ဒေါ်အောင်ဆန်းစုကြည်ကို ညောင်ဦးမှာ အုန်းအုန်းကျွက်ကျွက် ကြိုဆို

Thursday, July 7, 2011






ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂံ ခရီးစဉ် နောက်ဆုံးနေ့အဖြစ် ညောင်ဦး မဏိစည်သူ ဈေးကို သွားပါတယ်။ သူ့သားအတွက် ပုဆိုး နည်းနည်းပါးပါး သွားဝယ်တဲ့သူ့ကို ညောင်ဦးပြည်သူတွေ ကြိုဆိုပုံကတော့ တော်တော်ကို ကြောက်စရာကောင်းလောက် စည်ကားတယ်လို့ ပြောရအောင်ပါပဲ။ သူ့ကို ဖက်နမ်းတဲ့သူကနမ်း၊ သူ့လက်ကို ကိုင်ပြီး ငိုတဲ့သူကငို ...။ ပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လောက်တောင် အားကိုးသလဲ၊ ယုံကြည်မျှော်လင့်သလဲ ဆိုတာကို ဒီဓာတ်ပုံတွေက ဖော်ပြနေပါတယ်။ (ဓာတ်ပုံ - ဧရာဝတီ)

16 comments :

  1. စဉ်းစားတာက သူ့သားအတွက် ပုဆိုးနည်းနည်း ၀ယ်ရုံအတွက် တော့ ဖြစ်လောက်မည် မထင်။

  1. လွတ်လပ်အောင် said... :

    တိုင်းသူပြည်သားလူအများတွေ ဒေါ်စုကိုချစ်တာလဲချစ်ကြပေါ့၊ ကျနော်လဲ လေးစားပါတယ် ခင်ဗျားတို့ ကျနော်တို့တတွေ ချစ်နေယုံ လေးစားနေယုံ ဒေါ်စုကိုဝိုင်းအုံကြည့်နေကြယုံနဲ့တိုင်းပြည်ကြီးဆင်းရဲတွင်းထဲကတက်နိုင်ဖို့ မဖြစ်နိုင်ပါဘူး ဒေါ်စုလဲ ဘာမှကိုလုပ်မပေးနိုင်ပါဘူး၊ သူ့သော ဒေါ်စုမှာ ခေါင်းဆောင်ကောင်းပီသတဲ့ ခေါင်းဆောင်နိုင်မှု လမ်းညွန်နိုင်မှုတွေရှိပါတယ် အဲ့ဒီအပေါ်မှာ ပြည်သူလူထုတရပ်လုံးက သတ္တိရှိရှိ စည်းလုံးညီညွတ်စွာ အတူလက်တွဲပြီး အာဏာရှင်စံနစ်ဆိုးကို တွန်းလှန်ခြေမှုန်းပစ်ယုံမှ တပါးအခြားလုံးဝမရှိပါ၊ လူတိုင်းလူတိုင်းအကြောက်တရားက ကင်းဝေးပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး အလျှင်အမြန်သာယာဝပြောပါစေဗျားးး

  1. timothy said... :

    ပြည်သူ့အချစ်ကိုရဘို့ဆိုတာလွယ်တဲ့ကိစ္စတော့
    မဟုတ်ဘူး။
    လူထုကချစ်တဲ့လူဆိုရင်လဲဘာမှတားလို့မရဘူး။
    မတ္တာတုံးကြီးသန်းရွှေ၊နေဝင်းတို့များအဲဒီလိုပြည်သူလူထုထဲ
    ဆင်းရဲလား။လည်ကိုဒါးနဲ့လှီးမဲ့ယောက်ျား၊မိမ္မတွေနဲ့ဝိုင်းသမလိုက်မဲ့ဖြစ်ခြင်း။တံတွေးပင်လည်ထဲတောင်နစ်သေနိုင်မယ်။
    ဆဒမ်ဟူစိန်တယောက်ကြိုးစင်တက်တဲ့လမ်းမှာဘေးကထောင်ကြပ်တွေတံထွေးထွေးကြ၊ကိုယ်ထိလက်ယောက်လုပ်ကြနဲ့၊ဆဲရေးတိုငိးထွာကြနဲ့ဆိုဘဲ။
    မတ္တာတုံးတော့ဘယ်ကူကဒီလိုနမ်းမှာလဲ။
    အမေစုတယောက်မွေးနေ့ဆုတောင်းလေးပြည့်
    သွားအောင်ပြည်သူအားလုံးကနိုင်ငံရေးမှာတတပ်
    တအား၊ဝင်လုပ်ကြပါစို့။

  1. ဒါတောင် အ၇ပ်သူ လို့ပြော၇ဲ ကြ၇ဲ့။ သူတို့သာ အာဏာမ၇ှိ၇င် လမ်းဘေးရောက်ကုန်မှာ။ စစ်ခွေးဟာခွေးပါဘဲလေ။

  1. Anonymous said... :

ဲပြည်သူတွေချစ်တဲ.ခေါင်းဆောင်ဆိုတာဒီလိုဘဲလေ။ ဗိုလ်ချုပ်ကြီးများကိုဒီလိုကြိုတာတွေ.ဘူးပါသလား။

  1. jack said... :

    တွေ့တယ်မို့လား , အာနာရှင်ကြီး သန်းရွှေရေ......
    ပြည်သူ ချစ်ပှီဆို စာတတန် ပေတတန်နဲ့ဆင့်ခေါ်စရာမလိုဘူး ကွ.
    ပြည်သူ ချစ်တဲ့ အမေစု
    ကျွန်တော် ချစ်တဲ့ အမေစု
    ကျန်းမာပါစေ.
    မြန်မာနိုင်ငံတော် ကြီးကို ကယ်တင်နိုင်ပါစေ

  1. Anonymous said... :

    ဒေါ်အောင်ဆန်းစုကြည်က အုန်းအုန်းကျွက်ကျွက်ဖြစ်နေတယ်ဗျ။ အထားအသိုမှားနေပါတယ်။ ဖြစ်သင့်တာက ညောင်ဦးမှာ ဒေါ်အောင်ဆန်းစုကြည်ကို အုန်းအုန်းကျွက်ကျွက်ကြို လို့ဖြစ်ရပါမယ်။ ကြိယာဝိသေသနဟာ ကြိယာနဲ့ကပ်နေသင့်ပါတယ်။

  1. Anonymous said... :

    ဟုတ်ပါရဲ့ “ အုန်းအုန်းကြွက်ကြွက် လုပ်တတ်သော ဒေါ်အောင်ဆန်းစုကြည်ကို
    ညောင်ဦးမှာ ကြိုဆိုကြသည် ” လို့အဓိပ္ပါယ် ပေါက်နေပါပေါ့လား။ “အစိုးရသစ်ကို ဒေါ်အောင်ဆန်းစုကြည်က အသိအမှတ်ပြု” တို့ “ဒီမိုကရေစီမကြာမီရလိမ့်မည်ဟု ဒေါ်အောင်ဆန်းစု
    ကြည်ပြော”တို့ စသဖြင့် ချွန်တွန်းဆင်လေးတွေ အဆင်းဘီးလေးတွေ မကြာခဏ ဆိုသလို တွေ့တွေ့နေရတာမို့ သွေးရိုးသားရိုး ဟုတ်ရဲ့လား တောင်ထင်စရာဘဲ။ ဆင်ခြင်သင့်ပါ့ ဧရာဝတီရယ်။

  1. Anonymous said... :

    ခေါင်းစဉ်
    ဒေါ်စုက အုန်းအုန်းကျွက်ကျွက် ဖြစ်နေပြီ၊
    ညောင်ဦးမှာ ဒေါ်အောင်ဆန်းစုကြည်ကို အအကကကြို ဆို ပိုအဆင်ပြေမလားပဲ။

  1. Anonymous said... :

    ကိုယ်တိုင် မလုပ်ရင် ဘာမှဖြစ်လာမှာ မဟုတ်ပါ...ကိုယ်လိုချင်ရင် ကိုယ်တိုင် လုပ်ယူမှရပါတယ်...ဘုရားရှင်တောင်မှ ငါနဲ့အတူ နိဗ္ဗာန်ကို လိုက်ခဲ့ကြဆိုပြီး ဆွဲခေါ်မသွားနိုင်ပါဘူး။ လမ်းပဲပြပေးနိုင်တာပါ။

  1. Anonymous said... :

    သတိထားမိလား၊ရွှေးကောက်ပွဲမတိုင်မှီကဆိုသောက်ရူးတွေလိုင်းပေါ်မှာမဟုတ်တန်းတရားတွေအရမ်းလိုက်ရေးတယ်။အခုငြိမ်သွားကြပြီနော်..လိုတာတွေရသွားကြပြီထင်တယ်။
    ဒါမှမဟုတ်သုံးကောင်းတုန်းအသုံးခံရပြီး။အခုညောင်း သွားရပြီလားမသဘူး

  1. Anonymous said... :

    ဈေးထဲကို ဘယ်နည်းနဲ့ပဲ သွားသွား၊ အာဏာရှင် နောက် လိုက်ခွေးတွေက တားမြစ်ထားတဲ့ ကြားက ပြည်သူတွေ သူ့ သဘောနဲ့ သူ လာနှုတ်ဆက်ကြတာဟာ ပြည်သူ့ သဘောထား အစစ်အမှန်ပါပဲ။ ဘယ်သူ့ကိုမှ မလာ မနေရ အမိန့်အာဏာနဲ့ ခြိမ်းခြောက်ခေါ်လိုက်တာ တယောက်မှ မပါဘူးဆိုတာ “ဘုရားဖူးသက်သက် လာတာပါ။ ဘာစကား မှ မပြောနိုင်ပါဘူး၊ နောက်မှ တခေါက်ပြန်လာပါအုံးမယ်” လို့ ဒေါ်စုက ကြိုပြောထားတာက သက်သေပါပဲ။ လူစိတ်ရှိတဲ့ လူတွေကို လူစိတ်ရှိတဲ့ ပြည်သူတွေက လူလို ကြိုဆိုနေတယ်ဆိုတာ ဘာနဲ့မှ ဖုံးကွယ်လို့ မရပါဘူး။ အကို တယောက်ပြောထားသလိုပဲ ကိုယ်လိုချင်တာကို ဘုရားရှင်တွေတောင် လုပ်မပေးနိုင်ဘူး။ လမ်းပဲ ပြပေးနိုင်တယ်။ ကိုယ်လိုချင်တာ ဖြစ်ချင်တာ ရအောင် ဖြစ်အောင် လုပ်ကြဖို့ လိုချင်သူတိုင်း တာဝန်ရှိကြပါတယ်...။

  1. KoKo singapore said... :

    Irrawaddy ,
    You should take more attention in choosing words when you writing news or articles writing about Daw Aung San Su Kyi and democracy movement inside or outside Myanmar.
    For above title about Daw Aung San Su Kyi news, if it was unintentionally used that word (ohn ohn Kwyer kwyet Daw Aung San Su Kyi), it will be alright otherwise many people will suspect your sincerity and your media value will be revalued.

  1. Anonymous said... :

    သောက်ရူးတွေ လုံးဝမငြိမ်ကြောင်း သတိထားကြည့်လျှင် သိနိုင်ပါသည်။ အခြေခံ ဥပဒေကိုရော လွှတ်တော်ကိုရော အနှောက်အယှက် အနည်းဆုံးဖြင့် စိတ်တိုင်းကျလုပ်ပြီး ဖြစ်သောကြေင့် အနည်းငယ်အနားယူရင်း
    အကဲခတ်နေခြင်းသာ ဖြစ်ပါသည်။
    ဒေါ်စု၏ လှုပ်ရှားမှု တခုချင်းအပေါ်
    လူထု၏အားပြုမှု နှင့် အားပေးမှုအတိုင်းအတာ အလိုက် တုန့်ပြန်ရန် အပုတ်ချရန် ချေဖျက်ရန်နင့် ချေမှုန်းရန် ယ္ခင်ကနည်းတူ နေရာယူတားပြီးဖြစ် သည်ကိုမယုံမရှိကြပါနှင့်။ နား၊ မျက်စေ့ အထူးလျှင်ကြရန် သတိပေးလိုပါသည်။

  1. Anonymous said... :

    အုန်းအုန်းကျွက်ကျွက် အန်တီစု
    ရောင်းရင်းတို့ ဘယ်လောက်ပဲ ပြောပြော၊ ဒီခေါင်းစဉ်ကြီးက ပြောင်းမသွားပါဘူး။ ခပ်တည်တည်ပါပဲ။ မြန်မာသတင်းဌာန တော်တော်များများက ဖြစ်သင့်တာကို အများကပြောပြဝေဖန်လဲ လက်ခံပြီး ပြုပြင်ပေးတာ အတော်ကြီးကိုရှားပါတယ်။ ငါလုပ်တာအမှန်ဆိုတဲ့ စိတ်လား၊ မှားတယ်လို့ ဝန်ခံရမှာကို ဝန်လေးသလားတော့ မသိဘူး။ ဝေဖန်မှုကို လက်ခံ၊ မှားနေရင် ဝန်ခံ၊ ပြင်သင့်တာပြင်။ အခုတော့ ကျွန်တော်တို့ မြန်မာတွေစိတ်ထားနဲ့ ဒီမိုကရေစီနဲ့.... အင်း... ရွှေပြည်တော်ရယ် မျှော်လေတိုင်းဝေး...

  1. zarny win said... :

    အုန်းအုန်းကျွက်ကျွက်ကို နောက်သို့ ပို့လိုက်ပါ၏။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved