ကချင်ဒေသ စစ်ပြေးရသူများရဲ့ မရေရာတဲ့အနာဂတ်

Friday, July 1, 2011


ဓာတ်ပုံများ - ဧရာဝတီ
ကချင်ပြည်နယ်မှာ အပစ်အခတ်တွေ မရပ်သေးလို့ ထောင်သောင်းချီတဲ့ ကချင်ဒေသခံတွေဟာ အိမ် ဘယ်တော့ပြန်ရမယ် ဆိုတာ မသိနိုင်ပါဘူး

ဒီပုံတွေကတော့ ကေအိုင်အေ ဌာနချုပ် လိုင်ဇာမှာ တွေ့ရတဲ့ စစ်ပြေးဒုက္ခသည်တွေရဲ့ ပုံရိပ်တွေ ဖြစ်ပါတယ်-

ကလေးတွေလည်း စစ်ပြေးရပါတယ်

ကေအိုင်အေ ကေဘယ် ရုပ်မြင်သံကြား ကြည့်နေတဲ့ ဒုက္ခသည်များ
သူတို့က ရုပ်သံကတဆင့် ကမ္ဘာကြီးကို မြင်နိုင်ပေမယ့်
ကမ္ဘာက သူတို့ကို မမြင်နိုင်ပါ။

ဒီဒုက္ခသည်တွေဆီကို နိုင်ငံတကာ သတင်းသမားတွေ ရောက်လာဖို့ အင်မတန် ခဲယဉ်းပါတယ်။
အသက်လုပြီး ဘေးကင်းရာကို ပြေးလာကြသူ အများစုက အသက်ကြီးသူတွေ၊ ကလေးတွေ၊ အမျိုးသမီးတွေပါပဲ။
အမျိုးသမီးတွေ ပြေးလာရတဲ့ အကြောင်းရင်းတခုကတော့ မတရားပြုကျင့်ခံရမှာ စိုးရိမ်လို့ပါ။


လူငယ် လူလတ် အမျိုးသားတွေကတော့ သူတို့ တောင်ယာလုပ်ငန်းကို ဆက်လက် လုပ်ကိုင် ကြည့်ရှုစောင့်ကြပ်ဖို့ ကျန်ခဲ့ကြပါတယ်။

လာရောက် ခိုလှုံတဲ့ ဒုက္ခသည် အရေအတွက်ပြ ဇယားတခုကို ခုလို တွေ့ရပါတယ်။
ကချင်ဘာသာနဲ့ ရေးထားတာပါ။

နေရပ် စွန့်ခွာ ထွက်ပြေးရတဲ့ ဒုက္ခသည်ပေါင်း တသောင်းကျော် ရှိပေမယ့် သူတို့ဆီရောက်တဲ့ နိုင်ငံတကာ အကူအညီက တခုတည်းပါ။
တခုဖြစ်တဲ့ Health Unlimited က ကူပါတယ်။ သူက တရုတ်မှာ အခြေစိုက်ပါတယ်။ သူကလည်း အများကြီး မကူညီနိုင်ပါ။ ဒုက္ခသည်တွေ သုံးဖို့ ဆပ်ပြာ ဝေငှတာမျိုးပဲ လုပ်နိုင်ပါတယ်။
စစ်ဖြစ်နေတဲ့ ဒီနေရာကို နိုင်ငံတကာ ကူညီကယ်ဆယ်ရေး အဖွဲ့တွေ ရောက်ဖို့ မလွယ်ပါ။


ဖြစ်သလို စုပြုံနေကြရတဲ့ သူတို့ထဲက ကလေးတယောက် ဆုံးသွားလို့ ဒီနေ့ပဲ သဂြိုင်္ဟ်လိုက်ပါတယ်။

တရုတ်ပြည်ဘက် ပြေးသူတွေလည်း ရှိပါတယ်။ ဒါပေမယ့် ဟိုဘက်က လက်မခံတော့ မြန်မာပြည်ဘက် ပြန်ရောက်လာတာပါပဲ။

ကေအိုင်အေကလည်း သူတို့မှာ ရှိတဲ့ ဆေးဝါး နဲ့ ရိက္ခာ ထောက်ပံ့ပါတယ်။
ဒါပေမယ့် အာဟာရချို့တဲ့မှုကိုတော့ သိသိသာသာ တွေ့ရပါတယ်။ အထူးသဖြင့် ကလေးတွေပေါ့။

ပစ်ခတ်နေကြတဲ့ နှစ်ဘက် ကိုယ်စားလှယ်တွေ မနေ့က အပစ်ရပ်ရေး ညှိကြပါတယ်။ ဒါပေမယ့် အဆင်မပြေပါ။

“ရွာကို ဘယ်တော့မှ ပြန်ရမယ် မသိပါဘူး” လို့ လူလတ်ပိုင်း အမျိုးသားတဦးက ပြောပါတယ်။ သူက ကေအိုင်အေ စစ်သားဟောင်းပါ။
“အပစ်ရပ်ဖို့ ဆိုတာ မြန်မာအစိုးရအပေါ်ပဲ မူတည်မယ်လို့ ထင်ပါတယ်” တဲ့၊ သူက ရှင်းပြပါတယ်။

4 comments :

  1. Anonymous said... :

    Pls stop the Civil War.
    Let the young study peacefully, let the parents work peacefully in their own land, let the kids grow safely in their guardians...

    Pls stop invading Ethnic Land. Pls stop assulting Ethnic Cullture and give respect to each other from now on...

    No respect causes No Trust among us , No Love cause No Mercy on other... No Brain causes Killing each other..

    Pls stop all Civil War...as you are killing your own people..

  1. Anonymous said... :

    Do you know that KIA leaders are also very rich, grow opium, send their kids to school in western land?

    However, they show to the world that they are fighting for ordinary ethnic people but they don't do anything to help their own people let alone building roads, schools or even share the profit from their drug trade.

    Same story for Karen, Wa, and more.

    Their fighting is for profit and their handful of follower's benefit, and power grabbing only.

    Go and look with your own eyes before reading bias news.

  1. Anonymous said... :

    why no one write this article in English to show the world?

  1. Anonymous said... :

    pls check here in English

    http://www.irrawaddy.org/article.php?art_id=21612

    http://www.irrawaddy.org/article.php?art_id=21610

    http://www.irrawaddy.org/article.php?art_id=21602

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved