မြန်မာ့အလင်းထဲက သတင်းကောင်း ၂ ပုဒ်
Tuesday, June 21, 2011
သတင်းကောင်း - ၁
ဆင်းရဲနွမ်းပါးမှု ကျဆင်းနေပြီ တဲ့။
မျက်နှာဖုံးသတင်းပါ
သမ္မတဦးသိန်းစိန်ရဲ့ ပြောပြချက် ဖြစ်ပါတယ်
မြန်မာပြည်သားတွေ ဆင်းရဲခြင်း လွတ်ကင်းလာကြတာ သတင်းကောင်းပေါ့။
သတင်းကောင်း - ၂
ဂူဂယ်မြေပုံ လက်တွေ့ အသုံးချနည်း သင်တန်း ဖွင့်မယ် ဆိုပဲ။ ၄ ရက် တဲ့။
မြန်မာပြည်မှာ
ညသန်းခေါင်ကျော်က မနက် စောစော အင်တာနှေး
မနက် ၈ နာရီလောက်က ၉.၃၀ လောက်ထိ အင်တာလိပ်
၉.၃၀ ကနေ ည ၁၀.၃၀ လောက်ထိ အင်တာပက်ကျိ
ဆိုတော့ ၄ ရက်နဲ့ လုံလောက်ပါ့မလား။
9 comments :
  1. Anonymous said... :
    ရာနှုံးကျသွားတယ်ဆိုတော့ ဘယ်လိုနားလည်ရမလဲ
    ဆင်းရဲနေတဲ့သူ တွေ ချမ်းသာသွားတာလား..
    သတ်ပလိုက်တာလား.. ဆင်းရဲမှု ဆိုတဲ့ အဓိပါယ်ပြောင်းလိုက်တာလား..
    ရာနှုံးတွေကလဲ ဘယ်လိုတွက်ထားတယ်မသိ..။
    သေချာအချိုးကျတွက်မယ်ဆို အနည်းဆုံး ၇၀% လောက်က ဆင်းရဲနေတာပါ
    ကျန်တာက အလည်အလတ်တန်းစားနဲ့ အလွန်နည်းတဲ့ ရာခိုင်နှုံးက ချမ်းသာတဲ့သူတွေပေါ့
  1. Anonymous said... :
    ပြစ်မရှိ ပြစ်ရှာ
    လမင်းကို ခွေးဟောင်လို့
    ရွှေလရောင် ပြောင်မပျက်တယ်
    ထွန်းလျက်ပင်သာ။
    မြရွှေဂူ ပတ္တမြားကိုလ
    ညွန်လူးကာတိုက်နဲ။
    ပွတ်လေလေ
    ဂူရွှေမှာ အရောင်ထွက်တယ်
    ရှေးကထက်ကဲ။
    ( မန်လည်ဆရာတော် )
  1. Anonymous said... :
    အကောင်းမြင်တတ်တာကတော့ကောင်းပါတယ်.. ဒါပေမဲ့ကောင်းတဲ့အချက်လဲနဲနဲမှမရှိတာကြီးကိုကောင်းပါတယ်ကောင်းပါတယ်လုပ်နေရတာကတော့၊ ဘာနဲ့ နှိုင်းရမလဲဆိုရင်တော့၊ ကိုယ့်မိန်းမကိုယ်ရှေ့ မှာလင်ငယ်နဲ့ ပလူးနေတာကိုထိုင်ကြည့်ပြီးပီတိဖြစ်နေတဲ့လူလိုများဖြစ်နေမလားလို့ ...ဟီးဟီး..
    ပြောရရင်မြန်မာပြည်ကစာရင်းတွေကတစ်ခုမှယုံကြည်စရာမရှိပါဗျာ..အခုသမ္မတဦးသိန်းစိန်တို့ လဲဟိုအရင်တ၀တ-ဧရာဝတီတိုင်း ဘ၀နဲ့ တိုင်းအခြေအနေ မှတ်တမ်းတွေဘယ်လိုလိမ်ညာပြီးတင်ပြခဲ့တာတွေ အမှတ်ရခဲ့ရင်၊ အခုကိုယ့်ဆီကိုတင်ပြလာတဲ့အောက်ကအစီအရင်ခံလာတဲ့မှတ်တမ်းတွေဘယ်လောက်ဖြီးဖြန်းထားတယ်ဆိုတာ၊ လူမပြောနဲ့ ယုတ်စွအဆုံးခွေးတောင်သိနိုင်ပါတယ်ဗျာ..အောက်ခြေမှာဘယ်လောက်ဆင်းရဲစုတ်ပြတ်နေတယ်ဆိုတာ..
    အမှန်ကိုလက်ခံကြစမ်းပါဗျာ... မလိမ်ချင်ကြစမ်းပါနဲ့ ...မဆလခောတ်တစ်လျှောက်လုံးဒီလိုလှိမ့်လုံးတွေနဲ့ တိုင်းပြည်ပျက်ခဲ့ ပြီးပြီ၊ 26 နှစ်..လာပြန်ပြီမဟုတ်တရုပ်တွေ..
    (စကားမစပ်) မနေ့ ကသမ္မတရဲ့ အစည်းအဝေးမှာပိတ်ထားတဲ့ကွန်ပြူတာကြီးတွေရှေ့ထိုင်ပြီး၊ ဟန်ပြပုံမျိုးတွေတော်လေက်ပြီနော်..အဲ..လူကြီးတွေဘဲမသုံးတတ်သေးလို့ လား... အင်းထိုင်းမှာတော့..လမ်းဘေးဖရဲသီးရောင်းတဲ့သူတောင် note book နဲ့ ..
  1. Anonymous said... :
    ကျမှာဘဲလေ ကျေးလက်တောရွာဒေသက ပြည်သူတွေ ဒီနှစ်ထဲမှာဘဲ နယ်စပ်ကို ထောင်နဲ့ချီပြီးရောက်ကုန်မှတော့ အဲဒီစာရင်းတွေထည့်တွက်စရာမလိုတော့ဘူးပေါ့......
  1. Anonymous said... :
    ကိုယ့်ဟာကိုအဖြစ်မရှိလို့ ပြေးပီးအပြင်ကနေအော်နေတဲ့ကောင်တွေကများ ဟိုနိုင်ငံပြစ်တင် ဒီနိုင်ငံကျောထောက်နောက်ခံလုပ်ပေးလို့ နဲ့ ဒါပဲလုပ်စားနေတာ
  1. Anonymous said... :
    ကြောက်ချီးပါပြီး အထဲမှာ ဖားယားနေတဲ့သူတွေနဲ့စာရင် ပြေးပြီး အပြင်က အော်တဲ့သူတွေကို ပိုလေးစားတယ်...
  1. Anonymous said... :
    သူ့ကိုယ်သူ လမင်းသို့
    ညအခင်းပိန်းပိတ်မှာ။
    ဝါးလုံးခေါင်း ပျော်ရှာတဲ့
    ပိုးစုန်းကျော်စွာ။
    ယုတ္တမာ
    ဟုတ်ရှာပြီထင်လှ။
    သွေးညစ် ရတနာအသွင်နဲ့
    မစင်ကိုသခင်မှတ်
    လောက်ငတ်တူစွ။
    (လူပြန်တော် ဖိုးတေ)
  1. Anonymous said... :
    အစကတော့ဘာမှမဟုတ်ဘဲအခုကျတော့မှအမှီအခိုရပြီး ကောင်းစားလာတဲ့သူတွေက26%ကိုလက်ခံပြီးပြည်ပကိုထွက်ပြေးတိမ်းရှောင်ပြီးအပြင်ကနေအော်ဟစ်နေရတဲ့သူကတော့
    ၂၆%ကိုလက်မခံနှိုင်ဘူး။ အပြန်အလှန်ဘဲပေါ့။
  1. ကျန်းကီး said... :
    ရပ်ကွက်ထဲအိပ်ချင်မူးတူးနဲ့ မီတာလာဖတ်တဲ့သူတွေလို ဂဏန်းတွေပေါက်ကရရေးလွှတ်လိုက်တာလားမှ မသိတာ...
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved