Child street musicians

Sunday, July 24, 2011



Child street musicians filmed on 33rd Street in Rangoon. A great song. Yangon. ဆိုပြီး ယူကျုမှာ cadenza546 ဆိုသူက တင်ထားတာ တွေ့ပါတယ်။ ကလေးတွေရဲ့ အပြစ်ကင်းတဲ့ မျက်နှာတွေကို မြင်ရမယ်၊ မြန်မာပြည်သားပီပီ စိတ်မကောင်း ဖြစ်ရမယ်။ မတရားတဲ့ နည်းနဲ့ ချမ်းသာ၊ အာဏာလက်ကိုင်နဲ့ ကြွယ်ဝတာတွေထက် အဲဒီလို ပရိယေသန ဝမ်းစာရှာရတဲ့ ကလေးတွေကို ပိုလေးစားမိပါ၏။


17 comments :

  1. ၇ဲ said... :

    "December Night" by Lynn Nith.
    It's one of my favorite songs.
    Those kids are innocent and lovely.
    They may be happy for this.

  1. Anonymous said... :

    ကျနော် မြန်မာပြည်မှာ နေတုန်း ဒီလို အဖြစ်တွေ လမ်းဘေးမှာ နေ့တိုင်းလိုလို ကြုံတွေ့နေကြပါ... ကျနော် တက်နိုင်သလောက် ကူညီမျှဝေခဲ့ပါတယ်..ကျနော်လဲ ကားမပေါက် ရထားမပေါက် ကျေးတော တယောက်ပါ.....အရမ်းခံစားမိပါတယ်... သန်းရွှေ ..မောင်အေး...တေဇ..တို့တွေ စားကောင်း.. အိပ်ကောင်းပါစေလို့ ဆိုတောင်းနေပါတယ်...

  1. Anonymous said... :

    I feel so sad for seeing this. Our country is going down and down. This children should go to school but they have no money for their daily food. The gov is doing none for their civilian. They are only selling the natural resources. There are so many poor thing happening in our country.

  1. Anonymous said... :

    minn do le nar le yin kaung bar de. na ah pha thadaungzar dway ne minn do lo thadhaungzar dway paung bi naing gan yaung sarr nay dar.

  1. Anonymous said... :

    စိတ်မချမ်းသာလိုက်တာဗျာ .... တခုသိချင်တာက သီချင်းတွေ ဘယ်မှာ သွားနားထောင်ထားလဲ မသိဘူး ...

  1. Anonymous said... :

    အဆုံးထိအောင် မကြည့်ရက်လို့.. ချက်ချင်းရပ်ပစ်လိုက်ရတဲ့အထိ..
    ကြေကွဲရပါတယ်ဗျာ..
    ဒီအရွယ်လေးတွေက ကျောင်းရင်ခွင်မှာခိုလှုံရမယ့်.အရွယ်လေးတွေပါ..ကျနော်တို့ညီ ညီမလေးတွေ အရွယ်လေးတွေပဲ..မြင်ရတာ ကြားရတာ ရင်ထဲနင့်တယ်ဗျာ..သူတို့လေးတွေ ဒီဘ၀က အမြန် လွတ်မြောက်ပါစေ လို့ဆုတောင်းပေးလိုက်ပါတယ်

  1. Anonymous said... :

    အသျှင်ဂေါတမ အသက်တိုသော လူတို့ကိုလည်း တွေ့မြင် ရပါကုန်၏၊ အသက်ရှည်သော လူတို့ကိုလည်း တွေ့မြင် ရပါကုန်၏၊ အနာရောဂါများသော လူတို့ကိုလည်း တွေ့မြင်ရပါ ကုန်၏၊ အနာရောဂါ ကင်းသော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏၊ အဆင်းမလှသော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏၊ အဆင်းလှသော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏၊ အခြံအရံ မရှိသော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏၊ အခြံအရံ များသော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏၊ စည်းစိမ်ဥစ္စာ နည်းသော လူတို့ကိုလည်း တွေ့မြင်ရပါ ကုန်၏၊ စည်းစိမ်ဥစ္စာ များသော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏၊ အမျိုးယုတ်သော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏၊ အမျိုးမြတ်သော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏၊ ပညာမဲ့သော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏၊ ပညာရှိသော လူတို့ကိုလည်းတွေ့မြင်ရပါကုန်၏၊ အသျှင်ဂေါတမ လူဖြစ်ကုန်သော သူတို့မှာ လူအချင်းချင်း ဖြစ်ကြကုန်လျက် ယုတ်ခြင်း မြတ်ခြင်းတို့ကို တွေ့မြင်ရပါကုန်၏။ ထိုအကြောင်းရင်းကား အဘယ်ပါနည်း၊ အထောက်

    အပံ့ကား အဘယ်ပါနည်း ဟု လျှောက်ထားခဲ့ပါတယ်။

    လုလင် သတ္တဝါတို့သည် ကံသာလျှင် မိမိဥစ္စာရှိကုန်၏၊ ကံ၏ အမွေခံတို့ ဖြစ်ကုန်၏၊ ကံသာလျှင် အကြောင်း ရှိကုန်၏၊ ကံသာလျှင် ဆွေမျိုး ရှိကုန်၏၊ ကံသာလျှင် မှီခိုရာ ရှိကုန်၏၊ ကံသည်သာလျှင် သတ္တဝါတို့ကို အယုတ်အမြတ် ဖြစ်ခြင်းငှါ ခွဲခြမ်း ဝေဖန်၏ လို့ဆိုထားပါတယ်။

    မြတ်စွာဘုရားရဲ့ အဖြေကို မဟာစည်ဆရာတော်ဘုရားကြီးက ဤသို့စပ်ဆိုတော်မူခဲ့ပါတယ်။

    (၁) သူ့ကိုသတ်ဖြတ်၊ သက်တိုတတ်၊ မသတ် အသက်ရှည်။
    (၂) ညှဉ်းဆဲသူကား၊ အနာများ၊ သနားကျန်းမာသည်။
    (၃) ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံ လှပသည်။
    (၄) မနာလိုမှာ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။
    (၅) မပေးလှူက၊ မွဲပြာကျ၊ လှူကပေါကြွယ်သည်။
    (၆) မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။
    (၇) မမေးမမြန်း၊ဉာဏ်မြင်ကန်း၊ စုံစမ်း ဉာဏ်ကြီးသည်။
    (၈) ဆိုးတာပြုက၊ ဆိုးတာရ၊ ကောင်းမှ ကောင်းစားသည်။
    (၉) ကောင်းဆိုး နှစ်တန်၊ ကံစီမံ၊ ခံ စံကြရသည်။

  1. Anonymous said... :

    အခုလိုတောင်းစားနေရတဲ့သူတွေဟာ ကွယ်လွန်သွားပြီးတဲ့ နအဖ လက်ပါစေများလိုပဲ တစ်ပါးသူတွေကို ရက်စက်ကြမ်းကြုပ်ခဲ့လို့ ၀ဋ်ကြွေးပြန်ဆပ်နေရတဲ့ လူဝင်စားတွေ ဆိုရင်ရော ဘယ်လိုသံဝေရောင်ပြန်တွေ ရင်ထဲမှာ ဖြစ်လာနိုင်မလဲနော်

  1. Anonymous said... :

    ရင်ထဲရှိတဲ့အတိုင်းပြောရရင်...
    သူတို့အပြစ်ကင်းတဲ့မျက်နှာနဲ့အနုပညာက.
    .လွင်မိုးထက်သာပါတယ်။

  1. Anonymous said... :

    အော် ... အင်တာနက်မှာ သွားကြည့်ပီး ကျက်ထားတာဖြစ်မှာပေါ့။

  1. Anonymous said... :

    စိတ်မကောင်းတော့ဖြစ်မိတာအမှန်ပါပဲ ...ဒါပေမယ့် သတ္တ၀ါတစ်ခု ကံတစ်ခုပဲလေ ဗုဒ္ဓဘာသာမှန်ရင်တော့ ကံ ကံ၇ဲ့ ယုံကြည်ရမှာပေါ့

    ဦးမောင်အေးတို့ ဦးသန်းရွေ တို့ နဲ့ ဘယ်လိုများပတ်သတ်နေလို့ လည်း

  1. Anonymous said... :

    ဒီနေ့အချိန်မှာ၊ နိုင်ငံခြားသားတွေကလမ်းတွေပေါ်မှာသွားလာနေကြရင်း၊မြင်တွေ့ ပြီး ဓါတ်ပုံဗီဒီယိုရိုက်ပြီးသွားကြ မှာ ဘဲ။ အာဏာရှိတဲ့၊ ချမ်းသာတဲ့ မျိုးချစ်ပုဂ္ဂိုလ်တွေ ”သခင်မျိုး ဟေ့ ဒို့ မြန်မာ”လို့ မျက်စိမှတ်ပြီးအော်နေမဲ့ အစား၊ ဒီလို ကလေးမျိုးတွေရဲ့ ဘ၀လေးတွေကောင်း
    အောင်လုပ်ပေးချင်စိတ်မရှိကြတော့ဘူးလား၊ သာမန်လူ
    တန်းစားတွေတောင်တတ်နိုင်သမျှ ပေးကမ်း သွားကြ တယ်။ Bill Gates တို့ တွေတောင်သူတို့ သေရင်
    ဘာမှယူ သွားလို့ မရမှန်းသိလို့ လှူနေကြတယ်။ မင်းတို့ သေရင် ဘာတွေယူသွားကြမှာလဲ၊
    တေဇ၊ဇော်ဇော်၊အောင်ကိုဝင်း၊ခင်ရွှေ၊ဌေးမြင့်၊ တို့ ရေ၊
    မင်းတို့ သေရင် မင်းတို့ ရဲ့ သား သမီး မြေး မြစ် တွေ
    ဒီ ခလေးတွေရဲ့ ဘ၀မျိုးမဖြစ်နိုင်ဘူးလို့ ထင်ကြလား ။
    ဥစ္စာ ဓနချမ်းသာခြင်းဆိုတာ ကိုကျော်လွန်ပြီးသွားရင် ”မသေခင် ဘာလုပ်သင့်ကြတယ်” ဆိုတာကိုစဉ်းစားကြဦး။
    အာဏာရှိတဲ့သူတွေကလဲ၊အမျိုးဂုဏ်ပျက်တယ် ဆိုပြီး
    ဖမ်းဆီး၊နယ်နှင် တာမျိုးတွေမလုပ်ပဲ၊အကူအညီပေးဖို့ လိုတယ်။ တစ်ပွဲတိုးဖြေရှင်းနည်း နဲ့ တော့မရနိုင်ဘူး။

  1. Anonymous said... :

    ဒါကရန်ကုန်မြို့လယ်ခေါင်တောင်းတာပဲရှိသေးတယ် ရန်ကုန်ဘူတာ ပဲခူးဘူတာ ရထားလမ်းတလျှောက်မှာ ရေသန့်ဘူးကို တကြော်ကြော်အော်တောင်းနေတဲ့ကလေးတွေ မြင်မကောင်းဘူး ကူညီချင်ပေမဲ့ ထိထိရောက်ရောက်ကူညီနိုင်မဲ့ လုပ်ပိုင်ခွင့်ဆိုတာ ကျွန်တော်တို့လို လက်လုပ်လက်စားတွေ နဲ့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ နိုင်ငံရဲ့မျိုးဆက်သစ်တွေ အမှိုက်ကောက်နေတာ ဘယ်သူမှာ တာဝန်ရှိတာလဲ ဘယ်သူ့ကိုအပြစ်ပုံရမလဲ.... ?

  1. Norman said... :

    There is someone who like to ask stupid question!
    Let me ask you! Why Singapore is rich without neutral resources and why Myanmar is poor with plenty of neutral resources? Who is responsible? The answer is quite obvious, right? Don't tell me you still don't know the answer!

  1. Anonymous said... :

    ကလေးတွေရဲ့ ပုံကို နည်းနည်းလေးဖျက်ပေးထားရင် ပိုပြီးသင့်တော့်ပါတယ်။

  1. ကျွန်တော် ဘယ်သူကိုမှအပြစ် မပြောလိုပါ သို့သော ထို့သို့ဘ၀ ပေကုသိုနဲည်သူတွေအတွက် ဘာလုပ်မှာလည်လို့ မတွေဘဲ သူတို့လေတွေ တခနစားဖို့ မဟုတ်ဘဲ သူတို့တဘ၀အတွက် လက်မှု့ပညာ အတက်ပညာ တခုခု ကုသိုဖြည့် သင်ပေးနိုင်ရင် သူတို့ဘ၀လေတွေ ဟာအစဉ်ပြေပြီး နိုင်ငံတနိုင်ငံ တိုးတက်ဖို့ခွန်အားလို့ထင်မိပါတယ် ဒါဟာလဲ မိမိကိုယ်တိုင် တာဝန်ရှိတယ်လို့ခံယူမှလဲ တပါသူမျက်လုံး ကို့မျက်ရည်း ဖြင့်နိုင်မှာပါ..............

  1. Anonymous said... :

    အော် ကျနော်လည်း ဒီခလေးသူတောင်းစား
    ဖိုင်တွေကို youtubeမှာ ကြည့်ဖူးတာကြာပါပီ..
    တော်တော်စိတ်မကောင်းစရာပဲနော်..ဘာဘဲဖြစ်
    ဖြစ် ရိုးရာအမွေအနှစ်အစစ်မှန်ဖြစ်တဲ့ ၀ါးဆစ်ဗူးလေးတွေနဲ့ ခေတ်သီချင်းကိုဖြစ်အောင်တီးထားတာ ချီးကြူးစရာပဲ..
    မြန်မာတွေဟာ မရှိရင် ရှိတာနဲ့ ရအောင်ဖန်တီးတတ်ကြတဲ့ နေရာမှာ အနောက်နိုင်ငံတွေထက် အရမ်းတော်ပါတယ်..အဆိုးထဲကအကောင်းပေါလေ...့

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved