောင် နည်းရာကြတော့မပေါ့။ လုပ်ငန်းခွင်တိုင်းမှာ သူ့အခက်အခဲနဲ့သူရှိပြီးသားပါ။ ဒီအခဲတွေကို ခင်ဗျားတို့ကျွန်တော်တို့ ဒီလမ်းကိုမရွေးခင် အစောကြီးကထဲက ကြိုစဉ်းစားထားရမှာပါ။ ကိုယ်ရွေးတုန်းကရွေးပြီး တာဝန်မကျေလို့ဝေဖန်ခံရတဲ့အခါကျမှ ဝေဖန်တဲ့လူ လာလုပ်ကြည့်လှည့်ပါခေါ်နေတာ ကိုယ့်ဆုံးဖြတ်ချက်ကို တာဝန်မယူတတ်ရာကျလွန်းတယ်။ အဲဒါကြောင့်မို့လည်း ကျွန်တော်ပြောတာပေါ့ မြန်မာပြည်မှာ ဆရာဝန်တွေအတွက် accountability ကို enforce လုပ်တဲ့ စနစ်တစ်ခုလိုနေပြီလို့။ ကျွန်တော်ပြောချင်တာက ကျွန်တော်မရွေးချယ်ခဲ့တဲ့လမ်းကို လျှောက်ကြည့်လှည့်ပါ ကိုယ်ခြင်းစာလှည့်ပါဆိုတာမျိုး လာမပြောပါနဲ့။ ကျွန်တော် မရွေးခဲ့လမ်းမို့ ကျွန်တော်တာဝန်မဟုတ်ပါဘူး။ ဒေါက်တာတို့တွေသာ သိသိကြီးနဲ့ရွေးခဲ့ပြီးတော့မှ ကိုဆုံးဖြတ်ချက်ကိုယ်တာဝန်မယူ၊ ကိုယ့်အပြစ်ကို လွှဲချဖို့လိုက်ရှာနေတာ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ မြန်မာဆရာဝန်တွေအပေါ်ပိုပြီးအထင်သေး မိတယ်ဗျာ။

    နောက်ကျွန်တော်ပြောချင်တာ ကောင်းစေချင်လို့ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုထဲနဲ့ ခင်ဗျားတို့ လုပ်ခြင်တိုင်းလုပ်လို့မရဘူး။ ခင်ဗျား ခန္ဓာကိုယ်မဟုတ်တဲ့အတွက် လူနာဆီက ခွင့်ပြုချက်ယူကိုယူရမယ်။ ဆေးရုံလာတက်လို့ လုပ်ခြင်းတိုင်းလုပ်ပါလို့ ခွင့်ပေးလိုက်တယ်ထင်ရင် မောက်မာရာကျလွန်းတော့မပေါ့။ ဆရာဝန်တစ်ယောက်အနေနဲ့လုပ်ရမှာ လူနာကို informed decision ချနိုင်ဖို့အတွက် အချက်အလက်တွေပေး၊ နားလည်အောင်ရှင်းပြ အဲဒါဆရာဝန်ရဲ့တာဝန်ပါဘဲ။ မြန်မာဆရာဝန်တွေ ဒီနေရာမှာ သိပ်အားနဲတယ် ။ လူနာက ဆုံးဖြတ်ပေးပါဆိုပြီးတော့ သီးသန့်မတောင်းဆိုသရွေ့ သူ့ကိုယ်စား ခင်ဗျားတို့မှာ လုံးဝ ဆုံးဖြတ်ပိုင်ခွင်မရှိဘူး။နိုင်ငံခြားမှာဆို သေရေးရှင်ရေးမှအပ ကျန်တဲ့ကိစ္စ consent မပါဘဲလုပ်ရင် ဖောင်းကားစား မောင်မောင်လို ခင်ဗျားတို့ ဆရာဝန်သက် ခုနှစ်ရက်တောင်ခံမှာမဟုတ်ဘူး။

    နိုင်ငံခြားမှာ ဆရာဝန်တွေပိုက်ဆံရတာဘဲ ကိုမောင်မောင်က မြင်တယ်။ လူနာတစ်ခုခုဖြစ်ပြီဟေ့ဆိုရင် သူတို့ ဘယ်လောက်အထိတာဝန်ယူရလဲဆိုတာ မမြင်ကြဘူး။ လေ့လာကြည့်ပါတွေ့ပါလိမ်မယ်။ Public inquiry လုပ်ပြီး ဒီအမှားက avoidable ဟုတ်မဟုတ် စုံစမ်း၊ ဟုတ်တယ်ဆိုရင် နောက်ဆက်မဖြစ်အောင် recommendation တွေလုပ် ဆရာဝန်တွေ အပြစ်ပေးသင့်တာပေး။ နောက်ဆက်တွဲတွေအများကြီးပါ။ ကိုယ့်ဆီမှာလို အေးအေးနဲ့ပြီးသွားတယ်လို့များ မထင်လိုက်ပါနဲ့။

    နောက်ဆုံးကျွန်တော်ပြောချင်တာက ဒေါက်တာတို့ရဲ့အပြောအဆိုတွေဟာ logical fallacy တွေကို ပုံစံအမျိုးအမျိုး ချိုးဖောက်ထားတာ သွားတွေ့ရတယ်။ အဆိုတစ်ခုအပေါ်မှာ ဝေဖန်ဆုံးဖြတ်မယ့်အစား၊ ပြောတဲ့လူ အပြစ်ကင်း၏မကင်း၏ဆိုတာပိုစိတ်ဝင်စားနေသလို၊ မင်းအပြစ်မကင်းရင် ငါ့လာမဝေဖန်နဲ့ဆိုတာတွေ သွားတွေ့ရတယ်။ လက်ညိုးထိုးတဲ့သူဟာ မျက်ချေးဘလဗွ နဲ့ဖြစ်စေအုန်းတော့ သူမျက်ချေးထူတာ လက်ညိုးထိုးခံရတဲ့လူ မျက်ချေးမစင်တာနဲ့ တကန့်စီပါ။ သူမျက်ချေးမစင်လို့ သူ့ဝေဖန်ထောက်ပြချက်တွေ တန်ကြေးကျမသွားပါဘူး။ တန်ကြေးကျ၏/မကျ၏ဆိုတာ အဲဒီအဆိုတစ်ခုတည်းနဲ့ပဲဆိုင်ပါတယ်။ လူပေါ်မူတည်ပြီးဆုံးဖြတ်တာမျိုး ၊ မဖြေရှင်းဘဲလက်ညိုးပြန်ထိုးတာမျိုးတွေဟာ ကလေးသိပ်ဆန်လွန်းပါတယ်။ အဲဒီလိုကလေးအတွေးအခေါ်မျိုးတွေ အပေါ်ကဒေါက်တာတွေ ဖယ်ရှားပြစ်ကြပါလို့ ကျွန်တော်အကြံပြုပါရစေ။

  1. ဦးအုန်း said... :

    ဧရာဝတီက ဒီcomment ကိုမတင်ပေးတာ ဧရာဝတီရဲ့ policy တစ်ခုခုနဲ့ သွားညိနေမိလို့ဖြစ်ရမယ်လို့သဘောပေါက်မိတဲ့အတွက် ကျုပ်ကိုယ်တိုင်ပဲ ဖြတ်တောက်သင့်တယ်ထင်တာတွေကို ဖြတ်တောက်ပြီး နောက်တစ်ခေါက်ထပ်ပို့လိုက်ပါတယ် ။ ဒီတစ်ခေါက်တော့ လွတ်လောက်မယ်ထင်မိတာပ ။

    စနစ်ကြောင့်ဆိုတာ လက်ခံတယ်။ ဒီစနစ်အသုံးမကျလို့သာ ဆရာဝန်တွေ မှားခြင်တိုင်းမှား၊ ပေါ့ဆချင်တိုင်းပေါ့ဆ အဆုံးသတ်မှာ ဘာတာဝန်မှယူစရာမလိုဘဲ ပြဿနာထဲကနေ ကြော့ကြော့လေး လျှောက်ထွက်သွားလို့ရနေကြတာပေါ့။ လူနာ/ရှင်ဘက်ကတော့ တရားမှအပါးအခြားဖြေစရာမရှိ။ ဒီစနစ်ကို ပြင်မှရမှာပါ။ လက်ညိုးထိုးလို့ရနေသရွေ့ ဆရာဝန်တွေ ငါ့ဘက်က ဘာပြင်ရမလဲဆိုတာထက် လက်ညိုးဆက်ထိုးဖို့ဘဲ စိတ်အားသန်နေကြမှာပါ။ ဒီလိုနဲ့ဘဲ အကွပ်မရှိတဲ့ကြမ်းလို့ ဆက်ပြီးဘရမ်းဘတာဖြစ်နေအုန်းမှာဘဲ။

    ဒီလိုမျိုးမဖြစ်အောင် နိုင်ငံခြားမှာ ဆရာဝန်တွေကိုထိန်းထားတဲ့ စနစ်တွေတွေ့ပါလိမ့်မယ်။ ဥပမာအားဖြင့် ethic committee လိုဟာမျိုးပေါ့။ အသေးအဖွဲမှားယွင်းမှုဆို ဆေးကုသခွင့်သိမ်းခံရယုံလောက်ကနေ၊ အကြီးအမားဆို ရာဇ၀တ်မှုနဲ့ဆွဲချက်တင်ခံရနိုင်တဲ့အထိပါဘဲ။ ပိုက်စံမရှိတဲ့သူတွေအတွက် အချိန်တိုတိုနဲ့ပြီးပျက်မယ့်အသေးအဖွဲကိစ္စဆို pro bono လိုက်ပေးမယ့်ရှေ့နေတွေ ရှိသလို၊ကြာမယ့် အကြီးအမားအတွက်ဆို အစိုးရှေ့နေအပြင်၊နိုင်မှရှုံးသူဘက်ကနေ တရားစရိတ်ယူတဲ့ contingency ရှေ့နေတွေပါငှားလို့ရပါသေးတယ်။ ဒါ့အပြင် လူနာရှင်မနစ်နာရလေအောင် ဆရာဝန်တိုင်း malpractice အတွက် အာမခံဝယ်ကိုဝယ်ရပါတယ်။
    ကိုယ့်ဆီမှာလို အေးအေးဆေးဆေးလေးရှောင်ထွက်သွားဖို့တော့ မမျှော်လင့်ပါနဲ့။

    ဒီလိုပြောလို့ ဆရာဝန်တွေအားလုံးကို ပြောတယ်လို့မထင်ပါနဲ့။ အများစုကိုပြောတာပါ။များလွန်းလို့လည်း generalization လုပ်ကုန်ကျတာပေါ့ ။ ဒီကြောင်းကို ဆရာဝန်မတစ်ယောက်နဲ့ပြောဖြစ်တော့ သူ့ဖြောင့်ချက်က ဝေဒနာသည်တွေ နေ့တိုင်းကြုံနေရတော့ desensitize ဖြစ်သွားကြတာပါတဲ့။ ကျွန်တော့သူကို ဆုတောင်းပေးလိုက်ပါတယ်….သူနဲ့သူ့အမျိုးတွေ တစ်နေ့ ဒီလို လူ့အသက်နဲ့ပက်သက်ပြီး desensitize ဖြစ်နေတဲ့ ဆရာဝန်မျိုးနဲ့မတိုးပါစေနဲ့လို့။

    မြန်မာပြည်ကဆေးကောင်စီ အကြောင်းလေးလဲ ကြုံတုံးတစ်ခါထဲပြောလိုက်ပါဦးမယ် ။ ရန်ကုန်မြို့လည်ကောင်မှာ ဓါတ်ရထားပြေးလမ်းတွေ တွေ့ဘူးမှာပေါ့ ။ ဒါပေမဲ့ တကယ်တမ်းမှာ ဓါတ်ရထားတွေ ပြေးတာတွေ့ဘူးပါသလား။ ”လာဘ်ပေးရန်မလို”ဆိုတဲ့ စာသားလည်း ကျူရှင်ကြော်ငြာတွေလို အစိုးရရုံးတွေမှာ အနံ့ ကပ်ထားတာလည်း တွေးဖူးမှာပေါ့။ ဒီစည်းကမ်းကို အထက်လူကြီးဘယ်နှစ်ယောက်ကများ enforce လုပ်တာတွေ့ဖူးပါသလဲ။ ကျွန်တော်ဆိုချင်တာက ဆေးကောင်စီဆိုတာရှိတိုင်း ဆေးကောင်စီက သူလုပ်ရမယ့်အလုပ်ကို လုပ်နေတယ်လို့ ကောက်ချက်ချလို့မရပါဘူး။ ဆရာဝန်ဘယ်နှစ်ယောက်များ ဒီကောင်စီကနေ impeach လုပ်လိုက်တယ်ဆိုတာမျိုးကြားဖူးပါသလဲ။ ဆီမရှိတဲ့ မီးစက်လို မလည်ဘဲနေတဲ့ ဒီအဖွဲ့အစည်းကို ကျွန်တော် ရှိတယ်လို့ မသတ်မှတ်ပါဘူး။ ဒါတွေကို ပြင်ကြဖို့ ၊ ဆေးကောင်စီကို အသက်သွင်းကြဖို့ လေကုန်ခံပြောနေတာပါ ။ ခုများတော့ media သမားတွေခမျာ အလုပ်ရှုပ်ကြရရှာနေတယ် ။

    " မြန်မာ ဆေးကျောင်းကနိုင်ငံတကာ အသိမှတ်ပြုထားတာပါ " တဲ့ ။ ဟုတ်ကဲ့ ၊ နိုင်ငံတကာမကလို့ လကမ္ဘာပေါ်ကပဲ အသိအမှတ်ပြုပြု တာဝန်မဲ့တဲ့လုပ်ရပ် တာဝန်မဲ့နေအုန်းမှာဘဲ။ ပြောင်းလဲသွားမှာမဟုတ်ဘူး။ " ဖွတ်ကလိအသပြာနဲ့ ပေတေပြီး ကိုယ့်နိုင်ငံမှာကိုယ့်လူမျိုးအတွက် ရှိနေပေးတာ " ဆိုရုံနဲ့ပဲ တာဝန်မဲ့တဲ့လုပ်ရပ် တွေကိုမဝေဖန်ပဲနေပေးလိုက်ရတော့မှာလား ။

  1. Mg Moe Wai said... :

    ကဲ မနေနိုင်လို့ဝင်ပြောမယ်နော်။

    ကိုအုန်းက နိုင်ငံခြားမှာ ဆိုရင် Informed Consent တောင်းရတယ်၊ သီးသန့်အချိန်ပေးပြီးဆွေးနွေးကြတယ်လို့ဆိုထားပါတယ်။ ဟုတ်ပါတယ်။ အချိန်ပေးလို့ရတဲ့ Man Power ရှိတဲ့အတွက် အချိန်ပေးနိုင်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ စိတ်ရှည်စွာနဲ့ ရှင်းပြပြီး အားလုံးကို ပြီးဆုံးဆောင်ရွက်နိုင်ဖို့ လူအင်အားမလုံလောက်ပါ။ စိတ်ရှည်တဲ့လူက ရှင်းပြပြီး စိတ်မရှည်တဲ့လူက မရှင်းပြပါ။ အဲဒီတော့ ဘယ်လိုဖြစ်လာသလဲဆိုရင် ဆက်ဆံရေးပြေပြစ်တယ်မပြေပြစ်ဘူးဆိုတာ မူ အပေါ် မဟုတ်ဘဲ၊ လူနဲ့သာ တိုက်ရိုက်သက်ဆိုင်လာတော့တယ်။ မူက ဆက်ဆံရေးပြေပြစ်လို့ သေချာစွာ ရှင်းပြရမယ်လို့ ချမှတ်ထားရင် မူကိုကျော်ပြီးလုပ်ဖို့ခက်ပါတယ်။ အဲ့လို မူကို ချမှတ်ဖိုဆိုတာကလည်း အခက်အခဲအများကြီး ရှိပါသေးတယ်။ မတစ်ထောင်တစ်ကောင်ဘွား ပညာရှင်ဆိုတဲ့ လူတန်းစားကို ကိုင်တွယ်ရတာ အခက်သားကိုး။ သူ့ကို ကိုယ်က ဖိထောင်းလိုက်ရင် သူက တစ်ခြားပြောင်းသွားမှာပဲလေ။ အိုးစည်ဒိုးပတ်နဲ့ ကြိုမယ့် သူတွေကလည်း ရှိနေတတ်စမြဲကိုး။

    ကိုအုန်းက ဆရာဝန်တွေကို ထောက်ပြထားတယ်။ ကိုယ့်လမ်းကြောင်းကို ကိုယ်ရွေးပြီးတော့မှ အပြစ်တင်တာ၊ အကောင်းအဆိုးကို မစဉ်းစားဘဲေ၇ွးချယ်ပြီးတော့မှ အပြစ်တင်ခံရတာ ကိုယ်ညံ့ဖျင်းလို့ပဲလို့ ဆိုထားတယ်။ အဲဒီအဆိုကို သုံးသပ်ကြည့်ရင် ကိုအုန်းက အထက်ပါ ဒေါသပေါက်ကွဲနေတဲ့ ဆရာဝန်တွေကို လက်ညိုးထိုးခဲ့သလို နင်အပြောမခံချင်ရင် အစောကတည်းက နင်ဘာလို့လုပ်ခဲ့လဲ ဆိုတာ ကလေးမဆန်လွန်းဘူးလားဗျာ။ 1993 ခုနှစ်နောက်ပိုင်း စီးပွားရေးပိတ်ဆို့အပြီးမှာ ကျဆင်းလာတဲ့ စီးပွားရေး၊ပညာရေး၊ လူမှုရေး အဆင့်အတန်းတွေ နဲ့အတူ ဆရာဝန်တွေအပေါ် အစိုးရရဲ့ အာရုံစိုက်ထောက်ပံ့ မှုတွေ နည်းပါးလွန်းတဲ့အခါ အားနည်း ချက်တွေ ရှိလာမှာပါပဲ။ ခေတ်မကောင်းတဲ့အချိန် ဖြစ်လာရတဲ့ ဆရာဝန်တွေကို လက်တစ်ဆုပ်စာ လက်ဖျားငွေသီးနေတဲ့ ဆရာဝန်တွေကို သာကြည့်လို့ ဝေဖန်ရင် မတ၇ားဘူး လို့ပြောရပါလိမ့်မယ်။

    ကိုအုန်းရဲ့ စာသားတွေကို ဖတ်ကြည့်ရတာ ဆရာဝန်တွေကို အပြစ်ပေးဖို့ စေတနာဇောအရမ်းထက်သန်နေတာကို တွေ့ရတယ်။ ယူထားရတဲ့ တာဝန်နဲ့လျော်ညီတဲ့ ပြစ်ဒဏ်ဆိုရင် ကိုအုန်းဆိုခဲ့သလို အရပ်ရပ်သော အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေမှာ ထိုက်တန်သင့်လျော်သော တာဝန်ယူမှု သိပ်ကိုအားနည်းနေပါတယ်။ ကိုအုန်းက ဆရာဝန်တွေကို သိပ်ကို အပြစ်ပေးစေချင်နေလို့ပါ။ ကျနော် တစ်ခု ပဲ ပွင့်ပွင့်လင်းလင်းပြောပါမယ်။ စစ်ဗိုလ်တွေ မြန်မာပြည်မှာ အများကြီးပါ၊ စစ်ဗိုလ်တစ်ယောက်ကို အငြိမ်းစားပေးလိုက်လို့ အစိုးရနစ်နာစရာ အကြောင်းသိပ်မ၇ှိပါဘူး။ ဆရာဝန်တစ်ယောက်ကို အမေရိကားမှာလို လူနာမကျေနပ်တာနဲ့ တရားစွဲမယ်ဆိုရင် သမင်မွေးရင်းကျားစားရင်းဆိုတာထက် ပိုမိုဆိုး၇ွားသွားပါလိမ့်မယ်။ ဆေးကျောင်းမှ မပြီးသေးတဲ့ ဆရာဝန်တွေကိုစောင့်လိုက် လက်ရှိဆရာဝန်တွေကို အပြစ်ပေးလိုက် ဆိုတာနဲ့ ပဲ သံသရာလည်သွားပါလိမ့်မယ်။

  1. Mg Moe Wai said... :

    ကိုအုန်းက လက်ရှိဘယ်မှာ နေသလဲဆိုတာမသိပါ။ ကိုအုန်းသာ တစ်ကယ်လို့ တစ်ကယ်အလုပ်လုပ်နေကြရတဲ့ နယ်မျြိ့ဆေးရုံကလေးတစ်ရုံက ဆရာဝန်တစ်ယောက်နဲ့ သုံးရက်လောက် စကားပြာဖူး လေ့လာဖူးလိုက်ရင် ကိုအုန်းဒီလို စကားမျိုးလုံးဝပြောထွက်မှာ မဟုတ်ဘူးဆိုတာ ယုံကြည်ပါတယ်။ကျနော်ဆိုလိုတာ တကယ်အလုပ်လုပ်သော ဆရာဝန်များကို ဆိုလိုပါတယ်။ တကယ်အလုပ်လုပ်နေကြသော ဆရာဝန်တွေ အများကြီး ရှိနေပါသေးတယ်။ အလုပ်မလုပ်ဘဲ ငွေကိုသာ မဲရှာနေသူတွေလည်း ဒုနဲ့ဒေးဆိုတာ ပြောဖို့မလိုပါ။ တစ်ခု ပြောလိုတာက တစ်ခုခု ပြောချင်တယ်ဆိုရင် ကားအကောင်းစားတွေနဲ့ လက်တစ်ဆုပ်စာ အထူးကုကြီးများကို သာမ ကြည့်ပါ နဲ့။ တောသူတောင်သားတွေနဲ့ တစ်သားတည်း..ထူးခြားတာက တီဗီရယ်၊စလောင်းရယ်၊ တရုတ်ဆိုင်ကယ်ရယ်ပဲ ပိုင်တဲ့ ဆရာဝန်တွေအများကြီးပါ။

    ခေတ်ကြပ်မှာ နိုင်ငံခြားပညာတော်သင်ဆိုတာကလည်း အဲဒီဆရာဝန်တွေအတွက် လက်လှမ်းမမှီနိုင်သေးပါ။ နယ်မြို့ကနေ အထူးကုဘွဲ့ဖြေရဖို့တောင် ရံခါ ကန်တော့နေရတဲ့ စံနစ်ကို အပေါ်က အလုပ်တစ်ကယ်လုပ်နေမယ်လို့ ယုံကြည်ရတဲ့ ကိုမောင်မောင်တို့ စိတ်ဆိုးတာ အံ့သြစရမဟုတ်ပါဘူး။ တစ်ကယ်တမ်းကလည်း ကိုမောင်မောင်လို ဆရာမျိုးတွေ တွေ့ခဲ့ဖူးပါတယ်လေ။

    နောက်တစ်ချက် ကိုအုန်းဝေဖန်တာကို အတော်ဘဝင်မကျဖြစ်မိပါတယ်။ ဆရာဝန်လူတန်းစား တစ်ရပ်တည်း လူပေါင်းသောင်းခြောက်ထောင်နဲ့ ဆက်ဆံနေရတာမဟုတ်ဘူးဆိုတာကိုပါ။ ဆရာဝန်တွေဟာ လူတွေပါ။ ကျနော်တို့မှာလည်း ကိုမောင်မောင် ဆိုခဲ့သလို နှလုံးသားရှိပါတယ်။ ကျနော်တို့ဆီ အားကိုးပြီးလာတဲ့လူတွေဟာ ငွေမပါဘဲ ကျနော်တို့လည်း မတတ်နိုင်တဲ့အခါ အင်မတန်မွန်းကြပ်ရပါတယ်။ တစ်ခု ဥပမာပေးလိုက်ပါဦးမယ် ..ကလေးဆေးရုံကြီးမှာ ကလေးအာဟာရ ချို့တဲ့လို့ ဆေးရုံလာတက်စဉ် အမေက ကာတွန်းငှားဖတ်ရင် ဆရာမက ဆူပါတယ်။ အကြောင်းရင်းက ကာတွန်းတစ်အုပ်ဟာ ကြက်ဥတစ်လုံးနဲ့ ငွေတန်ဖိုးညီပါတယ်။ ကလေးကို သာကျွေးခဲ့ရင် ကလေးအခုလိုမဖြစ်ဘူးပေါ့။ အဲဒါကိုပြောတာက လူနာတွေဖက်မှာ ပညာရေးချို့တဲ့လို့ မလိုအပ်ဘဲ ခံစားရတာ၊ ဆရာဝန်တွေ ဝန်ပိတာ အများပါ။

    နာမည်ကျော်သတင်းစာဆရာကြီးတစ်ဦးရဲ့ 96ပါး ရောဂါပျောက်တယ်ဆိုတာကို အထူးမဝေဖန်ခဲ့ကြပါဘူး..မြန်မာမီဒီယာ အသိုင်းအဝိုင်းက။ တိုင်းရင်းဆေးဆိုပြီး အားပေးခဲ့ကြပါတယ်။ လက်ရှိ ဆရာဝန်တွေ ရုန်းကန်ကူးခတ်နေရတဲ့ ခေတ်ကြပ်မှာ ကိုအုန်းတို့လို လူတွေက လက်ညိုးကို ဆရာဝန်တွေဆီမှာပဲ ထိုးထားချင်တာကတော့ မတရားဘူးလို့ပဲမြင်ပါတယ်။
    ကျနော်တို့ဟာ ဆရာဝန်တွေဖြစ်တဲ့အတွက် ဆေးထိုးအပ်ကိုင်၊နားကြပ်ကိုင်ပြီး ဆေးကု၊ အသက်ကယ်နေကြပါသေးတယ်။ မဆုံးနိုင်တဲ့ ပြည်တွင်းစစ်မီးကိုမွေးထားပြီး မလိုအပ်ဘဲ စစ်သားတွေ စုဆောင်း၊လက်နက်တွေစုဆောင်းနေတဲ့ စစ်အစိုးရကို ဝေဖန်တဲ့နေရာမှာလည်းကိုအုန်းတို့နာမည် ကြားချင်ပါသေးတယ်။

    ကျနော်တို့ဆရာဝန်တွေဟာ ပညာရှင်တွေသာ ဖြစ်ပါတယ်။ စစ်အစိုးရရဲ့ အခွင့်ထူးခံတွေမဟုတ်ကြပါဘူး။ စစ်အစိုးရကလည်း ဆရာဝန်တွေကို လုပ်ပြီဟဲ့ ဆိုပြီး ထူးလို့ ကာကွယ်မပေးပါဘူး။ကိုအုန်းတို့လို လူတွေရယ်၊ မီဒီယာ အချို့ရဲ့ ထိုးနှက်ချက်ကြောင့် မြန်မာဆရာဝန်ငယ်တွေ စိတ်ပျက်နေကြတာကို ဆေးပညာ ဘလော့တွေမှာ အထင်အရှားတွေ့နေရပါတယ်။ ကိုယ့်ရဲ့ဝေဖန်ချက်ဟာ အပြုသဘောလား၊ ပျက်စီးစေလိုတာလားဆိုတာ သုံးသပ်ကြည့်စေလိုပါတယ်ခင်ဗျာ။

  1. Anonymous said... :

    "ဘယ်သူ‌တွေမှားသလဲ"ဆို‌တော့...တချို့မှားတယ်..
    တချို့မှန်တယ်လို့ဘဲ‌ပြောရမယ်ထင်တယ်..ကိုယ်‌တွေ့
    တခုကို‌ပြောရရင်..ကျမသမီး‌လေး‌သွေးလွန်တုပ်‌ကွေးဖြစ်‌တော့..ခ‌လေး‌ဆေးရုံတက်ရပါတယ်..အဲဒီမှာ
    တခါမှမမြင်ဖူးတာ‌တွေမြင်ရပါ‌တော့တယ်..နယ်ကတက်လာတဲ့သူ‌တွေ..တချို့ဆိုရင်ဖိနပ်‌တောင်မပါဘူး..ဆရာ။ဆရာမ‌တွေ‌ပြောတာလဲနားမလည်
    မသွားတတ်၊မလာတတ်၊ဘာလုပ်ရမှန်းမသိနဲ့သနားစရာသိပ်‌ကောင်းတာဘဲ..ခ‌လေးလူနာ‌တွေများလွန်းလို့ကုတင်တလုံးမှာ၃‌ယောက်ထားရတယ်
    ‌ဆေးဘီဒို‌ပေါ်မှာယာယီတင်ထားရတယ်..အဲဒီအချိန်မှာ
    အပြင်မှာကြား‌နေရတာ‌တွေနဲ့လုံးဝဆန့်ကျင်တာ‌တွေမြင်‌တွေ့ရတယ်..ဆရာဝန်၊‌တွေသူနာပြု‌တွေခမျာ
    အသက်‌တောင်ဝ‌အောင်ရှုရရဲ့လားမသီပါဘူး..ဂျင်
    ‌ခြေလည်‌နေကြတာဘဲ..လူနာနဲ့အင်အားမမျှ‌တော့
    ‌ဘေးကလူ‌တွေပါမ‌နေနိုင်တဲ့သူဝိုင်းကူရတာဘဲ..၁နာရီ
    တခါ‌သွေးချိန်‌ပေးတယ်..ည..ညဆိုရင်လဲအ‌ရေးကြီးရင်အချိန်မ‌ရွေးလာ‌ခေါ်ဆြိုပီး‌ပြောထားတယ်.
    ကိုယ်‌တွေ့ပါ..‌ဆေးရုံကဆင်းတဲ့က‌လေးအ‌မေတချို့ကအူတူအတနဲ့..ဆက်တိုက်ရမဲ့‌ဆေး‌တွေကို
    နားမလည်‌တော့..သူနာပြုဆရာမကြီးက‌သေချာ‌ရှင်းပြပြီးက‌လေးအ‌မေကြိုပန်ရွတ်ပြခိုင်းတယ်..အလှူခံတာကလဲတတ်နိုင်သ‌လောက်ဘဲလှူခိုင်းတာ‌တွေ့ရတယ်..‌ကျေးဇူးတင်လွန်းလြို့ပင်ပ‌ဆေးခန်းမှာကုန်‌လောက်မဲ့စရိတ်ကိုလှူ‌ပေးခဲ့တယ်..မှတ်မှတ်ရရနိုက်ဂျူတီကျတဲ့ဆရာဝန်မ
    တ‌ယောက်ဘဲအ‌ပေါက်ဆိုးတာ‌တွေ့ခဲ့ရတယ်..အဲဒါကခ‌လေး‌ဆေးရုံကအ‌တွေ့အကြုံ...ပြင်ပ‌ဆေးရုံမှာ
    ‌တော့အံ့ဖွယ်သုတဘဲ..‌နေမ‌ကောင်းတဲ့လူနာကဆရာဝန်နဲ့‌တွေ့ရဖို့အတွက်တန်းစြီပီးတ‌ယောက်ပြီးတ‌ယောက်‌ကျောကိုတွန်းမလွှတ်ရုံတမယ်ဘဲ..ဆရာဝန်နဲ့‌တွေ့ချိန်ကျ‌တော့တမိနစ်‌တောင်မပြည့်ဘူး..‌စောင့်ရတာကျ‌တော့၂နာရီ..ဒါ‌တောင်ကြိုတင်ဘွတ်ကင်လုပ်ထားတာ‌နော်
    လူနာတ‌ယောက်ကြိုကည့်‌နေချိန်မှာ‌နောက်တ‌ယောက်ကကုတင်‌ပေါ်မှာလှန်ပြီးအဆင်သင့်‌စောင့်‌နေရတယ်..ဒါ‌ကြောင့်‌ပြောတာ..အချို့မှန်တယ်..အချို့မှားကြတယ်လို့...။

  1. Hnin Thazin said... :

    အပေါ်က Anonymous ပြောထားတာကို နားလည်ပါတယ်...ဟုတ်ပါတယ်...နေရာတိုင်းမှာ ဒီလိုအခြေအနေမျိုးရှိပါတယ်..ကျွန်မလည်းဆရာဝန်မဟုတ်ပါဘူး...ကျွန်မ၀န်ခံပါ့မယ်..၁၀တန်းတုန်းက ဆေးကျောင်းမ၀င်လို့ ဆေးဘက်ဆိုင်ရာရောက်ပါတယ်.ကျွန်မအခု အသက်၁၈နှစ်တောင်မပြည့်သေးပါဘူး...
    ဒါပေမဲ့ ဆေးပညာကိုအရမ်းဝါသနာပါတော့ ဆေးရုံကို house surgeon အမတွေနဲ့ night duty ကိုခနခန လိုက်သွားဖူးပါတယ်....ကျွန်မ၀ါသနာကိုက ဆေးရုံမှာ လူနာတွေဘေးမှာနေချင်တာမို့ပါ...ကျွန်မလည်းအရင်တုန်းက ဆရာဝန်တွေကိုမုန်းခဲ့မိပါတယ်...ကျွန်မဖေဖေက ဆရာဝန်မှားလို့ဆုံးသွားခဲ့တာပါ....ဒါပေမဲ့လည်းနောက်ပိုင်းမှာ ကောင်းကောင်းသိလိုက်တာ က ဆရာဝန်ဆိုတာ အနည်းဆုံးတော့ လူနာကို အကောင်းဆုံးလုပ်ပေးချင်ကြတာချည်းပါပဲ..ကျွန်မ ဆေးသားကျောင်းဘ၀မှာ အရမ်းဆိုးတဲ့လူတွေနဲ့လည်းတွေ့ဖူးပါတယ်...သူတို့ အပြင်မှာဒီလောက်ဆိုးတာတောင် လူနာတွေအပေါ်မှာ ကျ ကိုယ်ချင်းစာစိတ်အပြည့်နဲ့ စဉ်းစားပေးတတ်ပါတယ်...တချို့ဆိုးတဲ့ဆေးကျောင်းသားတွေဆိုရင် ဆေးရုံမှာ လက်တွေ့ ဆင်းရပြီးမှ သံဝေဂရပြီး အရမ်းလိမ်မာလာတဲ့လူတွေရှိပါတယ်...အခုကျွန်မစလုံးမှာ healthcare management တက်နေတာပါ...ဒီရောက်တော့လည်း ဒီနိုင်ငံကဆရာဝန်တွေအကြောင်းကိုတော်တော်သိလာပါတယ်...လူတွေကပြောကြတယ်...နိုင်ငံခြားက ဆရာဝန်တွေက service အတော်ကောင်းကြတယ်တဲ့...ဟုတ်ပါတယ်...အမှန်ပါပဲ..ဘာလို့လဲဆိုတော့ ပေးထားတဲ့လစာကလည်းမနည်းဘူးရော...တစ်ခုခုမှားရင် တရားစွဲခံရပါတယ်..အဲဒါလည်းဟုတ်ပါတယ်....ဒါပေမဲ့လေ...အကုန်လုံးကလူသားတွေပါ...တခါတစ်လေ ဥပဒေကတောင် တရားကိုလူမှားစွဲတာရှိသေးတာပဲ...လူမှားဖမ်းတဲ့ case မျိုး...ကဲ...ဒါကြတော့ဘယ်လိုပြောကြမလဲ...မြန်မာနိုင်ငံက ဆရာဝန်တွေက လူနာတွေနေရာမှာ ကိုယ်တိုင်ခံစားပြီးကုပေးကြတာပါ....နိုင်ငံခြားက ဆရာဝန်တွေက စက်ရုပ်တွေပါပဲ...ရရှိတဲ့နွေးထွေးမှုချင်းမတူပါဘူး....ကျွန်မအသိဆုံးပါ...ဘာလို့လဲဆိုတော့ ကျွန်မက ဆရာဝန်မဟုတ်ခဲ့ပေမဲ့ မြန်မာနိုင်ငံက ဆရာဝန်အကြောင်းရော...နိုင်ငံခြားက ဆရာဝန်တွေအကြောင်းပါလေ့လာနေသူမို့ပါ...ဆရာဝန်လည်းလူပါပဲ....ပေါက်ကွဲလာတဲ့အချိန် စကားပြောရိုင်းရင်လည်းရိုင်းလာမှာပဲ...ဒီတစ်ခုတော့ ပြန်စဉ်းစားစေချင်ပါတယ်..ရေးတဲ့လူတွေကဘယ်လိုလူတန်းစားတွေမှန်းမသိပေမဲ့ကိုယ့် field ကိုအဲလိုလာစော်ကားရင်ကိုယ်ကရော ယဉ်ယဉ်ကျေးကျေးလေးနဲ့ပြန်တုန့်ပြန်နိုင်မှာလားဆိုတာကို သိချင်ရင်း.....

  1. Hnin Thazin said... :

    ပြီးတော့ နောက်ထပ် Anonymous တစ်ယောက်ရေးထားတာတွေ့ပါတယ်....(စိတ်တော့မရှိနဲ့ဗျာ၊ ဆရာဝန်တွေကလည်း ဆရာဝန်တွေပါ။ တစ်ခါတစ်လေမှာ ဆေးရုံမှာ လက်တည့် စမ်းမယ့် ဆရာဝန်ပေါက်စတွေနဲ့ မေးခွန်းပေါင်းများစွာ တစ်ယောက်ပြီး တစ်ယောက်မေးလေ့ရှိတဲ့ ဟောက်ကလေးတွေကို အချိန်များများတွေ့နေရတာကလွဲရင် ဆရာဝန်ကြီးတွေကို တွေ့ရဖို့ဆိုတာလဲခက်သားဗျ။ ကိုယ်တွေ့ပါ။) အဲဒီဟာလေးပါ...ဆေးရုံမှာ လက်တည့်စမ်းမယ့်ဆရာဝန်ပေါက်စလို့ ပြောတာလုံးဝ မှားနေတယ်ထင်ပါတယ်ရှင်...လက်တွေ့စမ်းတယ်လို့ပြောရအောင် ကျွန်မတို့က အရုပ်တွေကို ဆော့နေတာမဟုတ်ပါဘူး...ကျွန်မတို့တွေဒီလိုမှ ပညာမသင်ရင် နောက်နောင်ကျွန်မတို့တွေဆရာဝန်ကြီးနေရာတွေကိုဘယ်လိုရောက်နိုင်မလဲ...ဆရာဝန်ကြီးတွေလည်း ဒီလိုဟောက်စ် ဘ၀ကတက်လာတာပါပဲ...အဲတုန်းကဆရာဝန်ကြီးတွေကိုရော လက်တွေ့စမ်းတာလို့ပြောမှာပဲလား?? ဒါနဲ့ ဆေးပညာတိုးတက်လာတယ်ဆိုတာ ရှေးတုန်းက လက်တွေ့စမ်းမှုတွေနဲ့ လူတွေအများကြီးသေခဲ့ပြီးမှ တိုးတက်လာခဲ့တာပါ..ရှင်ဒီလိုတိုးတက်နေတဲ့ခတ်မှာ လူဖြစ်လာတာကိုကျေးဇူးတင်ရဦးမယ်...ရှေးတုန်းက ဘာဆေးဖြစ်ဖြစ်လက်တည့်စမ်းခံရတဲ့ခတ်မျိုးမဟုတ်ပဲပေါ့...ဆင်ခြင်နိုင်ပါစေ

  1. Anonymous said... :

    အားလုံးပဲ ဘာမှ့  မဟုတ်ဘူး၊ ဆရာဝန်ရော လူနာရော သီလတွေ မလုံကြလို ပါ။ မယုံမရှိနဲ။ လူနာကလည် ကောင်တုန်းက စွတ်သမထားတာ၊ ဆရာဝန်ကလည် ဂွင်ထဲရောက်တုန်းပညာပြထားတာ။ ဒီလို အားလုံက သီလမှ မလုံတာ ၀ဋ်ကျွေတွေ သံသရာတွေ လည်နေအုံးမှာပါ။ မယုံမရှိနဲ။ ကိုအလှည့်မှာလည်း ဒီလိုပဲ ကျုံအုံမှာပါ။ ခံနိင်အောင်သာပြင်ထားကြ။
    စည်မဲ့ ကန်းမဲ့ ဥပဒေမဲ့ ဘာသာမဲ့ လူမျိုးမဲ့ အမျိုးပျက်နေတဲ့ စိတ်ယုတ်ရှိတဲ့ လူမျိုးတိုင် နိင်ငံတိုင် ဒီလိုပဲ ကျုံကြရမှာပါ။ ဒါသခါၤရပဲ။ ဒါ တရာပဲ။ ကြည့်တတ်ရင် မြင်မှာပါ။ အားလုံပဲ ကျန်းမာချမ်းသာ ကြပါစေ။

  1. Anonymous said... :

    ဆရာမောင်မောင်ရယ် ဒေါသတွေသိပ်ထွက်မနေပါနဲ့ ဆေးရုံမှာ ပင်ပန်းရင်လဲ လုတ်မနေပါနဲ့ .အလုတ်တိုင်းမှာ ပင်ပန်းတာဘာပဲ.အားလုံးသောဆရာဝန်တွေ မဆိုးပါဘူး ဒါပေမယ့်အားလုံးတော့ကောင်းကြမယ်မထင်ဘူး တာဝန်ကြေဘို့ဘဲလိုတာဘာ သူ့နေရာနဲ့သူပေါ့

  1. Nymoo said... :

    ဦးအုန်း ဒီမေးခွန်းတွေကို ဖြေကြည့်ပါ..

    (၁) ဆေးကုတတ်လား..
    (၂) Anatomy, Physio, Biochemistry, Pharmaco, Patho,Microbiology, Surgery, Medicine, Paediatrics, Obstetrics, Gynae အဲ့ဒါတွေ အကြောင်းနားလည်လား..
    (၃) How would you manage unconcious patients ?
    (၄) ဆေးရုံမှာ အပြာဝတ် Male Nurse လုပ်ဖူးလား..
    (၅) ဆရာဝန်တွေ နဲ့ ကျန်းမာရေး အကြောင်းဆွေးနွေးဖူးလား..

    ဒါတွေ မသိရင် ပါးစပ်ပိတ်အေးဆေးနေ.. မသိရင် ငြိမ်ငြိမ်လေး ကုပ်နေ.. လျှောက်ပြောနေရင် ရှက်စရာကြီး..

  1. Anonymous said... :

္ကဤမျှမြိန်ယှက်ဘွယ်ရာသတင်းအား အမနာပ မျှဝေသူ တင်ဆက်သူနှင့်တကွ စေတနာမှန်၊ ဝေဒနာမှန်၊ အဘိဇ္ဇာမှန်၊ ဝိဇ္ဇာ အဝိဇ္ဇာမှန်၊ အားလုံးသော “ငါ”တည်းဟူသောအမှန် တရားကြီးကို ယုံကြည်ကိုးစားလျက် ဦးနှောက်နာဂစ် ဆင်နေကြသည့် ထဲနေပြင်နေ၊ နိုင်ငံခြားရောက် နိုင်ငံခြားပြန်၊ နိုင်ငံခြားမရောက် နိုင်ငံခြားမပြန်၊ အလုပ်လက်ရှိ အလုပ်လက်မဲ့ ခပ်သိမ်းကုန်သော ဆရာဝန်ပညာရှိ ဆရာမဝန်ပညာရှိ၊ လူမာပညာရှိ လူမမာပညာရှိ အပေါင်းတို့ ခင်ဗျာ..

    လေးစားချစ်ခင် ရင်မောပင်ပန်းစွာဖြင့် လွန်ခဲ့သောနှစ်လေးဆယ်ကျော်က ကွယ်လွန်ခဲ့ပြီးဖြစ် သော စာရေးဆရာ ဒါရိုက်တာကြီးတစ်ဦး၏ စာတစ်ပိုဒ်ကို(မူရင်းအသုံးအနှုံးအတိုင်း) မျှဝေပါရစေ။

    “လူဆိုတာအလကားအကောင်တွေချည်းဖြစ်သည်။ ထိုအလကားအကောင်တွေအကြောင်းကို ကျွနုပ်အနေုဖြင့် အချိန်ကုန် လေကုန်ခံပြီး မဝေဖန်လို။” (ဉာဏ)

    တစ်ဆက်တည်း “ဘယ်သူတွေ မှားသလဲ” ဆိုသော အနုမာန အပေါ် ကျွန်တော်၏ အတ္တနောမတိ (ဝါ) အရူးအမြင်ကို မရဲတရဲ တင်ပြလိုပါသည်။

    ဤဖြစ်စဉ်နှင့်ပတ်သက်၍ ခင်ဗျား ကျွန်တော် သူတို့အားလုံး မမှားကြပါ။ မှားသူမှာ ထို ဖေစ္စဘုက္ခ (Facebook)(ဝါ)အနုမြူ ဇရပ်ပျက်နံရံ ကို အလုပ်မရှိအလုပ်ရှာဖန်တီးခဲ့သော ချာတိတ် (အမည်မမှတ်မိ၊ မသိလို) သာဖြစ်ပါသည်။ သိရသလောက် ဒင်းကလေးကတော့ အနှီ ရူးကြောင်မူးကြောင် ဆတ်ဆော့မှုကိုအကြောင်းပြုကာ ကမ္ဘာကျော်၊ သမိုင်းဝင၊် ဝက်ထော၊ သန်းကြွယ်၊ ကုဋေကြွယ်စာရင်းဝင်ကာ ဒူးနှံ့နေပါပြီ။ ကျွန်တော်တို့သာကီနွယ်တွေသာ ထိုဇရပ်ပျက်နံရံမှာ ခါတော်မီလက်တည့်စမ်းလိုဇောဖြင့် မောကြရှာသော နွားကျောင်းသားများနှယ် အိပ်ပျက်စားပျက် အလုပ်အကိုင်ပျက် မိတ်ပျက် ဆွေပျက် ပျက်မျိုးစုံလင်လျှက် ပျက်ပြီးရင်းပျက်နေသော စီးပွားကတစ်ဖက်နှင့် သွက်သွက်ခါနေကြရသည်မဟုတ်ပါကုန်လော။
    ထို့ကြောင့် ကျွန်တော်တို့မမှား၊ သူသာမှား၏။

    (လူပြန်တော် တာတေ)

  1. ညီကိုတို့ရေ ၀ါးလုံးရှည်နဲ့ ရမ်းတာကတော့ မကောင်းပါဘူး
    ဘယ်သူ မကောင်းဘူးလဲ ? နာမည်တပ်ပြီးရေးပေါ့ဗျာ
    ဘယ်ဆေးရုံ ၊ ဆေးခန်း ၊ ဘယ်ဌာန စသဖြင့်ပေါ့
    ခင်ဗျားတို့ ပြောသလို အသပြာ ဆရာဝန်င်္တေ ရှီသလို တကယ့် စေတနာ ဆရာဝန်တွေလည်း ဒုနဲ့ဒေး ပါပဲ
    ကိုကိုယ်တိုင်ကိုက အထူးကုမှ ဋ္ဌကိုကိရင်တော့ အသပြာ င်္ထက်မပေါ့ .....

    ငနောက်

  1. taryar said... :

    အဆိုးဆုံးက ဗမာပြည်မှာ တာဝန်ယူမှူ ကို စံနစ်
    တကျနဲ့ အပေါ်ဆုံးအစိုးရကနေ အောက်ဆုံးက ပြည်
    သူတဦးချင်းစီအထိ ယူတတ်အောင် လုပ်ထားတဲ့ စည်းကျပ်မှူတွေ ပြဌာန်းမှူတွေ လိုက်နာမှူတွေမရှိ
    တာဟာ အဓိကပြသနာပဲ .. ဆေးလောကမှာမှမ
    မဟုတ်ဘူး နေရာတိုင်းမှာ တာဝန်ယူမှူ လျော့ယဲလာ
    တာဟာ ဗမာတပြည်လုံး လိုလိုပဲ .. ပညာရေးလော
    ကဆိုရင် အဆိုးဆုံးပဲ (ဗမာပြည်မှာ ကိုယ့်သားသမီး
    ကို အစိုးရမူလတန်းကျောင်းထားနေတဲ့မိဘတွေကစ ပြီးမိဘတိုင်းအသိဆုံးဖြစ်မှာပဲ)အဲဒီစံနစ်အောက်မှာ
    ခါးစည်းခံနေရတာက ပြည်သူလူထုပဲ .. ဆရာဝန်လဲ
    ဆေးရုံကထွက်ရင် ကိုယ့်ကလေး မူလတန်းကျောင်း
    သားရဲ့ ဆရာမက သူ့ ဆီမှာ ကျူရှင်တက်ဖို့ တွန်း
    အားပေးတာကို ကြားရမှာပဲ .. ကျောင်းဆရာမက
    လဲ ဆေးရုံတက်နေတဲ့ သူ့ ကလေး ရဲ့အခြေအနေကို
    လက်ရှိအခြေအနေ နောက်ဖြစ်နိုင်မယ့် Complication တွေသုံးရမယ့် ဆေးတွေနဲ့ ဆေးတွေရဲ့အာနိသင် နဲ့ အသုံးပြုရခြင်းရဲ့အကြောင်းကို နား
    လည်အောင်ရှင်းပြရမယ့် အစား (အပေါ်မှာ တယောက်သောသူက ဗမာပြည်သူတွေဟာ ကျမ်းမာ
    ရေး အသိပညာနည်းတယ်လို့ ကောက်ချက်ချထားပါ
    တယ်ဒါမှန်ပါတယ် ဒါပေမယ့် အဲဒီလို အမြင်ထက် ဗမာပြည်ကလူတွေဟာ ဆေးပညာရဲ့ ဒါတွေ..ဒါ
    တွေ ..ဟိုဟာတွေ..ဟိုသင်းတွေကို နားမလည်ဘူး
    ဆိုတဲ့ အထင်အမြင်သေးတာမျိုးကိုလဲ တွေ့ ရပါ
    တယ်) ရှင်တို့ ..လူနာကို ဘယ်လို လုပ်လို့ ဘယ်
    သင်းဖြစ်လို့ ..ကစပြီး ..လူနာရှင်ကျောင်းဆရာမ
    ကျောင်းအုပ်ကြီးရှေ့ ရောက်တဲ့ အပစ်ရှိကျောင်းသား
    လေးတယောက်လို မျိုး Treated အလုပ်ခံရတာ
    တွေ နေရာတိုင်းမှာပါ ..ဒီစံနစ်ဆိုးကြားမှာ တာဝန်
    မဲ့သထက် မဲ့လာတာ ပျက်သထက် ပျက်လာတယ်
    ဆိုတာတွေဟာ ..(ရှုန့် ချသည်ဖြစ်စေ ကဲ့ယဲ့သည်
    ဖြစ်စေ) ဝေဘန် ထောက်ပြတာကို လက်မခံနိုင်တဲ့
    အသင်းအဖွဲ့ စိတ်ဓါတ်မဟုတ်တဲ့ အုပ်စုစွဲ ပုဂိုလ်စွဲ
    တွေဟာ အဓိကပါ..။
    ရှုန့် ချကဲ့ရဲ့တာဖြစ်ဖြစ် ဝေဘန်ထောက်ပြတာဖြစ်ဖြစ်
    စိတ်မသက်မသာနဲ့ ရှုးရှုးရှားရှား ခံစားတတ်ကြတာ
    ကသာမန်လူတိုင်းလူတိုင်းပါ ... သာမန်ထက်ပို
    လို့ ဆရာဝန်ဖြစ်ရတယ်လို့ ခွဲခြားခံထားရတဲ့ဗမာ့ပညာ
    ရေးနဲ့ ဗမာ့ လူအဖွဲ့ အစည်း အတွင်း မှာ ဆရာဝန်
    တယောက်ရဲ့ရှိရမယ့် Ethic တွေနဲ့ ဒေါက်တာတို့ 
    က သာမန်လူတယောက်လို ပြသနာတခုနဲ့ ဝေဘန်
    မှူ တွေကို မတုန့် ပြန်စေချင်ပါ .. ပြည်သူတွေ
    ရဲ့ ကျမ်းမာရေးပြသနာတွေအပေါ်ရင်ဆိုင်နေရတဲ့ ဒုက်ခကိုလဲ ပြန်ငဲ့ပြီး သူတို့ ရဲ့ခါးသီးတဲ့ ခံစားချက်
    တွေကိုလဲ နားလည်မှူ့ ပေးပါလို့ ဒီနေရာကနေဆို
    ချင်တယ်။

  1. ဆရာဝန် လူတန်းစားကို တန်ဖိုးထားလေးစားတယ်ဆိုတာ သာမန်ထက်ပိုတယ်ဆိုတာ လက်ခံသဘောတူရမှာပါ။ ဒါပေမယ့် ကျဆင်းနေတဲ့ ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းမှာ ဆရာဝန်တွေကိုပဲ အပြစ်ဖို့နေတာက အမြင်ကျဉ်းလွန်းရာ မကျဘူးလား။

    စံနစ်တစ်ခု အားနည်းတယ်ဆိုရင် ဘက်စုံ၊ထောင့်စုံကနေ သုံးသပ်သင့်တယ်။ သုံးသပ်ရမယ်။ ကျန်းမာရေး စောင့်ရှောက်မှု အားနည်းတယ်ဆိုတာ ဆရာဝန်တွေရဲ့ ကျင့်ဝတ် လိုက်နာမှု အားနည်းတာ တစ်ခုတည်းကြောင့် မဟုတ်ပေဘူး။ ဆရာဝန်တွေရဲ့ အရည်အသွေး၊စဉ်ဆက်မပြတ် ခေတ်သစ်ဆေးပညာ ကို ဆည်းပူးပြီးအရည်အသွေးမြင့် ဆေးပညာရှင်တွေကို မွေးထုတ်ဖို့ နိုင်ငံတော်ရဲ့ ပံ့ပိုးမှုတွေ၊ နောက် ဆေးရုံကိုလာတဲ့လူနာတွေအတွက် အခြေခံလိုအပ်နိုင်တဲ့ ဆေးမျိုးတွေကို ဖြည့်ဆည်းပေးထားတာတွေ၊ မြို့နယ်၊ ကျေးရွာ အလိုက်ရှိသင့်တဲ့ ကျန်းမာရေးဝန်ထမ်းအရေအတွက်နဲ့ လူဦးေ၇အချိုးအစားချပြီး ခန့်အပ်ထားတာတွေ၊ ဆရာဝန်တွေကို ငွေနောက် ကောက်ကောက်မပါသွားရလေအောင် နိုင်ငံတော်ကနေ ပညာသင်စေလွှတ်ပေးတာမျိုးနဲ့ မက်လုံးပေးဆွဲဆောင်ထားနိုင်တာတွေ၊ ကျန်တဲ့ ကျန်းမာရေးဝန်ထမ်းတွေဖြစ်တဲ့ သူနာပြုတွေရဲ့ ကိုယ်ကျင့်တရားပိုင်းကို မြှင့်တင်ပေးတာမျိုးတွေ၊ စိတ်ဓါတ်ပိုင်းဆိုင်ရာ သီးသန့်လေ့ကျင့်မွမ်းမံပေးတာမျိုးတွေ၊ ဓါတ်ခွဲပညာရှင်တွေကို မြေတောင်မြှောက်ပေးတာမျိုးတွေ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့လိုဟာ မျိုးနဲ့ ညှိနှိုင်းပြီး မြန်မာ မှာ လူအသေအပျောက်များဆုံး(Epidemic Diseases)တွေကို ထိန်းချုပ်နိုင်ဖို့ လိုအပ်တဲ့အကူအညီကို တောင်းခံတာမျိုးတွေ(နိုင်ငံရေးနဲ့ငြိရင် တစ်ချို့ဟာတွေကို လူကြီးတွေမျက်နှာလွဲနေတတ်တယ်။)အဲဒါမျိုးတွေကို ထည့်သွင်း တွက်ချက်သင့်တယ်။ ဆေးရုံဆေးခန်းမှာ နေမကောင်းလို့ လာတဲ့လူနာကို ဟောက်တယ်ဆိုတာ အလွန်မဖြစ်သင့်တဲ့ ကိစ္စတွေပဲ။ ဒါကိုတော့ ခြွင်းချက်မရှိ လက်ခံရမှာပဲ။ ဒါပေမယ့် သူတို့ဖက်က ပစ္စည်းမရှိလို့မှ၊ အင်အားမရှိလို့မှ ရှိသမျှနဲ့ ဝအောင် ကျွေးနေရတဲ့ကြားထဲ လို့ စောဒက တက်လာခဲ့ရင် ကိုယ့်ဖက်မှာ ပြန်ဖြေစရာ အဖြေမရှိတာကလည်း အမှန်ပဲ။


    စံနစ်တစ်ခုကို တိုးတက်အောင်မွမ်းမံမယ်ဆိုရင် ဝေဖန်တာဟာ အပြုသဘောဆောင်သင့်တယ်လို့ မြင်တယ်။ တိတိကျကျ ကွက်ကွက်ကွင်းကွင်း ထောက်ပြနိုင်ရင် ပိုကောင်းတယ်။ ဆရာဝန်တွေညံ့လာတယ်။ ဟုတ်တယ်။ သဘောတူတယ်။ ဒါကိုဘယ်လို ပြင်ကြမလဲ။ ကျန်းမာရေး စောင့်ရှောက်မှု အားနည်းလာတယ်။ ဒါကိုဘယ်လို ပြင်မလဲ။ သက်ဆိုင်ရာဝန်ကြီးဌာန ဆိုတာကလည်း ကျန်တဲ့ ဝန်ကြီးဌာနတွေနဲ့ ယှဉ်လိုက်ရင် အတော် တန်ခိုးအာဏာ နည်းတာကလား။ အဲ့သလို တိတိကျကျ ထိထိမိမိ ကိုယ်မြင်တာလေးကို ထောက်ပြလို့ အပြုသဘော ပြောကြရင်ဖြင့် အလွန်ကိုကောင်းမှာပဲလို့ အောက်မေ့တယ်။ အခုဟာက မကောင်းဘူးလို့ပြောနေတယ်။ တစ်ချို့က ပြောင်းရမယ်လို့ ပြောနေတယ်။ ဒါကို ဆရာဝန်တွေက လူညံ့တွေမှ မဟုတ်ဘဲ။ ပြောင်းချင်တာပေါ့။ နားလည်တာပေါ့။ ခက်တာက ကိုယ်လုပ်ချင်တာကို လုပ်ခွင့်မရတာ။ ကန့်သတ်ခံထားရတာတွေက ပြဿနာလေ။အပြစ်ဖို့လို့ ပြဿနာ ပြေလည်ကြေးဆို ကျွန်ုပ်တို့ မြန်မာပြည်ဟာ ကမ္ဘာ့အငြိမ်းချမ်းဆုံးနဲ့ အကြွယ်ဝ ဆုံးဖြစ်နေလောက်ပြီ မှတ်တယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved