စွယ်စုံရ ခေါင်းဆောင်ကြီးများ

Friday, July 1, 2011

ဗိုလ်ချုပ်ကြီးဟောင်း ဒုတိယသမ္မတကြီး ကျောက်စိမ်းတုံးတတုံး "ကြည့်ရှုစစ်ဆေး"တယ် လို့ ဓာတ်ပုံက ဆိုပါတယ်။

အစိုးရ ခေါင်းဆောင်ကြီးတွေက အရမ်း တော်ပါတယ်၊ သေနတ်လည်း ပစ်တတ်တယ်၊ ကျောက်မျက်လည်း နားလည်တယ်၊ အုပ်ချုပ်ရေးလည်း ရတယ်၊ စီးပွားရေးလည်း တော်ပုံ ရတယ်၊ ဘက်စုံ ကျွမ်းကျင်ကြတော့ မြန်မာပြည်အနာဂတ် ရင်အေးရပြီပေါ့။

ကိုးကား-ဒီနေ့ သတင်းစာ

6 comments :

  1. Anonymous said... :

    စစ်ဆေးတာ အရေအတွက်နေမှာပါ .. ပျောက် မပျောက်လောက်တော့ သူသိမှာပေါ့ :D

  1. Anonymous said... :

    If our government got a good quality managment skill , We willl not be suffer like this. Now their quality and skilll are not even as precious as the stone, and they are running the country on the surface only , not looking deep to full fill the public need.. Never know or think how to solve the problem , but they know well where and how to sell out those Natural resources..

  1. naymin said... :

    I agree they knows everything how to control the own people.

  1. Anonymous said... :

    ကျနော်တို့ အဖေပြောနေကျ စကားတခုရှိတယ်... လိုအပ်သည်များကို မှာစားသွားပါတယ် ဆိုတာလေ ... ဟိုကျောက်က လှလှချည်လား၊ အိမ်ကိုပို့စမ်းကွာ သေချာကြည့်မလို့၊ ဒါဆို သေချာပြီ ရုံးကို ပြန်မလာတော့ဘူးဆိုတာ၊ အဲလိုပဲ ... တော်တော်တော့ ကြာပါပြီ ကျောက်မျက် ပြက္ခဒိန်မှာ မော်ဒယ်လုပ်တဲ့ ရခိုင်မလေး ရုံးဝန်ထမ်း တဦးလဲ လှလို့ အိမ်ခေါ်ခဲ့တဲ့ .... ဒါ ဦးနေဝင်းလက်ထပ်က အဖြစ်အပျက်

  1. Anonymous said... :

    ဒါတောင် သတင်းစာထဲမှာ ထုတ်ပြတဲ့ ကျွမ်းကျင်မှုတွေပဲရှိသေးတာ။ ဟင်း ဟင်း. မပြချင်လို့ သိမ်းထားတာ အများကြီး :)

  1. thant said... :

    ဒါကမဆလခေတ်ကတည်းက ဆီသည်မလက်သုတ် အသုံးတွေပါ... နေရာတကာသွားကြည့်ရှုစစ်ဆေးတယ်ပြော.. ပြီးညွှန်ကြားတယ်ကပါသေး... ကိုယ်ရူးတာကိုအရပ်တကာ လည်ပြောတဲ့သဘောပါ။ လူတိုင်းကလည်း သိနေတာကိုး..
    ဒီနေ့အစိုးရဆိုတဲ့ဟာတွေကလည်း မဆလ၊နအဖ ဥပေါက်၊အရောင်မပြောင်း... နဂိုအတိုင်း။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved