WLB က လွှတ်တော်ကို ဂုဏ်ပြုမည်

Friday, July 22, 2011

Rambo ဇာတ်ကားထဲက မြန်မာ့တပ်မတော် အရာရှိကို ဒီရုပ်သံမှာ အရပ်ဝတ်နဲ့ တွေ့ရမှာပါ။

အမျိုးသမီးများအဖွဲ့ ချုပ် မြန်မာနိုင်ငံ ခေါ် WLB အဖွဲ့က အစိုးရသစ်ရဲ့ လွှတ်တော်ကို ဂုဏ်ပြုတဲ့အနေနဲ့ ရုပ်သံဇာတ်လမ်းတို ရိုက်ကူးထားတာ လာမယ့် စနေနေ့ DVB ကနေ လွှင့်မှာပါ။ ဘယ်လို ဂုဏ်ပြုထားသလဲ သိလိုရင်တော့ အဲဒီနေ့ DVB စောင့်ကြည့်ရုံပါပဲ။

လွှတ်တော်ထဲ ဆရာ့ ဆရာကြီးနေရာ သရုပ်ဆောင်ရသူက
Rambo ဇာတ်ကားတခုမှာ မြန်မာ့တပ်မတော် အရာရှိကြီးအဖြစ် ပါဝင်ခဲ့သူပါ။ (အထက်ပါပုံကို ရှုလော့)

အပြင်ကလွှတ်တော်မှာလည်း စစ်ဗိုလ်လူထွက်တွေ နေရာရနေတာမို့ ရုပ်သံဖန်တီးတဲ့အခါ စစ်ဗိုလ်အဖြစ် သရုပ်ဆောင်ဖူးသူကို ဒီ အရေးပါတဲ့ နေရာ ထည့်ရိုက်လိုက်တာ ဖြစ်ပုံရပါတယ်။ အစဉ်အလာကို ချိုးဖောက်လို့ မဖြစ်ဘူး မဟုတ်လား။

ရုပ်သံထဲမှာလည်း စစ်ဗိုလ် တမတ်သား တွေ့ရပါတယ်။ အခြေခံဥပဒေနဲ့ အညီ ရိုက်ထားတယ်ပေါ့ဗျာ။

ဒီ ဂုဏ်ပြုရုပ်သံမှာ လူရွှင်တော် ကြယ်သီးကိုလည်း ၀န်ကြီး တပါးအဖြစ် မြင်ရမှာပါ။ လူရွှင်တော်လည်း လွှတ်တော် တက်နေပြီပေါ့။

ဝန်ကြီးကြယ်သီးက လွှတ်တော်ထဲမှာ လူရွှင်တော်တွေ "၂၅ ရာခိုင်နှုန်း မက ရှိသင့်တယ်" လို့လည်း ဧရာဝတီကို ပြောပါတယ်။

ဟုတ်တာပေါ့။ ဒါမှ လွှတ်တော်က ပျော်စရာကောင်းမယ် မဟုတ်လား။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved