ဗိုလ်ပြုတ် ဖြစ်သွားသူများ

Monday, July 25, 2011

ဗိုလ်ချုပ် တင်ငွေနဲ့ ဗိုလ်မှူးချုပ် ထွန်းသန်း။ ခုတော့ နှစ်ယောက်စလုံး ပြုတ်ပါပြီ။ (ဓာတ်ပုံ - ဧရာဝတီ)


ကစထမှူး ဗိုလ်ချုပ် တင်ငွေတယောက် အဖြုတ်ခံရပြန်ပါပြီ။ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးလုပ်စဉ်က မြေယာကိစ္စ လာဘ်စားမှုလို့ ဆိုပါတယ်။ သူ့အရင် ရန်ကုန်တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းသန်းလည်း တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဖြစ်လို့ ရက်ပိုင်းသာသာ ထိုင်ခုံ ဖင်မပူခင်မှာ အဖြုတ်ခံလိုက်ရပါတယ်။ ရန်ကုန်တိုင်းမှူး ဖြစ်စဉ်က ဝါးတီးမှုပါပဲ။

ဒီဖြုတ်ထုတ်ရှင်းတွေကို ကာချုပ်အသစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် လက်ထက်မှာ လုပ်တာပါ။ ဘယ်ဗိုလ်ချုပ်တွေ ထပ်ပြီး မျက်ခုံးလှုပ်နေကြလဲတော့ မသိပါ။ ဧရာဝတီ ဘလော့ဂ်မှာ ကြောက်လိုက်ကြတဲ့ ဗိုလ်ချုပ်တွေ ဆိုပြီး ရေးခဲ့ဖူးပါတယ်။ ဗိုလ်ချုပ် တင်ငွေနဲ့ ဗိုလ်မှူးချုပ် ထွန်းသန်းတို့ နှစ်ယောက် တွဲထိုင်နေတဲ့ ပုံနဲ့ပါ။ အခု ပြုတ်တယ်ဆိုတော့ သူတို့ နှစ်ယောက် ရှေ့ဆင့်နောက်ဆင့် ဖြစ်နေတာ တိုက်ဆိုင်မှု ထင်ပါရဲ့။ ဧရာဝတီက ယတြာ ချေပေးလိုက်ခြင်း မဟုတ်ရိုး အမှန်ပါ။ :P

ဒီဗိုလ်ချုပ် (အခုတော့ ဗိုလ်ပြုတ်) နှစ်ယောက် ဝါးတဲ့ မြေယာကိစ္စဆိုတာ ရှေ့က ရှစ်လုံးတို့၊ ရွှေမန်းတို့ ဝါးတာရဲ့ အဖျားအနား မရှိပါဘူး။ ကာချုပ် မင်းအောင်လှိုင် ဘယ်လောက်အထိ ခေါင်တက်ကိုင်ရဲမလဲ စောင့်ကြည့်ချင်ပါရဲ့။ မီးခိုးကြွက်လျှောက် လိုက်ရင်တော့ အကုန် ဗူးပေါ်သလို ပေါ်လာဖို့ ရှိပါမယ်။ ဝါးတီးနဲ့ ဖြုတ်ရမယ်ဆို ဦးသန်းရွှေကြီးကနေသာ စပါလို့ အားပေးအားမြှောက် ပြုလိုက်ပါတယ်။

6 comments :

  1. Anonymous said... :

    အားပေးတယ်ဗျာ တစ်ယောက်ပြုတ်တော့တစ်တော၇ှင်းတာပ။ မျက်နှာမလိုက်ဘဲ ဆက်ပီးဆောင်၇ွက်စေချင်ပါတယ်။ ။

  1. Anonymous said... :

    This is just the tip of the ice berg and let's see how deep-rooted corruption is going to be shed. Gen Min Aung Hlaing or whoever got the heart to tackle such noble but explosive task should be commendable and supported by any patriotic citizen.

    NT

  1. Anonymous said... :

    ၀ါးတဲ့ သူတိုင်းသာလိုက်ဖြုတ်ရင်၊ရှိနေတာတွေကျန်ပါအုံးမလားခင်ဗျ...

  1. Anonymous said... :

    ဖြုတ် ထုတ် သတ် လုပ်ရင်တော့ ပိုကောင်းမယ်ထင်တယ်

  1. Anonymous said... :

    The army now had to revamp the whole structure starting to change from DSA .Then there will be some young generation came to the top with new concepts align wilh the international standard which is to return back to barrack and not to interfere with the rule of law. The army is lagging behind other asean nations in term of capabilities to defence as professional solider.

  1. u rocey said... :

    They have enough so let the new generation to take their places. They will apply for refugees in Thailand or seek asylum in third countries very soon. Welcome to our world……

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved