၃ စင်းမြောက် ထိုင်းရဟတ်ယာဉ် မြန်မာနယ်စပ်မှာ ပျက်ကျပြန်
Sunday, July 24, 2011
ထိုင်းတော်ဝင် လေတပ်မှ Bell 212 (ဓာတ်ပုံ - Flickr)
တပတ်အတွင်းမှာ ၃ စင်းမြောက်အဖြစ် Bell 212 ရဟတ်ယာဉ် တစင်း ထိုင်း-မြန်မာ နယ်စပ်မှာ ထပ်ပြီး ပျက်ကျပြန်ပြီလို့ ထိုင်းစစ်တပ်က ပြောလိုက်ပါတယ်။ ဇူလိုင်လ ၁၆ ရက်နေ့မှာ တစင်းဇူလိုင်လ ၁၉ ရက်နေ့မှာ ဘလက်ဟော့ခ် ရဟတ်ယာဉ် တစင်း ပျက်ကျခဲ့ပြီး ပါသွားသူအားလုံး သေဆုံးခဲ့ပါတယ်။
စစ်တပ်က ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး ဆန်စန်း ကဲအိုကမ်နာ့ဒ်က ဒီနေ့ပျက်ကျတဲ့ ရဟတ်ယာဉ်ဟာ ဘလက်ဟော့ခ်ပျက်ကျလို့ သေဆုံးသွားသူတွေရဲ့ အလောင်းကို သွားသယ်ရင်း ပျက်ကျတာပါလို့ ပြောပါတယ်။
သစ်ခိုးခုတ်တာတွေကို သွားဖမ်းတဲ့ လေယာဉ်ဟာ ဇူလိုင်လ ၁၆ ရက်မှာ မြန်မာနယ်စပ်အနီး ပျက်ကျတယ်။ အဲဒီပျက်ကျရာမှ သေဆုံးသူ ၅ ဦးကို သယ်ယူဖို့ သွားတဲ့ ဘလက်ဟော့ခ်ဟာ ပျက်ကျပြီး ၉ ဦးသေဆုံးတယ်။ ပျက်ကျတဲ့ ဘလက်ဟော့ခ်ကို မြန်မာစစ်တပ်အကူအညီနဲ့ ထိုင်းစစ်တပ်က ရှာဖွေခဲ့ရပါတယ်။ အခုတခါ အဲဒီသေဆုံးသူ ၉ ဦးကို အလောက်သွားကောက်တဲ့ ရဟတ်ယာဉ် ထပ်ပျက်ကျပြန်တာ ဖြစ်ပါတယ်။
ဒီနေ့ပျက်ကျတဲ့ ရဟတ်ယာဉ်ဟာ ရာသီဥတု ဆိုးဝါးမှုကြောင့် အရင်ပျက်ကျတဲ့ ရဟတ်ယာဉ်တွေ အနီး ထိုင်း-မြန်မာနယ်စပ်က တောထဲကိုပဲ ပျက်ကျတာဖြစ်ပြီး ၃ ဦးသေကာ စစ်သားတဦး အသက်ရှင်တယ်လို့ သိရပါတယ်။ ဒီနေ့ပျက်ကျတဲ့ ရဟတ်ယာဉ်က ဘာကြောင့်ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ထိုင်းရုပ်သံများမှာက ထုတ်လွှင့်ချက်မှာ မြင်ရတာကတော့ ဒီနေ့ အဲဒီဝန်းကျင်မှာ ရာသီဥတုကောင်းနေပြီး ပျက်ကျတဲ့ နေရာကို တောထဲက ပြေးသွားနေတဲ့ အရပ်ဝတ်နဲ့လူတွေကိုလည်း မြင်နေရပါတယ်။ ရဟတ်ယာဉ်ဟာ မီးလောင်နေပြီး အသက်ရှင်ကျန်တဦးကို အဲဒီနေရာက သယ်ထုတ်ဖို့ ကြိုးစားနေတာ မြင်နေရပါတယ်။
Source: AP
14 comments :
  1. Zawwonna said... :
    ရှစ်ရက်အတွင်းမှာ သုံးစင်းတောင် ပျက်ကျသွားပြီဆိုတော့ တစ်ခုခုတော့ ထူးခြားနေတယ်လို့ ထင်မိတယ် ...
  1. Anonymous said... :
    မြန်မာ ဘာမြူဒါ နေမှာပေါ့
  1. Anonymous said... :
    အင်.......နောက်ဆုံးပျက်ကျတဲ့ Bell 212 က ရာသီဥတုလဲ ကောင်းနေတယ်ဆိုတော့ လုပ်ကြံမှုလို့ ဆိုလို တာလာ .........ထူးခြားနေတာအမှန်ပဲ.....
  1. kyaw said... :
    ရုရှားလုပ် SA19 လေယဉ်ပစ်ဒုံးကျည်ကို မြန်မာကခွင့်ပြုချက် လိုင်စင်နဲ့ထုတ်လုပ်နေတာ ဆိုတော့ မြန်မာလုပ် လေယဉ်ပစ်ဒုံးကျည်တွေ အစွမ်းပြနေတာများလား...။
  1. konyizaw said... :
    နောက်တစ်စီးထပ်လွှတ်ပေးပါ
    လေးစီးဖြစ်သွားတာပေါ့
    ဟယ်လီကော်ပတာသွားမယ့်လမ်းကြောင်းမှာ လူတွေကို တောင်အောက်ကနေရင် အရင်ကြိုပို့ပြီးစောင့်နေခိုင်းပါ၊ ဘာကြောင့်လည်းသိရအောင်
    (ထိုင်းမှာလည်းသံလိုက်တောင်ရှိတာဘဲ ကားတွေကို ကုန်းတက်ကိုတောင်ဆွဲတက်တာလေ ဒီမှာလည်း ဟယ်လီကော်ပတာ သံလိုက်တောင်နဲ့တွေ့သွားတာနေမှာပေါ့)
  1. Anonymous said... :
    1/ သစ်ခုတ်သမား
    2/ K.N.U
    3/ မြန်မာစစ်သား
    အမှန်အတိုင်းဖြစ်အောင် မိုးနတ်မင်းကြီးကယ်တော်မူပါ(သို့)နည်းပညာအစုံတပ်ဆင်ထားသော (၄)စီးမြောက် ရဟတ်ယာဉ်လွှတ်ပေးပါ။
  1. Anonymous said... :
    အင်းထင်ရတာတော့ ထင်ရတာပါဘဲ.......
    အစွယ်လိုသူ မိဖုရား၊ စေခိုင်းသူ မင်းဧကရာဇ်
    RPG ပစ်သူ ဘုရားကျွန်တော်ဖြစ်နေပြီး.....
  1. Anonymous said... :
    သစ်ခိုးဖမ်းတဲ့အဖွဲ့ကပစ်တာဖြစ်နိုင်သလို
    KNU က လည်း လက်တည့်စမ်းနိုင်တာဘဲ
    မြန်မာကလည်း ကိုးရီးယားလက်နက်ဆန်းတွေ ပိုင်ဆိုင်နေပြီးဆိုတော့.........
  1. Anonymous said... :
    the more they lost, the more we gain if there might be war with us in future.
  1. aung said... :
    မြန်မာကလေဆာရောင်ခြည်သေနတ် နဲ့လက်တည့်စမ်းကြည့်
    တာဆိုဘဲ...
  1. Anonymous said... :
    အော် မြန်မာ ကဘာကိစ္စ နဲ့ ပစ်ချ ရမှာလဲ သတင်းတွေက လည်း ရေးနေကြတာ ဖတ်တဲ့သူထင်ရောင်ထင်မှားဖြစ်အောင် ဖွရေးနေကြတယ်....ခက်တယ်..ထိုင်းလေယာဉ် ပျက်ကျတာတောင် မြန်မာစစ်တပ်ကို ဆွဲထည့်ချင်ကြတယ်....တကယ် ပစ်ချတာ မှန်နေရင် ဒါ၂ နိုင်ငံ စစ်ဖြစ်မယ့် အရေးဗျ လူတွေက အေးချမ်းဖို့ မတွေးပဲ ၀ိုင်းပီးလေ ပင့်နေကြတယ် ခက်တယ် ခက်တယ်
  1. Anonymous said... :
    စိတ်ဝင်စားစရာကောင်းတယ် ဘာဖြစ်လဲမသိဘူး သိချင်လိုက်တာ
  1. Anonymous said... :
    Pls be alert those prople stay in that region.It is not normal......
  1. Anonymous said... :
    အစွဲအလမ်းကြီးပြီး သရဲအရမ်းကြောက်တဲ့ယပက်လက်
    တွေကို မြန်မာပြည်ကဘယ်လိုနတ်ကြီးပြီး ဘယ်လို
    အစောင့်အရှောက်တွေရှိတယ်ဘာညာခြောက်လှန့်ကြ ။
    အဲကောင်တွေ တကယ်ယုံလိမ့်မယ် ။ နည်းနည်းဖြစ်
    သရဲ အစိမ်း စုန်း တွေနဲ့ပဲ အချိန်ကုန်နေတဲ့ကောင်တွေ။
    တို့လူမျိုးတွေ မင်းတို့ပလိပ်တွေကြောင့်ဒူးနဲ့မျက်ရည်
    သုတ်ထားရတာတွေ ဘယ်တော့မှမမေ့ဘူး ဆိုတာ
    မှတ်ထားကြ။
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved