LA Times ဆောင်းပါး
Monday, June 20, 2011
မြန်မာပြည်စစ်ဗိုလ်ချုပ်တွေက အာဏာကို မလွတ်တမ်း ချုပ်ကိုင်ထားတယ်ဆိုတာ ဖြစ်နိုင်ပေမယ့် ဖက်ရှင်စစ်ပွဲမှာတော့ အရှုံးပေးနေရပါပြီ ဆိုပြီး မနေ့က LA Times ဆောင်းပါး တပုဒ်မှာ ရေးထားပါတယ်။
ဒီပုံကတော့ ဆောင်းပါးမှာ မပါပါဘူး
နိုင်ငံရေးအပြောင်းအလဲထက် ဂါဝန်စကတ်တွေ ပြောင်းလဲတာ ပိုပြီး မြန်နေပါသတဲ့။
မြန်မာပြည်က (ရေကူးဝတ်စုံဝတ်ပြရတဲ့) မယ်စကြ၀ဠာ ပြိုင်ပွဲကို နောက်ဆုံးဝင်ခဲ့တာ ၁၉၆၁ ခုနှစ်ကလို့ ဆိုပါတယ်။
ဒါပေမယ့် ဗိုလ်ချုပ်ကြီးတို့ အ၀တ်အစားနဲ့ ပတ်သက်ပြီး စတင် အရှုံးပေးရတာ ၂၀၀၅ ၀န်းကျင်မှာ လို့ တချို့က ဆိုသတဲ့။ ဘာကြောင့်လဲ?? မြို့တော်ကို နေပြည်တော်ပြောင်းတဲ့အခါ ဗိုလ်ချုပ်တွေက မိသားစုကို ထားပြီး ရန်ကုန်က ခွာရလို့ပါ တဲ့၊ ဖေဖေတွေ အိမ်မှာ မရှိတော့ မီးမီးတို့ ဂါဝန်တွေ တိုတက်လာတယ် တဲ့။ ဒီ ဂျာနယ်လစ် ဒီဖြစ်ထွန်းမှုသမိုင်းအကြောင်း ရေးဖို့ ဘယ်သူတွေကို ဗျူးခဲ့ပါလိမ့်း)
တချို့တော့ ၂၀၀၀ နောက်ပိုင်း ပြောင်းလဲလာတယ်၊ ကိုရီးယားဇာတ်လမ်းတွဲတွေ တောမီးလို ဖြစ်လာတာ၊ အင်တာနက် နဲ့ ဂြိုလ်တုစလောင်း အသုံးများလာတာကြောင့် ပြောင်းလဲတယ်လို့ သုံးသပ်ပါတယ်။
စင်္ကာပူနိုင်ငံသား Brian Jeremiah ရဲ့ ပြောဆိုချက်ကလည်း မှတ်သားစရာပါ -
၁၉၉၅ မှာ မိုဒယ်အေဂျင်စီ မြန်မာပြည်မှာ ဖွင့်တော့ အများစုက မိုဒယ် ဆိုတာ ဘာမှန်း မသိကြပါ တဲ့။ "သူတို့ သိထားတာက ကားမိုဒယ်တွေပဲ" တဲ့။
အဲဒီအချိန်က ကုန်တိုက်ကြီးတွေ၊ ဖက်ရှင်မဂ္ဂဇင်းတွေ၊ ကြိုးသိုင်းမပါအင်္ကျီ လို့ ခေါ်တဲ့ အပေါ်ပိုင်းဖော်အင်္ကျီဝတ်တာတွေလည်း မရှိပါဘူး တဲ့။
ခုတော့ ရန်ကုန်က ကုန်တိုက်ပေါင်း ၂၀ ကျော် ရှိလာပြီ၊ နိုက်ကလပ်တွေ ပေါ်လာပြီ၊ မိုဒယ်ဂဲမိုဒယ်ဘွိုင်းလည်း ထောင်နဲ့ချီ ပေါ်လာပါပြီ စသဖြင့် စသဖြင့် ရေးထားတဲ့ ဆောင်းပါးပါ။
2 comments :
  1. maungmar said... :
  1. Anonymous said... :
    အဓိကက ကိုယ့်ယဉ်ကျေးမှုတွေကို မပျောက်ပျက်အောင် ထိန်းသိမ်းတတ်တဲ့ အသိစိတ်လေးတွေကိုယ်စီရှိနေဖို့ပါပဲ။နောက်ဆိုရင် ကမ္ဘာကြီးက လူသားတွေဟာ တစ်ခုတည်းသော ပုံစံတွေ ဘာသာစကားတွေဖြစ်လာတော့မယ်။
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved