(Credit to မြစ်မခ မီဒီယာ)
သြဂုတ်လ ၁၈ ရက်နှင့် ၁၉ ရက်နေ့၊ နေပြည်တော်တွင် ပြုလုပ်ကျင်းပမည့် စီးပွားရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲအား တက်ရောက်ရန် သမ္မတ ဦးသိန်းစိန်မှ ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြားထားကြောင်း သိရပါသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တက်ရောက်မည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။
ပြည်တွင်းမှ စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ စီးပွားရေးပညာရှင်များကလည်း တက်ရောက်ကြမည်ဖြစ်ပြီး သမ္မတ၏ စီးပွားရေး အကြံပေးပညာရှင်များလည်း တက်ရောက်မည် ဖြစ်ကြောင်း ကြားသိရသည်။
ပြည်တွင်းမီဒီယာများမှ အချို့ကိုလည်း ဖိတ်ကြားထားသည်ဟု ဆိုသည်။
၂၀၁၁ ရဲ့ မျက်နှာညီစုံညီပွဲတော်ကြီးတွေ ကျင်းပနေကြပြီး ထူးမခြားနားဆိုရင်တော့ အန်တီစုလဲ အလကားနေရင်း ဂွမ်းမယ်နော် ၊ ဒီ အရည်ခွံအသစ်လဲအစိုးရက စပြောကထဲက သူတို့လက်သုံးစကား " အစိုးရသစ် အစိုးရသစ် အရင်အစိုးရမဟုတ်တော့ဘူး ပြည်သူတွေတရားဝင်ရွေးကောက်တင်မမြှောက်ထားတဲ့ အစိုးရ " ဆိုတာတော့ အရမ်းကို တွင်တွင်ကျယ်ကျယ်သုံးနေတယ်နော့၊ ပြီးတော့ ကချင်ကိုလဲ အဲ့ဒါနဲ့အစချီ သွားလိမ်နေတော့ ဟိုက အယုံအကြည်ကိုမရှိတော့တာ သတိလဲ ထားကြပါအုန်း အရပ်ကတို့