စာပေစိစစ်ရေးဌာန ဓားသမား ဦးတင့်ဆွေက အဖြတ်အတောက် နာမည်ကြီးပါတယ်။
နိုင်ငံတော်ကို အကျိုးမဲ့စေတဲ့ ရေးသားတင်ဆက်မှုဆိုရင် ရွှပ်ရွှပ်ရွှပ် ဆိုပြီး ဖြတ်လိုက်တာပဲ လို့ သတင်းတွေက ဆိုတယ်။
သို့ကလို နာမည်ကြီးတဲ့ သူ့ကို Facebook မှာ အခု တွေ့ရမှာပါ။
စာပေ ကင်ပေတိုင် အကြီးအကဲမို့ ဆိုပြီး Facebook က သူ့စာမျက်နှာကို မှန်ဘီလူးနဲ့ကြည့်၊ သူ့စာတွေ အထက်အောက်ပြောင်းပြန်ဖတ်၊ ရွှပ်ရွှပ်ရွှပ် ဖြတ်တာမျိုးတွေ မလုပ်ပါ။
ဦးတင့်ဆွေကြီး Facebook မှာ လွတ်လပ်စွာ ဖော်ပြခွင့် ရနေပါပြီ။
http://www.facebook.com/
လောလောဆယ် ရေးထားသမျှကတော့
၁၉၈၀/၈၁ ပညာသင်နှစ်တွင် အထက်တန်းကို TTC မှ ပြီးသည်။
ထို့နောက် DSA ကျောင်းဆင်း (1982-86)
အိမ်ထောင်ရှိသည်
ပြန်ကြားရေးဌာနတွင် ၂၀၀၅ မှ ယနေ့တိုင် လုပ်ကိုင်နေ။
အဲဒါပါပဲ။
ဂီတကို မြတ်နိုးပုံ ရပါတယ်။ စိုင်းထီးဆိုင် ဆိုထားတဲ့ နှလုံးလမ်းကြောင်းမှာ ကျွန်းခံနေတယ် ဆိုတဲ့ သီချင်းလည်း တွေ့ရမှာပါ။
ဦးတင့်ဆွေ ကို သေချာလေ့လာပါ။ လူကောင်းတစ်ယောက်ပါ။ အထက်က ကျပ်သမျှ ကြားညပ်နေရသူလို့မြင်ပါ၏။ အရင် ဦးတင်စိုး (စာရေးဆရာ ဂုဏ်လင်းကျော်) အကြောင်းသိသူများ ဝေဖန်ပါလေ။ တပ်ရင်းမှာ ရှိစဉ်ကပင် ရဲဘော်တစ်ယောက် ခွင့်လိုချင်သော်မှ အိမ်သွားလျင် သရက်သီးနှစ်လုံးလောက် ပါမှ ရလေ၏။ ဦးတင့်ဆွေထက် ပိုဆိုးသည့် ပုဂ္ဂိုလ်ကျော်များရှိပေသေး၏။ ရုပ်ရှင်သရုပ်ဆောင် ဦးညီဂျော်ဇနီးသည် အကြောင်း နားဆင်ပါ မိတ်ဆွေ။ တပ်မှ ဗိုလ်မှူးကြီး အဆင့် စာရေးဆရာကြီးကိုပင် ရစ်နည်းအဖုံဖုံ ကြုံခဲ့ရဘူးလေ၏။