အကြည်ညိုပျက်စေမှုလောက်နဲ့တော့ မဖမ်းဘူး ... ပြန်လာခဲ့ တဲ့

Wednesday, August 31, 2011


နိုင်ငံတော်ကို အကြည်ညိုပျက်စေမှု ကျူးလွန်ထားသည့်တိုင် ပြည်ပရောက် မြန်မာတွေ မြန်မာနိုင်ငံကို ပြန်လာရင် လွတ်ငြိမ်းချမ်းသာခွင့်ပြုမှာ ဖြစ်တယ်လို့ သမ္မတအကြံပေး ဦးကိုကိုလှိုင်က ဆိုပါတယ်။

ဦးသန်းရွှေ၊ ဦးသိန်းစိန် မကောင်းကြောင်းတွေ တောက်လျှောက် ဖော်ကောင်လုပ်ခဲ့တဲ့ ပြည်ပရောက် မီဒီယာသမားတွေကို ဆိုသလိုသလား မသိပါဘူး။

ခိုးမှု၊ လုယက်မှု၊ လူသတ်မှုတွေကို ကျူးလွန်ထားရင်တော့ တည်ဆဲဥပဒေအရ အရေးယူခံရမယ်လို့ ရန်ကုန်တိုင်းမ်ဂျာနယ်ရဲ့ မေးမြန်းမှုကို ဦးကိုကိုလှိုင်က ဖြေထားပါတယ်။

နောက်စိတ်ဝင်စားစရာတချက်က တပ်မတော်နဲ့ ရင်ဆိုင်တိုက်ပွဲတွေမှာ တခြားတဖက်က ပါဝင်ခဲ့သူတွေဟာ တိုက်ပွဲတခု၊ ပဋိပက္ခတခုအသွင် ဖြစ်နေတဲ့ အနေအထားကြောင့် အရေးယူမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒီကိစ္စကတော့ ABSDF ဝင်ဖြစ်ဖူးတဲ့ ကျောင်းသားစစ်သည်ဟောင်းတွေနဲ့လည်း ပတ်သက်မယ် ထင်ပါတယ်။

3 comments :

  1. ကေကေအို said... :

    ဓါတ်ခဲတို့၊ ကင်မရာတို့၊ ဘက်ထရီတို့တော့ ယူမလာမိစေနဲ့နော်။
    အီလက်ထရောနစ်ဥပဒေနဲ့ အရေးယူခံနေရဦးမယ်။

  1. Anonymous said... :

    တကယ်ပြန်လာရင်ရော ရေကြည်အိုင်ပို့မှာလား.....တူတို့ကို ယုံရဲဘူး...လူညာကြီးတွေ...ဟတ်ဟတ်

  1. Anonymous said... :

    သူတို.ကအဲဒီလိုပြောလေိနုင်ငံခြားသွားဖို့စောင့်နေတဲ့ဒုက္ခ
    သည်တွေစိတ်ညစ်ရလေဘဲ.။။ ဟား ဟား သူ.ဟာနဲ.သူတော့ ဟုတ်နေတာဘဲ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved