ဦးသိန်းစိန်ကြီးတို့ကို စောင့်ကြည့်သူ

Sunday, July 10, 2011

သောကြာနေ့က သူ့အလုပ်စားပွဲမှာ ခဲရာပေး အရုပ်ရေးနေတဲ့ ဟန်လေး။

ဦးသိန်းစိန်တို့ကို စောင့်ကြည့်နေသူတွေထဲမှာ ကာတွန်းဆရာဟန်လေးက သူများထက် ပိုတယ်လို့ ဆိုရမယ်။ သူက စောင့်ကြည့်ရုံတင်မက ပုံတူတွေ ဆွဲပေးရတယ်လေ။

ဦးသိန်းစိန်ကြီးတို့ကို ဓာတ်ပုံကြည့်ပြီး တလေးတစား ဆွဲလေ့ရှိပါတယ်။
အဲဒီ လူကြီးမင်းတွေက ကိုဟန်လေးဆီကို ဓာတ်ပုံတွေ ပို့မထားပါဘူး။ ဒီတော့ ဂူဂယ်မှာ ရှာပြီး ကြည့်ဆွဲရပါတယ်။ မတူဘူး ဆိုရင် စိတ်ဆိုးမယ့်သူတွေ ရှိနိုင်တော့ သူက ဂရုစိုက်ပါတယ်။
အင်း - အဆင်ပြေအောင် ဆိုပြီး ဓာတ်ပုံတွေ အီးမေးလ်ပို့ဖို့ စိတ်ကူးမနေပါနဲ့ဗျာ။ ဒီကာတွန်းဆရာက အီးမေးလ် စစ်လေ့ စစ်ထ မရှိပါ။

ခဲရာပေး အကြမ်းဆွဲတာ စိတ်တိုင်းကျရင် ပုံကြမ်းကို Graphics Tablet က တဆင့် အရောင်ခြယ်ပါပြီ။

အင်း - ပြီးပြီ၊ ပြီးပြီ။
နေဦး၊ နေဦး မပြီးသေးဘူး၊ ၀န်ကြီးပုဆိုးကို အရောင်ခြယ်လိုက်အုံးမယ်။


နောက်ဆုံးတော့ အင်တာနက်မှာ ဖော်ပြမယ့် ဟောဒီကာတွန်း ဖြစ်ပေါ်လာတာပါပဲ။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved