တို့တာဝန်အရေး ၃ ပါး ခေါင်းပေါ်တင်ဖို့
ဒုသမ္မတကြီး ဒေါက်တာ စိုင်းမောက်ခမ်း လိုလား
ဒုသမ္မတကြီး ကို တချို့ကလည်း မျှော်တလင့်လင့် ဖြစ်ကြတယ်၊ ဒီလူကြီးက အရေခွံလဲသူမဟုတ်၊ ကြံ့ဖွံ့အမာခံ မဟုတ် ဆိုတော့ နိုင်ငံအတွက် ဘာတွေ လုပ်ပေးနိုင်မလဲ ပေါ့လေ။
သူလည်း ဗိုလ်ချုပ်ကြီးတွေလိုပဲ ဘာအရေး၃ပါး ညာအရေး ၃ ပါးကို ကိုးကွယ်ကြဟေ့ လို့ ပြောနေတာပါပဲ။
(ဓာတ်ပုံ - ဒီနေ့သတင်းစာ)
ဒို့တာဝန် အရေးသုံးပါးမှာ ဘာများ မကောင်းတာ ပါလို့ပါလိမ့် ခေါင်းပေါ်တင်ထားတာ မကြိုက်ရအောင်။
ဒို့တာဝန် အရေးသုံးပါးမှာ ဘာတွေ ပါတယ် ဆိုတာထက် ဟိုလူကြီးတွေ စပြောသွားတဲ့ အရာမို့ မုန်းတာ ထင်ပါရဲ့။