''ငါတို့ဗိုလ်ချုပ် ပြောင်ပြောင်ရောင်ရောင် ဖြစ်တော့မယ်''

Tuesday, July 19, 2011

ဇူလိုင် ၁၇ ရက်နေ့က ရန်ကန်ြမို့ ကန်တော်ကြီးပန်းခြံထဲက ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို
တိုက်ချွတ် သန့်ရှင်းမှုတွေ ပြုလုပ်နေတာ တွေ့လိုက်ရပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက လုပ်နေတာပါ။

ကြေးရုပ်ပတ်လည် ကြွေပြားတွေ အခင်းတွေကိုလည်း ပြင်ဆင်မွမ်းမံ၊ တိုက်ချွတ်ဆေးကြောတာ တွေ့လိုက်ရပါတယ်။

ယခင့်ယခင် နှစ်များက ဒီလို လုပ်ဆောင်တာ မရှိခဲ့လို့ ဗိုလ်ချုပ်ကြေးရုပ် ကြေးဂျီးတက်ရတဲ့ကာလ အတော် ကြာမြင့်ခဲ့ပါတယ်။


ဒီလို မွမ်းမံတာ နှစ်စဉ် လုပ်သလားလို့ သန့်ရှင်း ဆေးကြောနေသူ တယောက်ကို မေးကြည့်တော့ ဒါ ပထမဆုံး အကြိမ်ဖြစ်တယ်လို့ ဆိုပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို ကို ငြမ်းတွေ ဆင်ပြီး တိုက်ချွတ် သန့်ရှင်းရေး လုပ်နေတဲ့ မြင်ကွင်းဟာ တွေ့မြင်သူအပေါင်းအတွက်တော့ မကြုံစဖူး ကြုံရတဲ့ အထူးအဆန်း မြင်ကွင်း ဖြစ်နေပါတယ်။ ကန်တော်ကြီးတဝိုက် ဂိတ်ထိုး ပြေးဆွဲနေတဲ့
တက္ကစီ မောင်းသူတဦးက ''ငါတို့ဗိုလ်ချုပ် ပြောင်ပြောင်ရောင်ရောင် ဖြစ်တော့မယ်'' လို့ အံ့သြ ဝမ်းသာ ဟာသနှော ပြောလိုက်ပါတယ်။

8 comments :

  1. Anonymous said... :

    တို့ဗိုလ်ချုပ် ပြောင်ပြောင်ယောင်ယောင်ဖြစ်လျှင် တို့တိုင်းပြည် ပြောင်ပြောင်ယောင်ယောင် ဖြစ်တော့မည် မှာမလွဲပါ။

  1. Anonymous said... :

    တိုင်းပြည် ပြောင်ပြောင်ယောင်ယောင်ဖြစ်တော့မှာတော့ မသိဘူး.. ရှိတာတွေ ပြောင် ကုန်တာကတော့ မျက်မြင်ပဲ XD

  1. Anonymous said... :

    ယတြာခြေနေတာ များလားဗျာ ... ကြေးရုပ်ထု အမှတ်တရကြီးက မဲသဲနေခဲ့တာ နှစ်ကာလတွေ ကြာလှပေါ့ ... ခုမှ ထလုပ်တယ်ဆိုတော့ ...

  1. ywarthar said... :

    အကောင်းမြင်နဲ့ပဲမြင်လိုက်ကြပါစို့၊

    ဗိုလ်ချုပ်ပြောင်ပြောင်ရောင်ရောင်ဖြစ်လျှင်
    တိုင်းပြည်လည်းပြောင်ပြောင်ရောင်ရောင်
    လူထုလည်းပြောင်ပြောင်ရောင်ရောင် ဖြစ်စေချင်ပါသည်။

    ကိုရွှေ (ပင်းချောင်း)

  1. Anonymous said... :

    အကောင်းမြင်ဝါဒလေးတွေ..ထားပေးကြပါကွာ..
    ဗိုလ်ချုပ်ပြောင်ပြောင်ရောင်ရောင်ဖြစ်တော့..တမလွန် ဘဝကနေ သူလည်း ကျေနပ်မှာပါ..
    နောက်တော့..ဗိုလ်ချုပ် ပုံငွေ စက္ကူ
    တွေလည်း ပြန်ရှိလာ ပါစေ လို့ မဝံ့မရဲလေးဆုတောင်းမိပါရဲ့..

  1. Anonymous said... :

    ထိပ်ပြောင်တို့လူစု ယတြာခြေတာမဟုတ်ပဲ ...... စေတနာသန့်သန့် နဲ့ လုပ်ပေးတာ ဖြစ်ပါစေလို့ ဆုတောင်း လိုက်ပါတယ် ။

  1. Anonymous said... :

    ဗိုလ်ချုပ်ရဲ့ရုပ်ထု..ခုလိုပြောင်ပြောင်ရောင်ရောင်..
    ဖြစ်အောင်..ပြန်လည်..ပြင်ဆင်ပေးတာ..ကျေးဇူး
    တင်ပါတယ်...
    ဒါမျိုးမရှိခဲ့တာ..နှစ်ပေါင်းများစွာကြာပါပြီ..
    မြန်မာနိုင်ငံရဲ့..နိုင်ငံ့..အာဇာနည်..
    တပ်မတော်ရဲ့..ဖခင်...
    လွတ်လပ်ရေးအတွက်အရာရာစတေးခဲ့တဲ့
    ငါတို့ဗိုလ်ချုပ်ကိုနှစ်ပေါင်းရာ.ထောင်တိုင်အောင်
    ဘယ်အစိုးရ..တက်တက်..မမေ့သင့်ပါ..
    ကျေးဇူး..YCDC for this yr

  1. Anonymous said... :

    တိုင်းပြည်နဲ့လူမျိုး အများကောင်းကျိုးအတွက် ကိုယ်တိုင်လည်း မစွမ်းဆောင်နိုင် စွမ်းဆောင်နိုင်မည့်သူများကိုလည်း နေရာမပေးချင် ဒါအပြင် ထူးချွန်စွာဆောင်ရွက်ခဲ့သူများ သမိုင်းကိုလည်း ပျောက်ကွယ်အောင်ဖျက်ဆီး (လွန်စွာအောက်တန်းကျသော စိတ်ဓါတ်)တို့ကြောင့် ကျွန်တော်တို့ မြန်မာပြည် သမိုင်းအဆက်ဆက် ဒုက္ခဆိုးများကြုံခဲ့ပြီး လွန်စွာနစ်နာခဲ့သည် တိုင်းပြည်၏ အာဇာနည် သူရဲကောင်း များစွာဆုံးရှုံးခဲ့ရသည် ဒါတွေကို သတိပြုကြပါစို့ခင်ဗျာ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved