ထိုင်း-မြန်မာ နယ်စပ်က ၇ ဇူလိုင် အထိမ်းအမှတ်ပွဲ

Thursday, July 7, 2011

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ကို ပထမဆုံး စတင်ဆန့်ကျင်ခဲ့တဲ့ ဇူလိုင် ၇ ရက်နေ့ အရေးတော်ပုံနေ့ကို ကျောင်းသားပြည်သူတွေ မမေ့မလျှော့ကြဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ၄၉ နှစ်မြောက် နှစ်ပတ်လည်နေ့ကို ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေကို တော်လှန်တိုက်ပွဲဝင်ခဲ့ကြတဲ့ ကျောင်းသားခေါင်းဆောင်တွေက ဦးစီးပြီး ဒီနေ့ ထိုင်းမြန်မာနယ်စပ်တနေရာမှာ ပြုလုပ်ခဲ့ကြပါတယ်။

နယ်စပ်မှာရှိတဲ့ ကျောင်းသားလူငယ်တွေနဲ့ မြန်မာအလုပ်သမားတွေ တက်ရောက်ခဲ့ကြတဲ့ ဒီနေ့ပွဲမှာ နောင်တော် ကျောင်းသားခေါင်းဆောင်ဟောင်းတွေက မြန်မာစစ် အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ခဲ့တဲ့ အတွေ့အကြုံတွေကို ဟောပြောပြီး တက်ရောက်လာသူတွေနဲ့ အပြန်အလှန် ဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြတဲ့အပြင် အရေးတော်ပုံနဲ့ ပတ်သက်တဲ့ သရုပ်ဖော် အနုပညာတင်ဆက်မှုတွေကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။

၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က ရန်ကုန်တက္ကသိုလ်မှာဖြစ်ပွားခဲ့တဲ့ ဗိုလ်နေ၀င်း ဦးဆောင်တဲ့ မြန်မာစစ်အာဏာရှင်တွေက ကျောင်းသားသမဂ္ဂ အဆောက်အဦးကို မိုင်းခွဲဖြိုချခဲ့တဲ့ ဖြစ်ရပ်အား ကိုယ်တိုင်မြင်တွေ့ခဲ့ရပြီး လက်ရှိ ထိုင်းနယ်စပ်မှာနေထိုင်ကြတဲ့ ကျောင်းသားဟောင်းတချို့ကတော့ ဒီနေ့ပွဲကို တက်ရောက်လာတာ မတွေ့ရပါဘူး။ (ဓာတ်ပုံ - ဧရာဝတီ)







0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved