ဇာတ်လမ်းက ဒီလိုပါတဲ့ ...

Tuesday, July 26, 2011


နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ (IMF) အကြီးအကဲ ရာထူးကနေ ဒေါမနစ် စထရော့ ခန်းကို ပြုတ်သွားစေတဲ့ ဟိုတယ် သန့်ရှင်းရေးဝန်ထမ်း အလုပ်သမကို ကိုယ်ထိလက်ရောက် ကျုးလွန်ဖို့ ကြိုးပမ်းမှု စွပ်စွဲခံရတဲ့ကိစ္စဟာ အဲဒီဟိုတယ်အလုပ်သမ ဒိုင်ယယ်လိုရဲ့ မီဒီယာနဲ့တွေ့ဆုံ ပြောဆိုချက်တွေကြောင့် စိတ်ဝင်စားစရာ ထပ်ဖြစ်လာပါတယ်။ (စထရော့ ခန်း အမှုသတင်းကို ဒီနေရာမှာ ပြန်ဖတ်နိုင်ပါတယ်။)

Newsweek နဲ့ ABC တို့နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဒိုင်ယယ်လိုက အဖြစ်အပျက်တွေကို ထုတ်ပြောတာ ဖြစ်ပါတယ်။

ဒိုင်ယာလိုဟာ အနောက်အာဖရိကမှာရှိတဲ့ ဂီနီနိုင်ငံကနေ အမေရိကန်ကို ရွှေ့ပြောင်း အခြေချသူ ဖြစ်ပါတယ်။ နာမည် အပြည့်အစုံက နာဖစ်ဆာတို ဒိုင်ယယ်လို ဖြစ်ပါတယ်။

Newsweek နဲ့ အင်တာဗျူးမှာ အသက် ၃၂ နှစ် အရွယ် ဒိုင်ယယ်လိုက မစ္စတာ စထရော့ ခန်းရဲ့ အခန်းမှာ လူရှိနေတာ သိတာနဲ့ ပြန်ထွက်သွားမယ်ဆိုပြီး တောင်းပန်စကားပြောခဲ့တယ်၊ ဘုရားရေ … အဲဒီမှာ ကိုယ်လုံးတီးနဲ့ လူကို တွေ့တာပဲ လို့ပြောပါတယ်။ စထရော့ ခန်း က နယူးယော့ခ် ဆိုဖီတယ် ဟိုတယ်ရဲ့ ၂၈ ထပ်မှာ တည်းနေတာပါ။ (တညကို အမေရိကန် ဒေါ်လာ ၃၀၀၀ (ကျပ်ငွေ ၂၅ သိန်း) ပေးရပါသတဲ့။)

အဲဒါနဲ့ ဒိုင်ယယ်လိုက “ဆောရီး” လို့ ပြောပြီး ပြန်ထွက်မယ်အလုပ် “ဆောရီးစရာ မလိုပါဘူး” ဆိုပြီး ဟိုလူကြီးက ရီးတီးယားတား လုပ်ပါတော့သတဲ့။

ဟိုလူကြီး စထရော့ ခန်း က “မင်းတော်တော် လှတယ်” ဆိုပြီး အိပ်ယာပေါ် ဆွဲခေါ်တယ်လို့ Newsweek အင်တာဗျူးမှာ ပြောထားပါတယ်။ သူက “မလုပ်ပါနဲ့။ ကျမ အလုပ်မပြုတ်ချင်ဘူး” လို့ ပြန်ပြောပါသတဲ့။

စထရော့ ခန်းကို အရေးယူရေး ဒီအမျိုးသမီးရဲ့ ပြောဆိုချက်တွေကို မီဒီယာတွေက သတင်းလုပ်ကြပါတယ်။ သူစွပ်စွဲတဲ့အထဲမှာ ဗလက္ကာယ ပြုကျင့်ဖို့ ကြိုးစားတယ် ဆိုတာလည်း ပါပါတယ်။ အခု မီဒီယာတွေကို ထပ်ပြီး ဖွင့်ပြောတော့ သူနဲ့ စထရော့ ခန်း အပြန်အလှန်စကားပြောခန်း အသေးစိတ်တွေ ထည့်ပြောလာပါတယ်။
အဲဒီမှာ ရှေ့နောက် မညီတာတွေလည်း တွေ့ရတယ်လို့ နယူးယော့ခ် တိုင်းမ် သတင်းစာက ရေးပါတယ်။
ဘာလို့လဲဆိုတော့ ရုန်းရင်းဆန်ခတ်ဖြစ်လို့ ဆေးရုံကို ပို့ပြီးနောက်မှာ သူပြောတာက မစ္စတာ စထရော့ ခန်း ဟာ စကားတခွန်းမှ မပြောဘဲ သူ့ကို အနိုင်ကျင့်ဖို့ ကြိုးပမ်းတာလို့ ပြောခဲ့လို့ပါပဲ။

“ဒီလူကို ထောင်ကျသွားစေချင်ပါတယ်။ အာဏာတွေ ငွေတွေ အသုံးချလို့ မရတဲ့နေရာ ရှိတယ်စေတာ သူသိသွားစေချင်တယ်” လို့ ဒိုင်ယယ်လိုက Newsweek ကို ပြောပါတယ်။ အဲဒီ မီဒီယာရဲ့ ရေးသားချက်အရ ဒိုင်ယယ်လိုဟာ စာမတတ်ဘူး၊ ဘယ်သာသာမှ မရေးတတ် မဖတ်တတ်ဘူးတဲ့။ နယူးယော့ခ် ဆိုဖီတယ် ဟိုတယ်မှာ အလုပ်လုပ်ရတာကိုလည်း ဂုဏ်ယူလေ့ရှိပါတယ်တဲ့။ မုန့်ဖိုးရတာ အပါအဝင် တနာရီကို အမေရိကန် ဒေါ်လာ ၂၅ ဒေါ်လာရတဲ့ အလုပ်ဖြစ်ပါတယ်တဲ့။

မစ္စတာ စထရော့ ခန်းရဲ့ ရှေ့နေကတော့ တရားလိုဟာ ယုံကြည်လို့မရဘူး၊ သူမဟာ ဂီနီကနေ ခိုလှုံခွင့်တောင်းတော့ လျှောက်လွှာမှာ လိမ်ရေးခဲ့တယ်လို့ ပြောပါတယ်။ နောက်ပြီး အခွန်ကိစ္စတွေ၊ အိမ်ဖိုးပေးရမယ့် ကိစ္စတွေအတွက်လည်း လိမ်လည် တင်ပြထားတယ်လို့ စွပ်စွဲပါတယ်။ လျှော်ကြေးရချင်တဲ့အတွက် စွပ်စွဲတာဖြစ်တယ်လို့လည်း ရှေ့နေက ပြောပါတယ်။

မစ္စတာ စထရော့ ခန်း ကို သူ့ထက် အရပ်ရှည်တဲ့ ဒိုင်ယယ်လိုက တွန်းပစ်ခဲ့ပြီး အခန်းထဲက ထွက်ပြေးခဲ့တယ်လို့ ပြောပါတယ်။

အဖြစ်အပျက်အားလုံးဟာ ၉ မိနစ်ပဲ ကြာပါတယ်။ အမည်မဖော်လိုသူကို ကိုးကားပြီး Newsweek က ဖော်ပြတာကတော့ ဒိုင်ယယ်လို အခန်းထဲ စဝင်ပြီး ၉ မိနစ်အကြာမှာ စထရော့ ခန်းဟာ သူ့သမီးဆီ နေ့လည်စာအတွက် ဖုန်းဆက်ချိန်းခဲ့တယ်လို့ ဆိုပါတယ်။

Ref: Newsweek, New York Times
"ဒါ ကတော့ သူကိုယ်တိုင်ပြောပြချက်"


1 comments :

  1. Anonymous said... :

    အဲဒီမိန်းကလေးကဘာ့ကြောင့်လူမထွက်သေးတဲ့ ခန်းထဲကို
    သွားရတာလဲ-စည်းကျော်တာကိုကသူ့မ အမှားဖြစ်နေတယ်-ကျနော်သာတရားသူကြီးဆိုခဲ့ ရင်တော့-သူမကိုအသားရည်ဖျက်မှု့နဲ့ ပြန်ပြီးတရားစွဲလိုက်အုံးမယ်-
    _ာ သည်မ ကမှအဆင့်ရှိအုံးမယ်-

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved