ဓာတုပစ္စည်းနဲ့ မြန်မာပြည်သားတဦး ချင်းရိုင်မှာ အဖမ်းခံရ

Thursday, July 21, 2011

(photo by manager.co.th)

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင် ခရိုင်မှာ
မြန်မာပြည်သား တဦးကို စိတ်ကြွဆေးပြား ပြုလုပ်လို့ရတယ်လို့ ယူဆရတဲ့ ဓာတု ပစ္စည်း အများအပြားနဲ့အတူ ဖမ်းဆီးလိုက်တယ်လို့ ထိုင်းသတင်းများမှာ မနေ့က ဖော်ပြထားပါတယ်။

သူ့နေအိမ်မှာ ဖမ်းမိတဲ့ ဓာတုပစ္စည်း အိတ်ပေါင်း ၂၀ ရှိတယ်လို့ ဆိုပါတယ်။

မြေသြစာ အိတ်တွေလို့ ထင်ပြီးတော့ လက်ခံထားတာ
ပစ္စည်း ပိုင်ရှင်အမည်ကို မသိဘူး ဆိုပြီး သူက ထွက်ဆိုကြောင်း သတင်းတွေမှာ ရေးကြပါတယ်။ အိပ် အပ်နှံခ ထိုင်းဘတ်ငွေ ၅၀၀၀ (ဒေါ်လာ ၂၀၀ နီးပါး) ရတယ်၊ ဒါ ဒုတိယအကြိမ် ဖြစ်တယ်လို့ ဆိုပါတယ် တဲ့။

စိတ်ကြွဆေးပြား ထုတ်လုပ်လို့ရတဲ့ ဓာတုပစ္စည်းတွေ ဆိုရင်တော့ ဆေးပြား ၁၀ သန်း အထိ ထုတ်လုပ်နိုင်မယ် ဆိုတဲ့ အာဏာပိုင်တို့ရဲ့ ခန့်မှန်းချက်ကိုလည်း သတင်းတွေမှာ တွေ့ရပါတယ်။

ဖမ်းထားသူကို ဘယ်လို အရေးယူ ဆောင်ရွက်မလဲဆိုတာ မသိရသေးပါ။

သန်းထိုက်ဦး

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved