ရှေ့စကား နောက်စကား မညီ

Wednesday, July 27, 2011

နေပြည်တော်မှာ ဒီနေ့ ရွေးကောက်ပွဲဝင် ပါတီ ၃၇ ခုက ခေါင်းဆောင်တွေနဲ့ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တွေရဲ့ စည်းဝေးပွဲ လုပ်ပါတယ်။

ပါတီတွေက ကြံ့ဖွံ့ပါတီရဲ့ ရွေးကောက်ပွဲ မဲ မသမာမှုတွေနဲ့ ပတ်သက်လို့ တင်ပြကြပါသတဲ့။

အဲဒီတော့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌသစ်၊ ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးက ဘာပြောသလဲ ဆိုတော့ ရွေးကောက်ပွဲအတွင်း မဲမသမာမှုတွေ၊ ကြိုတင်မဲနဲ့ ပတ်သက်တဲ့ အငြင်းပွားဖွယ်တွေ ပေါ်ပေါက်လာတာဟာ ရွေးကောက်ပွဲ အတွေ့အကြုံ နည်းပါးလို့ပါလို့ ဆင်ခြေပေးလိုက်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲကို အကဲခတ်အဖွဲ့ စေလွှတ်မယ်လို့ နိုင်ငံတကာက ကမ်းလှမ်းတုန်းကတော့ မြန်မာ စစ်ဗိုလ်ချုပ်တွေက မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲအတွေ့အကြုံ အလုံအလောက် ရှိတဲ့အတွက် အကဲခတ်တွေ မလိုဘူးလို့ ပြောခဲ့ဖူးပါတယ်။

ရှေ့စကား နောက်စကား မညီပုံများ ...

(သတင်း အပြည့်အစုံ ဖတ်ရန်)


3 comments :

  1. Anonymous said... :

    တတုံးစားလည်းမသိ၊နှစ်တုံးစားလည်းမသိ၊သုံးတုံးဆက်စားချင်နေသောနိုင်ငံရေးပါတီများမှကိုယ်စာလှယ်များအား၊ဦးတင်အေးမှဆက်လက်ပြီးအ၀စားနိုင်ရန်ပါတာတွေကျွေးအုံးမည်ဟုပြောကြားသွားပါသည်။

  1. Anonymous said... :

    လေးငါးတုံးလောက်ကျွေးလိုက်ပါ။

  1. Anonymous said... :

    ဦးတင်အေးက ဘာပြောသလဲ ဆိုတော့ ရွေးကောက်ပွဲအတွင်း မဲမသမာမှုတွေ၊ ကြိုတင်မဲနဲ့ ပတ်သက်တဲ့ အငြင်းပွားဖွယ်တွေ ပေါ်ပေါက်လာတာဟာ မဲလိမ်၊မဲခိုး၊အတွေ့အကြုံ နည်းပါးလို့လက်စမသေသပ်ပဲခိုးခဲ့ကြလို့အခုလိုအငြင်းပွားဖွယ်တွေ ပေါ်ပေါက်လာကြောင်း၊နောင်အခုလိုမျိုးမဖြစ်အောင်၊လက်စလက်နမချန်ပဲခိုးတတ်အောင်လို့မိမိကိုယ်တိုင်အခုတည်းကသင်ကြားပေးနေပါကြောင်းရှင်းလင်းသွားခဲ့ပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved