.
သူငယ်ချင်းများအားလုံး မင်္ဂလာပါ...
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ အမေ့အိမ် ပညာဒါနကျောင်းလေးရဲ့ ကြည်နူးဝမ်းသာစရာ သတင်း မြင်ကွင်းလေးကို မျှဝေပေးလိုက်ပါတယ်။
အမေ့အိမ် စာကြည့်တိုက် အတွက် လိုအပ်နေတဲ့ စားပွဲခုံ ၂ စုံ၊ စာအုပ်မျိုးစုံ နဲ့ဂျာနယ်မျိုးစုံတို့ ကို လာရောက် လှူဒါန်းသူတွေ ရှိပါတယ်။
Myanmar Youth Internet Donation Group( MYD )က လူငယ်များ သူတို့ ရဲ့  လစာ ၀င်ငွေလေးတွေကို စုပေါင်းပြီး လှူကြတာပါ။
ကျောင်းကိုရောက်ပြီးမှာ ကလေးတွေကို တွေ့ ပြီး စေတနာ ထပ်မံဖြစ်ပေါ်လာလို့  အအေးဒါန ထပ်ပြုသွားကြပါတယ်။
ကလေးငယ်တွေကို မိမိတို့ ရဲ့ ညီငယ် ညီမငယ်များလို သဘောထာပြီး ဖြူစင်တဲ့ မေတ္တာတွေနဲ့  နွေးထွေးကြင်နာစွာ ကိုယ်တိုင်ကိုယ်ကျ အအေးတိုက်ကြတာပါ။
ဒီလိုလူငယ်တွေရဲ့  အားလပ်ရက်မှာ မိမိတို့ ရဲ့ အချိန်ကို တကိုယ်ရေ ပျော်ရွှင်မူ အတွက် မသုံးဘဲ အများအကြိုးရှိစေမယ့် ပရဟိတ လုပ်ငန်းတွေမှာ မိမိတို့  တတ်နိုင်တဲ့ဘက်က ပူးပေါင်းပါဝင်ဆောင်ရွက် ကြပါတယ်။
ဒါဟာ တိုင်းပြည်ကိုလူငယ်တွေ ဘယ်လောက်ချစ်ကြောင်း တိုင်းပြည်ပြန်လည် တည်ဆောက်ရေးမှာ ကျရာ အခန်းကဏ္ဍက ပါဝင်ကူညီနိုင်ကြောင်း လူငယ်တို့ ရဲအခြေခံ စိတ်ဓာတ်ကို ပြသတာပါပဲ။
ရိုသားဖြူစင်ပြီး ကိုယ်ကြိုးစွန့် အနစ်နာခံကာ တိုင်းပြည်ကိုချစ်သောလူငယ်များအား တိုင်းပြည်ပြန်လည် တည်ဆောက်ရေး လုပ်ငန်းစဉ်တွင် ပါဝင်ခွင့် ပြုခဲ့ပါလျှင် အလွန် ဟန်ချက်ညီသော ဖြစ်ပေါ် တိုးတက်မူများ ရရှိလာလိမ့်မည်ဟု ယုံကြည်လျက်။
အမေ့အိမ် ပညာရေးကော်မတီက ကိုငယ်( ၀၉ ၅၁၆၂၀၆၀ ) ပေးပို့လာတာ ဖြစ်ပါတယ်။

.
Posted in:
ဓာတ်ပုံ
,
ပေးစာ
0 comments :
Post a Comment