သြစီက ဒုတိယထူးထူးဟန်

Monday, July 25, 2011

ကွင်းစလန်ပြည်နယ် Brisbane မြို့တော် သူ့နေအိမ်မှာ တွေ့ရတဲ့ Moon Hsar (Photo: Dave Hunt)

လူတယောက် နာမည်ကြီးလာပြီ ဆိုရင် နောက်ကနေ လိုက်တုပသူတွေ ပေါ်လာစမြဲလို့ ဆိုရမလား။

သြစီရောက် ဒုက္ခသည် နောက်တယောက်က သူလည်း အယောက် ၅၀ လောက် သတ်ခဲ့ပါတယ် တဲ့။
မနေ့တုန်းက AAP သတင်းဌာနမှာ အဲဒီလို ရေးထားတာပါ။
သူ့နာမည်က Moon Hsar ဖြစ်တယ်၊ ကရင်တိုင်းရင်းသားလို့ ဆိုပါတယ်။

မြန်မာ့တပ်မတော်အတွက် တာဝန်တွေ လျှို့ဝှက် ထမ်းဆောင်ခဲ့တဲ့ ၁၉၈၄- ၁၉၈၇ ၃ နှစ်တာ ကာလအတွင်း သတ်ခဲ့တာလို့ ဆိုပါတယ်။

လူသတ်တဲ့အလုပ်အပြင် အစိုးရကို သတင်းပေးတဲ့ အလုပ်လည်း ပါတယ်တဲ့။

"ကျနော် အပြစ်ရှိပါတယ်၊ အရမ်း အပြစ်ရှိပါတယ်၊ ကျနော့်လူမျိုးတွေကို သတ်ဖို့ သူတို့ ကျနော့်ကို ဓားတလက်လို အသုံးချခဲ့တာပါပဲ" ဆိုတဲ့ သူ့ပြောကြားချက်တွေကို သတင်းမှာ ဖော်ပြထားပါတယ်။

Moon Hsar က ကလေး ၅ ယောက် အဖေပါ။ သြစီရောက်နေတာ ၅ နှစ်ရှိပြီ၊ နိုင်ငံသားလည်း ဖြစ်နေပြီ တဲ့။

သြစီမှာ သူ့လိုလူတွေ ရှိကောင်း ရှိပါလိမ့်မယ်လို့လည်း ဆိုပါတယ်။

8 comments :

  1. Anonymous said... :

    Now Aus people will be afraid of myanmar immigrants . Stupid fellow why not keeping quite ..

  1. Anonymous said... :

    haha.. yes, it's true,,,
    FaHtee တွေက စိတ်ကြီးတယ်..

  1. Anonymous said... :

    မင်းတို့တွေက နိုင်ငံသားဖြစ်နေပြီ.. လူသားချင်းစာနာ ထောက်ထားပြီး ကျွေးမွေးစောက်ရှောက်ထားတဲ့ သြစတေးလျ အစိုးရနဲ့ .. မကြာခင် လာရောက် အခြေ ချမဲ့ တကယ့်ဒုက္ခသည်တွေရဲ့မျက်နှာကိုထောက်ပါ အုံး.. မင်းတို့က နာမည်ကြီးချင်လို့လုပ်တယ်.. လူသတ် ကောင်တွေကိုလက်ခံထားတဲ့ အစိုးရကိုဝေဖန်ခံရမယ်.. သြစတေးလျကလည်းနောက်လာမယ့် ဒုက္ခသည်တွေ ကို တင်းကြပ်မှုတွေလုပ်လာမယ်.. သြစတေးလျ နိုင်ငံ သားတွေကလည်း မြန်မာတွေကို အထင်သေးလာ လိမ့်မယ်..

  1. moung said... :

    ကိုထူးထူးဟန်ကို လေးစားတယ်ဗျာ။ဆက်လုပ်ဗျို့....အားပေးတယ်

  1. Anonymous said... :

    ခင်ဗျားတို့ ကသာ နာမည်ကြီးတယ်ပြောနေတာ ဒီကလူတွေက တော့ဒီကောင်တွေ အလကား ဒိုး (အလုပ်မရှိထောက်ပံ့ကြေး) လိမ်ယူပြီး သောက်ပျင်းတစ်နေတဲ့ လူ့ နလပိန်းတုံးလို့ပဲမြင်တယ် ခုအစိုးရက ဒိုးထိုင်စားတဲ့သူတွေကို အလုပ်အတင်းရှာခိုင်းတယ်။ တပတ်ကို အလုပ် သုံးခုလျောက်လွာမတင်ရင် ဒိုးပိုက်ဆံ မပေးတော့ဖူးလို့ ကြပ်လိုက်တာနဲ့ နာမည်ကြီးအောင် သတင်းတွေ ကလိုက်ရင် အင်တာဗျူးမှာ ပိုက်ဆံတောင်းဖို့ လုပ်တာလားထင်ရတယ်။ ကဲဒီကောင်တွေ တကယ်ဆိုရင် သူတို့ ရဲ့အထက်အရာရှိ သူတို့အပတ်စဉ် သူတို့ရဲ့ကိုယ်ပိုင်နံပတ်တွေထုတ်ပြောဗျာ။ ဒါပဲ

    သြစီအစိုးရက ခင်ဗျားတို့ထင်သလို နောက်လူတွေ တွက်အခက်ခဲမဖြစ်ပါဖူးဗျာ။ သြစီထောက်လှန်းရေး က ငတုံးမဟုတ်ဖူး ဗမာစကားပြောတတ်တဲ့ သြစီထောက်လှန်ရေး တွေ ဆယ်ဂဏန်းလောက်ရှိတယ် မြန်မာ အသိုင်းဝိုင်းမှာလဲ undercover သြစီထောက်လှန်းရေးတွေက NGO လိုလိုနဲ့ ဝင်ရောနေတာ ရှိတယ်လို့ သိရတယ်။ ဒိုးစားတဲ့သူတွေ ခိုးပြီး အလုပ်လုပ်နေလားလို့ ထောက်လှန်းတဲ့ လူလိမ်ဖမ်းထောက်လှန်းရေးလဲ ရှိတယ်

    နောက်လာမဲ့ဒုက္ခသည်တွေတွက်တော့ သူမှန်ရင်သူရမှာပါ မပူပါနဲ့ 

  1. Anonymous said... :

    အခု ၀န်ခံတဲ့သူတွေ ပြောတာ သူတို့ကိုယ်ပိုင်ဇာတ်လမ်း အမှန်လားမမှန်လားတော့မသေချာဘူး။ ဒါပေမဲ့ စစ်ထောက်လှမ်းရေးတို့ စစ်တပ်တို့က အဲလိုမျိုး လုပ်ရပ်တွေ လုပ်ခဲ့တာတော့အမှန်ပဲမဟုတ်လား။ အဲဒါကို ဘာလို့ ကိုယ့်ကိုယ်ကို ၀န်ခံတယ်ဆိုတဲ့သူတွေကို အပြစ်တင်နေကြတာလဲ။ သူတို့က သူများတွေကို ဘယ်ကောင်တွေကဖြင့် ကျွန်တော်တို့လို ထောက်လှမ်းရေးပါလို့ လိုက်ဖော်နေလို့လား။ အမှန်တရားကို မရင်ဆိုင်ချင်ကြတာ ဘယ်သူတွေလဲ ၀န်ခံနေတဲ့သူတွေလား ...၀န်ခံတာကို မကြိုက်တဲ့သူတွေလား ... သေချာစဉ်းစားကြပါဦး

  1. Anonymous said... :

    အဲဒီသူမှန်ရင်သူရမှာမို.လို.ပူနေရတာပေါ့။ မှန်မှမမှန်ကြ
    တာ။မှန်တဲ့သူကလည်းနဲနဲဘဲရှိမယ်။

  1. u rocey said... :

    send them back to Burma hehehe

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved