ပုဂံမှာ ဒေါ်အောင်ဆန်းစုကြည် ဘယ်ဘုရားတွေ စ ဖူးသလဲ

Tuesday, July 5, 2011

ဒေါ်အောင်ဆန်းစုကြည်က သားဖြစ်သူကို မြစေတီကျောက်စာ အကြောင်း ရှင်းပြနေတာပါ (ဓာတ်ပုံ - ဧရာဝတီ)
သတင်းထောက်တွေ ဝိုင်းလို့ (ဓာတ်ပုံ - ဧရာဝတီ)

အာနန္ဒာက အထွက် (ဓာတ်ပုံ - ဧရာဝတီ)


ဒီနေ့မနက် ဒေါ်အောင်ဆန်းစုကြည် ပုဂံက ဘုရားတွေ ဖူးတဲ့ ဓာတ်ပုံတွေပါ။ ဒေါ်အောင်ဆန်းစုကြည်က ပုဂံဘုရားတွေထဲမှာ ဒီမနက် အာနန္ဒာ၊ မနူဟာ၊ သဗ္ဗေညုနဲ့ မြစေတီတို့ကို သွားရောက် ဖူးမျှော်ခဲ့ပါတယ်။ မနေ့က ရောက်ရောက်ချင်း ဘုရားမဖူးသေးဘဲ ဒီမနက်မှ စဖူးတာပါ။ ခရီးစဉ်အလျှောက် အဆင်ပြေတဲ့ ဘုရားတွေကို အရင်ဖူးတာလား။ ရည်ရွယ်ချက်ရှိရှိ အရင်ဆုံး ဖူးတာလား ဆိုတာတော့ သူပဲ သိပါလိမ့်မယ်။ အာနန္ဒာနဲ့ သဗ္ဗေညုကတော့ ပုဂံရဲ့ တကယ့် အထင်ကရ ဘုရားတွေပါ မနူဟာ ဘုရားကတော့ အကျဉ်းကျဘုရင်က တည်ခဲ့တဲ့ တကယ်ကို မွန်းကျပ်စေတဲ့ ဘုရား ဖြစ်ပါတယ်။

မြစေတီမှာ မြစေတီကျောက်စာ အကြောင်းကို ဒေါ်အောင်ဆန်း စုကြည်က သားဖြစ်သူ ကိုထိန်လင်းကို ရှင်းပြနေတဲ့ ပုံတွေလည်း ပါပါတယ်။ မြစေတီကျောက်စာဟာ ရာဇကုမာရ် မင်းသား ရေးထိုးခဲ့တဲ့ ကျောက်စာ ဖြစ်ပါတယ်။ သားဖြစ်သူက ဘုရင်အရိုက်အရာ မလွှဲခဲ့ပေမယ့် ဖခင်ဖြစ်သူရဲ့ ကျေးဇူးကို သိတတ်တဲ့အနေနဲ့ ရေးထိုးခဲ့တဲ့ ကျောက်စာအကြောင်း ဒေါ်အောင်ဆန်းစုကြည်က သူ့သားငယ်ကို ဘာကြောင့် သေသေချာချာ ရှင်းပြတယ် ဆိုတာတော့ မသိရပါဘူး။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved