ဒေါမနစ် နဲ့  ဒန်ကလေ

Friday, July 1, 2011




IMF ရဲ့ အကြီးအကဲဟောင်း ဒေါမနစ် စထရော့ခန်း (DSK) ဟာ နယူးယောက်မြို့က ဟိုတယ် ၀န်ထမ်း အမျိုးသမီး တဦးကို မဖွယ်မရာပြုတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ မေလ ကတည်းက အမှုဖြစ်နေပါတယ်။

ဗလက္ကာရပြုဖို့ ကြိုးစားတယ်၊ တရားမ၀င် ဖမ်းဆီး ထိန်းသိမ်းတယ် ဆိုတာတွေ အပါအ၀င်
တခြား ကျူးလွန်ချက်တွေနဲ့ စွဲဆိုခံနေရတာပါ။

သူ့မှာ အပြစ်ရှိကြောင်း ထင်ရှားတယ်လို့ တရားရုံးက ဆုံးဖြတ်ရင်တော့ ထောင်ဒဏ် ၂၅ နှစ်ထိ ကျခံရနိုင်ပါတယ်။

ပြင်သစ်နိုင်ငံသား ဒေါမနစ် စထရော့ခန်း (photo-IMF)

ဒါက နယူးယောက်မှာ ဖြစ်နေတဲ့ အမှုပါ။ နိုင်ငံတကာက စိတ်ဝင်စားပါတယ်။


ရန်ကုန်မှာလည်း နိုင်ငံတကာ စိတ်ဝင်စားတဲ့ အမှုတခုကို မနေ့က စီရင်ချက် ချလိုက်ပါပြီ။



မနေ့က တွေ့ရတဲ့ မစ္စတာ ဒန်ကလေ

သာမန်နာကျင်စေမှု၊ တပါးသူအား မူယစ်ဆေးဝါး တိုက်ကျွေးမှု၊ ကာအိနြေ္ဒပျက်ယွင်းစေမှု၊ လွတ်လပ်စွာ သွားလာခွင့်ကို ပိတ်ပင်တားဆီးမှုတွေနဲ့ တရားစွဲခံထားရတဲ့ မစ္စတာ ရော့စ် ဒန်ကလေရဲ့ အမှု ဖြစ်ပါတယ်။

စွဲထားတဲ့ အမှုတွေကို ချုပ်ရက်နဲ့ လွတ်၊ ငွေဒဏ်နဲ့ လွတ်လိုက်တဲ့ စီရင်ချက်ပါ။

ဒီသတင်းကို
နယူးယောက်က ဒေါမနစ် ဖတ်မိရင် - "ငါ့အမှု ရန်ကုန်ရွှေ့လို့ရရင် ကောင်းမှာပဲ" လို့ တွေးကောင်း တွေးနေမလား---။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved