ရယ်စရာ ပဟေဠိ အမှတ် ဝ၂၂ အဖြေများ

Sunday, July 24, 2011




သြစီရောက် မြန်မာပြည်သားတယောက်က အတည်ပေါက်ပြောလိုက်တာ သိပြီးရောပေါ့ - သူ ကွပ်မျက်ခဲ့တဲ့ နိုင်ငံရေးသမားပေါင်း ၁၀၀ အထက်မှာ ရှိတယ် တဲ့။


မေးခွန်း ၁ #
သူ့စကားကို ဘယ်သူက စပြီး ယုံခဲ့သလဲ။
သဲလွန်စ -
အကြီးတန်း

မေးခွန်း ၂ # သူ အဲဒီလို ပြောတာကို သြစီသတင်းဌာနတခုက ရေးလိုက်တော့ နိုင်ငံတကာသတင်းဌာနများကလည်း အဲဒီသတင်းနောက်ကိုလိုက်ပြီး ရေးသားထုတ်လွှင့်ကြပါတယ်။ သြစီအာဏာပိုင်များကလည်း စုံစမ်းစစ်ဆေးမယ် ဆိုပဲ။ ကမ္ဘာကျော်သွားတဲ့ ဒီပြောကြားချက်တွေဟာ "မှားယွင်းနေတယ်၊ လိမ်လည်ပြောကြားထားတာဖြစ်တယ်" လို့ သြစီအစိုးရက ဆုံးဖြတ်မယ် ဆိုရင် သြစီရဲ့ ပြည်ထောင်စု ဥပဒေအရ အဲဒီလူကို ထောင် ဘယ်လောက် ချနိုင်သလဲ။
သဲလွန်စ ----- တဲ့အတွက် F---

မေးခွန်း ၃ # အုတ်အော်သောင်းနင်းဖြစ်သွားတဲ့ ဒီပြောဆိုချက်တွေကနေ ဘယ်လို ကောက်ချက် ချနိုင်သလဲ။
သဲလွန်စ -

အဖြေ ၁ - အကြီးတန်းသတင်းထောက်၊ AAP သတင်းဌာန (သတင်းထောက်ပေါက်စန မဟုတ်ပါလေ)

အဖြေ ၂ - စိတ်ရောဂါသည် ဖြစ်နေတဲ့အတွက် လွှတ်စေ။ Free!

အဖြေ ၃ - ကောက်ချက်ကတော့ မျိုးစုံ ချနိုင်တာပေါ့
ကောက်ချက် (၁) ဒီမိုကရေစီ အော်ခဲ့သူက လူသတ်ပါတယ်လို့ ပြောနေပြီး လူသတ်ခဲ့တဲ့ ဘောင်းဘီချွတ်တွေကတော့ ဒီမိုကရေစီ ပြောနေပါလား။
ကောက်ချက် (၂) မြန်မာပြည်သားတွေ မညံ့ပါ။ သတင်းသမားတွေကို အရူးလုပ်နိုင်တယ်၊ ကမ္ဘာကျော်အောင်လည်း လုပ်နိုင်တယ်။

း)




0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved