၃ သိန်းတန် မိုဘိုင်းဖုန်း လာမယ်
Monday, July 4, 2011
ဓာတ်ပုံ - Swiatoslaw Wojtkowiak
| လာမယ့် နိုဝင်ဘာ လဆန်းကစပြီး ၃ သိန်းတန် GSM ဖုန်းတွေ ချပေးတော့မယ်လို့ သိရပါတယ်။ မန္တလေးအလင်း ဂျာနယ်မှာ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက မိုဘိုင်း အင်ဂျင်နီယာချုပ် ဦးသိန်းဦးကို ကိုးကားဖော်ပြထားတာ ဖြစ်ပါတယ်။
ရည်ရွယ်ချက်ကတော့ အခြေခံ လူတန်းစားတွေပါ မိုဘိုင်းဖုန်း ကိုင်နိုင်စေဖို့ပါတဲ့။ ဒီ ၃ သိန်းတန်ဖုန်းတွေ ထပ်ချပေးလို့ လိုင်းမကျပ်ပါဘူး၊ တာဝါတိုင်တွေ ထပ်ဆောက်ပြီး ဖုန်းကွန်ရက် ဆော့ဖ်ဝဲလ်အသစ်တွေလည်း တည်ဆောက်ထားပါတယ်လို့ ဆိုပါတယ်။
အလုံးရေ ၁ သိန်း ရန်ကုန်မှာ စချပေးမယ်၊ ပြီးရင် နေပြည်တော်နဲ့ မန္တလေးကိုပါ ဆက်ချပေးပါမယ်တဲ့။ အိမ်နီးချင်းနိုင်ငံတွေမှာ အလွယ်တကူ ဈေးပေါပေါနဲ့ ဝယ်နိုင်တဲ့ မိုဘိုင်းဖုန်းမျိုး မြန်မာပြည်မှာ ဇိမ်ခံပစ္စည်းအဆင့်ကနေ အများသုံးအဆင့်နဲ့ နီးစပ်လာတာ ကြိုဆိုရမှာပါပဲ။
(အပြည့်အစုံ ဖတ်ချင်ရင် ... )
Source: မန္တလေးအလင်း၊ ဇူလိုင်လ ၁ ရက်၊ ၂၀၁၁ ခုနှစ်
5 comments :
  1. Anonymous said... :
    သပ်သပ် အကြံပြုကွန့်မင့်ရေးရမယ့်နေရာမထားလို့ဒီမှာပဲရေးလိုက်တော့မယ်ဗျိုး ဧရာဝတီဘလော့ လေးအောက်အသစ်အရမ်းကောင်းတယ်ဗျိုး အရင်ကထဲက ဒီလိုဖြစ်နေရမှာ ပထမအရောင်နဲ့က ကြာကြာဖတ်ရင်မျက်လုံးကျိန်းစပ်စပ်ဖြစ်လာတယ် အခုကတော့ အင်မတန်သန့်ပြီး ရိုးရိုးရှင်းရှင်းလေးနဲ့ ဆွဲဆောင်မှု အတော်ရှိပါတယ်ဗျိုး good work
  1. Anonymous said... :
    ဟီးဟီး...ဒီမှာက လျှောက်တာနဲ့ အလကားဗျ၊ အပိုတောင် ဖုန်းတစ်လုံးလက်ဆောင်ပေးသေးတယ်၊ ထိုင်ဝမ်မှာပြောတာပါ၊ အာဖရိကတိုက်က နိုင်ငံတစ်ခုမှာဆို အာလူးကြော် သုံးထုပ်ဝယ်ရင် ဖုန်းဆင်းကတ်လက်ဆောင်ပေးတယ်၊ မြန်မာဆက်သွယ်ရေးက တာဝန်ရှိလူကြီးမင်းများလည်း နိုင်ငံတကာ အတွေ့အကြုံ၊ အကြားအမြင်များများရှိပါစေလို့ ဆုတောင်းပါတယ်....
  1. Anonymous said... :
    ပြည်သူတွေ အဆင်ပြေစေချင်တာက နည်းနည်းပါဗျာ။ ၀င်ငွေ မရှိလို့ ကြံဖန်ပြီး စားပေါက်အသစ်ထပ်ရှာတာပဲ ရှိပါတယ်။ တကယ်သာ စေတနာရှိရိုးမှန်ရင် ခုမှထလုပ်ပြနေစရာမလိုပါဘူး။ စောစောကတည်းက ထယောင်သင့်တာ။ ခုမှလာတစ်ရေးနိုးနေတယ်။
  1. Vietnam said... :
    ကောင်းပါတယ် မြန်မာနိင်ငံရဲ့တိုးတက်မူတွေကိုကြိုဆိုပါတယ် ဒါပေမယ့် အရေးအသားတွေထက် လက်တွေ့မှာနည်းနည်းလိုနေသေးတယ် ထင်မိပါတယ်
  1. Vietnam said... :
    ဆက်လက်ကြိုးစားပေးပါ Thank you very much
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved